Ads 468x60px
သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Saturday, February 16, 2013
Gmail / Gtalk ထဲမှာ မိမိကို သူများက ဘလော့ထားသလားဆိုတာ သိနိုင်တဲ့ ဆော့ဝဲလ်
ဒီဆော့ဝဲလေးက သူများက ဘလော့ထားလား သိနိုင်တဲ့ နည်းလေးပါ။ တခါတလေ
သူပေါ်မလာတာ ကြာပြီလို့  ထင်နေတာ လက်စသတ်တော့ ကိုယ့်ကို ဘလော့ထား
ဟိုဘက်မှ ဖလမ်းဖလမ်း လုပ်နေတာ အခုမှပဲ သိတော့တယ် ။အဲ့တော့ ကိုယ့်ထဲမှာ
အရင်က ရှိပြီး ပျောက်နေတဲ့ အကောင့်တွေ စစ်ကြည့်ပါ သူက တကယ်ပဲ မသုံးတာ
အွန်လိုင်းမလာတာလား  ( ဒါမှမဟုတ် ) ကိုယ့်အကောင့်ကို  သူက ဘလော့ထားပြီး
တဖက်မှာ ဖလမ်းဖလမ်း လုပ်နေသလား ဆိုတာ သိနိုင်ပါတယ် ။စစ်ချင်တဲ့သူတွေ
စစ်နိုင်စေဖို့ တင်ပေးလိုက်ပါတယ် ဆော့ဝဲအရင်ယူလိုက်ပါ.................................။
ဒီလင့်မှာ Download ယူပါ - Who block me on gtalk-Pidgin Softwere
ဆော့ဝဲအင်စတော လုပ်ပြီးပါက ပုံကို ကြည့်၍ စာများ အကောင့်များ ဖြည့်လိုက်ပါ
နမူနာကြည့်ဖြည့်ပါ  အကောင့်တက်လာပြီဆိုရင် ကိုယ်ရှာချင်တဲ့လူကို ရှာလိုက်ပါ
ပြီးရင် အကောင့်ပေါ်မှာ Right Click ထောက်ပြီး Get info ကိုနှိပ်ပါ ။ပုံရယ် စာတွေ
ပေါ်လာရင် အိုကေပီး ဘာမှ ပေါ်မလာဘူးဆိုရင် Block ထားတာပါ....................။
မူရင်းဆိုဒ်မှာ ကြည့်ကြည့်နိုင်ပါတယ် -http://www.hongkiat.com/bloed-you
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Wednesday, February 13, 2013
မြန်မာဘာသာပြန် နည်းပညာ Ebook ပေါင် ၂၀၀ကျော်
 ဒီစာအုပ်လေးတွေကိုရှာ တွေ့တာကတော့ ညီငယ် IT Helper ဖြစ်ပါတယ်။ ရှာတွေ့တယ်လို့
ပြောတာထက်ကို Website တစ်ခုရဲ့ Website Design အားနည်းချက်ကို ဖောက်ထားတာဖြစ်ပါတယ်။
မူရင်း ဆိုဒ်ပိုင်ရှင်ကတော့ ဒီစာအုပ်တွေကို အခကြေးငွေပေးပြီး ရောင်းတာပါ။ ဆိုဒ်ပိုင်ရှင်မသိခင်လေး
တော့မြန်မြန်ဒေါင်းယူထားကြပါနော်။ အမြဲတမ်းဒေါင်းလို့ရနေမှာမဟုတ်ပါဘူး။ ဆိုဒ်ပိုင်ရှင်သိသွားရင်
တော့ဒေါင်းလို့ရမှာမဟုတ်ပါဘူး။ 
Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
Step-2. "5sec". လောက်စောင့်ပေးပါ။
Step-3. "SKIP AD ".ကိုနှိပ်ပေးပါ။ 
Step-4. Download Link ကျလာပါလိမ့်မယ်။
အဆင်ပြေပါစေဗျာ။
ဒေါင်းလုပ်ဆွဲဖို့ Link ရှာမတွေ့ဘူးဆိုရင် အပေါ်က ပုံကိုကြည့်လိုက်ပါနော်။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Android Phone Root လုပ်နည်း အဆင့်ဆင့်
Root ဆိုတာ (တူးဖေါ်တာ)။ဖုန်းထဲမှာရှိနေတဲ့ Apps တွေကိုသုံးလို့ရအောင် ဖေါ်ထုတ်ပေးတာပါပဲ။
 ၁။ကွန်ပြူတာဖြင့် Superoneclick.zip ကိုဒေါင်းလုပ်ယူပါ။စက်ထဲမှာဘဲ Extract လုပ်ထားပါ။
၂။extract လုပ်ထားပြီး superoneclick ကိုဖွင်လိုက်ပါ။ဘောက်တခုတက်လာရင် Donate
 Later ကိုနှိပ်ပါ။
၃။Root လုပ်မဲ့ Android ဖုန်းကို usb cable ဖြင့် ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
ဖုန်းရဲ့ Menu>Setting>Application>Development  မှာ USB Debugging ကိုအမှန်ခြစ်ပေးပါ။
နောက် Menu> setting> SD Card & Phone Storage ကိုဝင်ပြီး unmount ဟုတ်မဟုတ်စစ်ပါ။                   
 ၄။ဖုန်းကို Volume Down နဲ့ Home Buttom ကို၁၀-စက္ကန်မျှ နှိပ်ထားပါ။Warning လို့တက်လာရင်
Volume Up နဲ့ Enter Download Mode ကိုဝင်ပါ။
၅။ဖုန်းကအသင့်ဖြစ်ရင် ကွန်ပြူတာမှာဖွင့်ထားတဲ့ superoneclick ဘောက်မှ Root ကိုကလစ်ပေးပါ။
Message တခုခုတက်လာလျှင် Ok ဘဲနှိပ်ပါ။
၆။Root ပြီးသွားရင် Process စာတန်းပေါ်လာပြီး Reboot လုပ်ခိုင်းပါမယ်။Reboot လုပ်လိုက်ပါ။
၇.ပါဝါပြန်ပွင့်လာတဲ့အခါ Screen မှာ Superuser ကိုတွေရင် Root လုပ်တာOK  ပါပြီ။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Android Phone/Tablet များတွင် Root လုပ်စရာမလိုဘဲ မြန်မာဖေါင့်ထည့်သွင်းနည်းစာအုပ်
ကိုနေမင်းမောင် ရေးသားခဲ့တဲ့ Android  Phone\ Tablet များတွင် Root လုပ်စရာမလိုဘဲ မြန်မာဖောင့်ထည့်သွင်းနည်း စာအုပ်ဖြစ်ပါတယ်။ အသုံးတည့်မည့် စာအုပ်ပါခင်ဗျာ....လိုအပ်ရင် အသုံးပြုရန် အောက်မှာ ဒေါင့်လော့လင့် တင်ပေးထားပါတယ်ခင်ဗျာ....။
Download Link:
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Tuesday, February 12, 2013
The teaching of the Buddha = ဘုရားရှင်၏ အဆုံးအမ
မကောင်းမှုပြုသောသူသည်  ဤဘ၀မှာလည်း စိုးရိမ်ရ၏၊
နောင်ဘ၀မှာလည်း စိုးရိမ်ရ၏၊
ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘ၀တို့မှာ စိုးရိမ်ရ၏၊
ထိုသူသည် မိမိပြုမိသော မကောင်းမှုကို မြင်၍
စိုးရိမ်ရ၊ ပူပန်ဆင်းရဲရ၏။ 
The evil-doer grieves here and hereafter; he grieves in both the worlds.
He laments and is afflicted, recollecting his own impure deeds. 
악행 자 여기 와 향후 슬픔 , 그는 세계에서 모두 우는 군.
그는 laments 과 고통 되고, 자신의 불순한 행위를 recollecting .
Pelaku kejahatan menyakitkan hati di sini dan akhirat ; dia menyakitkan hati di kedua-dua dunia .
Keluh beliau dan ditimpa , recollecting perbuatan jahat sendiri . 
ความชั่วร้าย กระทำ - ร่ำไห้ ที่นี่และ ต่อจากนี้ ; เขา ร่ำไห้ ทั้งในโลก
และ เขาก็ไม่วาย เป็นโรค รำลึกถึง การกระทำ ที่ไม่บริสุทธิ์ ของเขาเอง 
 惡人哀悼在這裡,此後,他哀悼在世界。
他感嘆道和折磨,回憶起自己的不純的事蹟。
ການ evil - doer grieves ນີ້ແລະ hereafter ; ເຂົາ grieves ໃນໂລກ ທັງສອງ .
ເຂົາ laments ແລະ ລໍາຄານ , recollecting deeds impure ເອງ . 
Злодея скорбит здесь и далее , он скорбит в обоихмирах.
Он жалуется и страдает , вспоминая свои поступки нечистой. 
 ဘာသာပြန်ဆော့ဝဲလ်ဖြင့် ကျန်ဘာသာများကို ပြန်ထားခြင်းဖြစ်သောကြောင့် လွဲနေလျှင် အမှန်ကို ကွန်မန့်ပေးခဲ့ပါရန် လေးစားစွာဖြင့် တောင်းဆိုပါသည်။ 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
ထာဝရဘုရားသခင် ငိုရလေပြီ
ဒီဆောင်းပါးလေးဟာ မူရင်းမဟုတ်ကြောင်း ၀န်ခံပါရစေ။ မူရင်းတွေ့ရင်လည်း နေရာလေး ညွှန်ပြကြစေလိုပါတယ်ခင်ဗျာ။ မည်သူရေးသည်ကိုလည်း မသိလို့ ဖော်မပြခြင်း ဖြစ်ပါသည်။ ယခုအကြောင်းအရာသည် ပြီးပြည့်စုံမှုမရှိပါက ကျနော့်၏ အားနည်းချက်အပြစ်သာ ဖြစ်ပါကြောင်း.......။
ဒီစာရေးသူ၏ စိတ်ကူးပုံဖော်မှုကို သဘောကျလို့ တစ်ဆင့်ကြားဖြင့် ရေးသားမျှဝေလိုက်ရပါတယ်။ မည့်သူ့ကိုမျှ ပုတ်ခတ်လိုစိတ် (လုံးဝ၊ လုံးဝ) မပါရှိပါကြောင်း......။
တစ်နေ့မှာ အမေရိကန်သမ္မတ၊ တရုတ်သမ္မတ နှင့် မြန်မာနိုင်ငံသမ္မတတို့ သုံးဦး ထာဝရဘုရား သခင်ထံ မိမိတို့ သိလိုရာတွေ သွားရောက်မေးမြန်းလျှောက်ထားကြပါတယ်။ ထာဝရဘုရားသခင်က သိလိုရာများရှိက လာရောက်မေးမြန်းနိုင်ကြောင်း မိန့်တော်မူခဲ့လို့ဖြစ်ပါတယ်။
အမေရိကန်သမ္မတကြီးက စတင်မေးမြန်းပါတယ်။
အမေရိကန်သမ္မတ ။အမေရိကန်နိုင်ငံသည် စစ်ဘက်မှာ ပြန်ဘက်မရှိ တစ်ကမ္ဘာလုံးကို ဘယ်အချိန်လောက်များ လွှမ်းမိုးနိုင်ပါမလဲ အရှင်မြတ်။
ထာဝရဘုရားသခင် ။တစ်နေ့နေ့တော့ အသင်တောင့်တတဲ့ ဆန္ဒများ ပြည့်စုံလာပါလိမ့်မယ်။ ဒါပေမဲ့ သင့်တစ်သက်တော့မမီတော့ဘူး။ နောက်နောက်လူတွေလက်ထက်မှာ ဖြစ်လာလိမ့်မယ်။
ဒုတိယ- တရုတ်သမ္မတကြီးက မေးပါတယ်။
တရုတ်သမ္မတ ။ဘယ်အချိန်လောက်မှာ တစ်ကမ္ဘာလုံးကို စီးပွါးရေးနဲ့ ချုပ်ကိုင်နိုင်ပါ့မလဲ အရှင်မြတ်။
ထာဝရဘုရားသခင် ။အထက်ပါအတိုင်းပဲ မိန့်တော်မူလိုက်ပါတယ်။
နောက်ဆုံး- မြန်မာနိုင်ငံသမ္မတကြီးက မေးမြန်းပါတယ်။
မြန်မာနိုင်ငံသမ္မတ ။မြန်မာနိုင်ငံကြီးသည် ဘယ်အချိန်လောက်မှာ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာများ တိုးတက်ပြောင်းလဲလာမလဲ အရှင်မြတ်။
ထာဝရဘုရားသခင် ။ဘုရားသခင်ဟာ သမ္မတကြီးမေးခွန်းအဆုံးမှာ ရုတ်တရက် ငိုပါတော့တယ်။ သမ္မတကြီးသုံးယောက် အံ့သြစွာနဲ့ ဘာ့ကြောင့်ငိုရတာလဲလို့ မေးမြန်းလျှောက်ထားကြတဲ့အခါ........
ဘုရားသခင်က အခုလိုသာ ဆက်လုပ်ဆောင်သွားမယ်ဆိုရင် မြန်မာနိုင်ငံကြီးဟာ အများကြီး တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။ ဒါပေမဲ့ ၀မ်းနည်းတာက အဲဒီလို တိုးတက်ပြောင်းလဲချိန်ကို ငါမမီတော့လို့ ငိုကြွေးရခြင်း ဖြစ်ပါတယ်တဲ့ခင်ဗျာ။
လိုအပ်ချက်များကို သည်းခံပေးကြပါရန် မေတ္တာရပ်ခံလျှက်...........
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Monday, February 11, 2013
အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ
လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရပါတယ်။
အင်္ဂါနေ့က ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ တွေ့ရတဲ့ Facebook ဘော့စ် မက်ဇက်ကာဘက် (ဓာတ်ပုံ - Reuters)
Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။
အဲဒါကတော့ .. အမေရိကမှာရှိတဲ့ iPhones အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့စနစ်ကို Facebook Messenger နဲ့ စတင်အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။
အသုံးပြုလိုသူတွေအနေနဲ့  iPhone အတွင်းမှာ Facebook Messenger ကို ထည့်သွင်းထားရပါမယ်၊ ပြီးတော့ ၀ိုင်ဖိုင် ( Wifi ) သို့ မဟုတ် ဆယ်လူလာ ဒေတာ ကွန်နက်ရှင် (cellular-data connection)လိုအပ်ပါတယ်။
Facebook တာဝန်ရှိသူတွေကတော့ ဒီလို အခမဲ့ခေါ်ဆိုတာတွေကို Andriod နဲ့  BlackBerry ဖုန်း အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်အောင်လည်း
ပြင်ဆင်နေပါပြီ။ မကြာခင်မှာ Facebook Messenger နဲ့ ပဲ ဖရီး ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်တော့မှာပါ တဲ့။
iPhone သမားတွေက Facebook Messenger နဲ့ ဖုန်းခေါ်မယ် ဆိုရင်
- ကိုယ်စကားပြောချင်တဲ့သူရဲ့ နာမည်ကို နှိပ်။
- အပေါ်ဆုံး နဲ့  ညာဘက်ထောင့်က “i “ ဆိုတဲ့ ဟာလေးကို နှိပ်ပြီး “Free Call” ကို ရွေးချယ်လိုက်ရုံပါပဲ။
ဒါဆို ကိုယ်ဖုန်းပြောလိုသူနဲ့ ကြိုက်သလောက် အခမဲ့ပြောပေတော့။
ခြွင်းချက်အနေနဲ့ တော့ ဖုန်းခေါ်ဆိုသူအနေနဲ့  သူကိုယ်တိုင်လည်း iPhone အသုံးပြုပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်သလို တဖက်ကလည်း လက်ခံစကားပြောဖို့  iPhone အတွင်းမှာ Facebook Messenger ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။
အမေရိကမှာရှိတဲ့ Facebook အသုံးပြုသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။ သူတို့ဆီက Facebook က မိတ်ဆွေသူငယ်ချင်းများ အခမဲ့ ဖုန်းပြောနိုင်ဖို့ အခွင့်အရေးရပါပြီ။
အာရှဒေသ အပါအ၀င် တခြားနိုင်ငံများမှာတော့ ဒီ ဖရီးဖုန်းခေါ်ဆိုတာမျိုး ဘယ်တော့ ဖြစ်လာမယ် ဆိုတာကို Facebook ကပြောကြားခဲ့ခြင်း မရှိပါဘူး။
အမေရိကရောက် မြန်မာတွေအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger ကို အောက်ပါ လင့် မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
VIDEO တွေကို.. 3D ပြောင်းမယ့် AISEESOFT 3D CONVERTER.6.3.12 +PATCH
သူကတော့...ရိုးရိုး 2D ရုပ်ရှင်တွေကို 3 D ပြောင်းတဲ့ Software ပါ..........
File Type တော်တော်များများကိုပြောင်းပစ်နိုင်ပါတယ်......
ရိုးရိုးရုပ်ရှင်တွေကို ထိုင်ကြည့်နေတာနဲ့စာရင်.3D လေးနဲ့ ကြည့်တော့..ပိုကောင်းတာပေါ့....
ရုပ်ရှင်ရုံတွေထဲမှာလို...မျက်မှန်တပ်ကြည့်ချင်ရင်တော့.......မျက်မှန်အဟောင်းတစ်လက်ကိုယူ....
တစ်ဖက်မှာ ..မှင် အနီသုတ်.....တစ်ဖက်မှာ.......မှင်အပြာသုတ်လိုက်ပေါ့........  :D..
ထူးထူးဆန်းဆန်းတွေစိတ်ဝင်စားတဲ့..သူငယ်ချင်းများအတွက်...အသုံးဝင်ပါလိ့မ်မယ်.......
Patch လည်း ပါတဲ့ အတွက်.......အဆင်ပြေမယ်လို့ ထင်ပါတယ်....
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Gtalk Setting တွင် မြန်မာစာပြောင်းသော်လည်း မြန်မာစာမပေါ်ခြင်းပြဿနာ
Gtalk Setting မှာ မြန်မာစာလည်း ပြောင်းပြီးသွားပြီ.. ဒါပေမယ့် Gtalk မှာ စာရိုက်တဲ့အခါ တုံးလေးတွေပဲပေါ်တယ်.. Enter ခေါက်လိုက်ရင်တော့ မြန်မာစာက ပေါ်ပြန်ရောဗျာ.. ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ.. ဒါ ညီငယ်တစ်ယောက် မေးလာတာပါ.. Windows 7 မှာ အဖြစ်များတတ်ပါတယ်..
ကျွန်တော် လေ့လာမိသလောက် အဓိက ပြဿနာက Windows မှာ ပါလာတဲ့ IE (Internet Explorer) ကြောင့်ဖြစ်တာပါ.. ဒါ ကျွန်တော် သိတာကိုပြောတာနှော်.. ပညာရှင်တွေဖတ်မိရင်လည်း ဆရာလုပ်တယ်မထင်ပါနဲ့.. တစ်ခြားနည်း မသိသေးပါဘူး..
ဒီလိုဖြေရှင်းလိုက်ပါ..
1.Start ထဲက Control Panel ကိုနှိပ်ပါ..
2.Control Panel ဘောက်ထဲမှာ Network and Internet ကိုနှိပ်ပါ..
3.ပေါ်လာတဲ့စာမျက်နှာမှာ ညာဘက်ခြမ်းက Internet Option ကိုနှိပ်ပါ..
4.Internet Option Box ထဲမှာ Fonts ဆိုတဲ့ Button လေးကို ထပ်နှိပ်ပါ.
5.ပေါ်လာတဲ့ဘောက်ကလေးထဲက ဘယ်ဘက်ခြမ်းလေးမှာ Zawgyi One ကိုရွေးပြီး OK နှိပ်ပါ.. 
ဒီအဆင့်က Control Panel ထဲက Network Setting ကိုချိန်ညှိလို့ပြီးပါပြီ..
နောက်ထပ် Gtalk Setting ကို ထပ်ချိန်ရပါအုံးမယ်..
1.Gtalk ကိုဖွင့်ပါ..
2.Setting ကိုနှိပ်ပါ..
3.Gtalk Setting ကိုရောက်သွားရင် Fonts ကိုနှိပ်ပြီး Zawgyi One ကိုနှိပ်ပြီး OK လုပ်ပါ..
ဒါဆိုရင် အဆင်ပြေပါပြီ...  
မောင်ပေါက်ဘလော့မှ တစ်ဆင့်ပြန်လည်မျှဝေပါသည်။ 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Software တွေ Active ဖြစ်ဖို့ Time Stopper
သိပ်ကြိုက်တယ်.. သိပ်လည်း သုံးလို့ကောင်းတယ်ဆိုတဲ့ Software တွေကိုဒေါင်းပြီး Key လည်းမရ. Keygen လည်းမတွေ့. Patch ဆိုတာလည်း ဘယ်ဆီနေမှန်းမသိ.. Trial Version ဆိုတော့ သတ်မှတ်ကာလလည်း ပြည့်ခါနီးပြီ. ဒီလိုနဲ့ သိပ်ကြိုက်တဲ့ Software တစ်ခုကို လက်လွှတ်လိုက်ရတော့မှာလား.. မစိုးရိမ်ပါနဲ့ အခုတင်ပေးလိုက်တဲ့ Time Stopper ကို Run လိုက်ပါ. Browse ထဲကနေ ကိုယ့် Software ရဲ့ Target ထဲကနေ မူရင်း exe ဖိုင်ကို ခေါ်လိုက်ရုံနဲ့ အဲဒီ Trial Version က Expire မဖြစ်တော့ဘူး.. မကောင်းဘူးလားဗျာ..
ကဲကဲ.. အောက်မှာအောက်မှာ... မျက်စိလည်မှာစိုးလို့ စာလုံးအကြီးကြီးနဲ့ လင့်လုပ်ပေးထားတယ်.. :D
Download Links:
  • Box
  • Solidfiles
  • Zippyshare
    တစ်ဆင်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မောင်ပေါက်ဘလော့မှ 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Samsung / Huawei / HTC phone များ Root လုပ်ကြမယ် (a key Brush Hou Anzhuo)
ကဲဒီမှာလာပြန်ပြီနောက် PC Suite ထဲက Root Tool တစ်မျိုး။ Root Tool တွေကလဲ များမှများ။ ဘာပဲဖြစ်ဖြစ်ဆောင်ထားပေါ့။ လိုရင်ထုတ်သုံးရုံပဲ။ China Root Tools တွေကလဲအထင်သေးလို့မရဘူး။ ဒီမှာက သူတို့တွေကိုပဲအားကိုးနေရတာ။ Chinese Language တောင်သင်ထားရမလိုပဲ။ ဒီ tool ကတော့ PC Suite တမျိုးပါပဲ။ သူ့ကို Install လုပ်ရင် Internet Connection ရှိနေပါစေ။ Complete ဖြစ်အောင် သူ့ဟာသူ Download လုပ်ပါသေးတယ်။ Installation Complete ပြီးရင်တော့ Suite ထဲမှာ Tools တွေကစုံမှစုံ။ အများကြီးပဲ။ ဘယ်ဖုန်းတွေရတယ်ဆိုတာတော့ အကုန်မသိသေးဘူး။ သုံးပြီးလို့ အဆင်ပြေရင်လည်း ပြန်ရှဲပေးကြပါအုံး။ ဒီ Tool ကိုသုံးမယ်ဆိုရင် ဒါလေးတွေတော့ သိထား/ဆောင်ထားရမယ်လို့ ဆိုပါတယ်။
* A key Brush Assistant only supports S-OFF models S-On inflicted the first S-OFF.
* Phone driver must also be installed.
* Hou Anzhuo Brush no problem. ROOT, automatic adaptation Recovery, automatic brush Recovery, automatic brush ROM only need to wait on it.
* In PC there is net framework4 install.
* Run Brush tool will automatically identify your machine and enter the main page, if you did not install the driver, but also automatically install the drivers.
လိုချင်တယ်/ဆောင်ထားချင်တယ်ဆိုရင်တော့
ဒီမှာ
ဒီမှာ
 ဒေါင်းပါ။
တစ်ဆင့်ပြန်လည်မျှဝေးခြင်းဖြစ်ပါသည်။ 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Saturday, February 9, 2013
လမင်းပျောက်ကွယ် အားမငယ်နဲ့ ကြယ်တွေလမ်းပြပေးလိမ့်မယ်။ ကြယ်ရောင်မလတ် စိတ်မပျက်နဲ့ မီးခွက်လမ်းပြပေးလိမ့်မယ်။ မီးခွက်မပါ လက်ဗလာမို့ သင့်မှာ ကြေကွဲ ၀မ်းနည်းစရာ မလိုပါဘူး။ သဘာဝလျှင် သင့်ရင်ခွင်မှာ မိခင်ပေးထား ကြီးမားသည့်ဇွဲ ရဲသည့်စိတ်ဓာတ် မြင့်မြတ်အားမာန် စစ်မှန်လေးနက် ယုံကြည်ချက်တွေ သင့်အတွက် ခွန်အား အဖော်များပေါ့။ အရုဏ်ဦးကို စောင်မျှော်ကြိုဖို့ ညဥ့်ကိုဖြတ်ကာ လျှောက်ရမှာပဲ။ ရဲရဲသာလျှောက် လမ်းမပျောက်နဲ့။ မိုးသောက်ရောင်နီလာတော့မယ်။ The word impossible cannot be found in my dictionary. (နပိုလီယံ)
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Monday, February 4, 2013
အသားအရေခြောက်လျှင် သဘာဝနည်းဖြင့် စိုပြေအောင်လုပ်နည်း
အေးမြတဲ့ရာသီဥတုနဲ့အတူ ကျွန်မတို့ရဲ့ အရေပြားတွေဟာ သိသိသာသာ ခြောက်သွေ့လာပြီး တချို့သူတွေမှာ အသားပပ်တာ၊ ဆံသားတွေ ခြောက်သွေ့ တာနဲ့  နှုတ်ခမ်းကွဲတာတွေပါ ဖြစ်လာတတ် ပါတယ်။
လေထုစိုထိုင်းဆ လျော့ပါးလာတာကြောင့် အသားအရေတွေ ခြောက်သွေ့လာရတာပါ။ အသားအရေခြောက်သွေ့နေလို့ စိတ်ညစ် နေသူတို့အတွက် အသားအရေခြောက်သွေ့ မှုသက်သာစေဖို့ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ သဘာဝနည်းတွေကို ဖော်ပြလိုက်ရပါတယ်။
၁။ သံလွင်ဆီစစ်စစ် လိမ်းပါ
တံတောင်ဆစ်၊ ဒူးခေါင်း၊ ခြေသလုံး စတဲ့နေရာတွေက တခြားအရေပြားတွေထက် ပိုခြောက်သွေ့နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ခြောက်သွေ့လွန်းတဲ့ အရေပြားနေရာတွေမှာ အစိုဓာတ်ထိန်းအလှဆီ (Moisturizer) မလိမ်းခင် သံလွင်ဆီစစ်စစ် ခပ်ပါးပါးလိမ်းပေးပါ။ ညဘက်မှာလည်း သံလွင်ဆီစစ်စစ်ကို လိမ်းပြီးမှ အိပ်သင့်ပါတယ်။
၂။ ဒိန်ချဉ်နှင့် သင်္ဘောသီးကဲ့သို့ သဘာဝချေးချွတ်ပစ္စည်းသုံးပါ
သင့်အိမ်က မီးဖိုချောင်ထဲမှာ ခြောက်သွေ့တဲ့ အသားအရေကို ကုသနိုင်တဲ့ သဘာဝ ပစ္စည်းတွေ အများကြီးရှိနေပါတယ်။ ဒိန်ချဉ်အလွတ်မှာ ခြောက်သွေ့တဲ့ အရေပြားကို သန့်စင်စေတဲ့ ကြေးချွတ်အာနိသင် ပါဝင်နေပါတယ်။ ဒါ့အပြင် အရေပြားကို သန့်စင်လန်းဆန်းစေပြီး သက်သောင့်သက်သာ ရှိစေပါတယ်။ ပြုလုပ်နည်းကတော့ ဒိန်ချဉ်ခွက်တစ်ဝက်ကို ကြိတ်ခြေထားတဲ့ သင်္ဘောသီး ထမင်းစားဇွန်း သုံးဇွန်းနဲ့ ရောမွှေပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။
၃။ အိမ်တွင်းလုပ် အရေးပြားချေးချွတ်နည်းသုံးပါ
သကြားနဲ့ အဆီတွေကိုရောပြီး ခြောက်သွေ့တဲ့ အရေပြားပေါ်မှာ လိမ်းပြီး ကြေးချွတ် ပေးတာက အသားအရေကို ချောမွေ့ကာ သန့်စင်စေပါတယ်။ ပြုလုပ်နည်းကတော့ အညိုရောင်သကြားမှုန့်နဲ့ အဆီတစ်မျိုးကို ညီတူမျှတူ ရောမွှေကာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ကြေးချွတ်ပေးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် အပိုရရှိစေဖို့ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းရောထည့်ပြီး သံပရာရည် တစ်စက်-နှစ်စက်လောက် ထည့်ပေးနိုင်ပါတယ်။
၎။ ပျားရည်၏ အနာကျက်စွမ်းအားကို အသုံးပြုပါ
ပျားရည်ဟာ အက်ကွဲနေတဲ့ နှုတ်ခမ်းသားတွေကို ကောင်းကောင်း အနာကျက် စေနိုင်ပါတယ်။ မအိပ်ခင်မှာ နှုတ်ခမ်းသားတွေပေါ်ကို ပျားရည်စစ်စစ် အနည်းငယ် လိမ်းပေးလိုက်ပါက နိုးလာချိန်မှာ ချောမွေ့ပြည့်တင်းတဲ့ နှုတ်ခမ်းသားတွေကို ရရှိစေပါတယ်။ ပျားရည်ဟာ အက်ကွဲနေတဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်တွေကိုလည်း ချောမွေ့စိုပြည်စေပါတယ်။
၅။ ဆံကေသာ ခြောက်သွေ့မှုအတွက် သဘာဝကုထုံးကို သုံးပါ
သင့်ဆံပင်တွေ ခြောက်သွေ့နေရင် ကြက်ဥ ဒါမှမဟုတ် ဘဲဥအနှစ်တစ်လုံးကို ဆံပင်သားနဲ့ ဦးရေပြားပေါ်ကို လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါဟာ ဆံပင်ကျွတ် သက်သာ စေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။ ရေဆေးပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ကာ သံလွင်ဆီနဲ့ ထောပတ်သီးရောမွှေထားတဲ့ အရောအနှောကို ဆံပင်သားပေါ် လိမ်းပါ။ ခေါင်းစွပ်စွပ်ထားရင်း အချိန် ၁၅ မိနစ်ခန့်ထားပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။
၆။ အတွင်းအရေပြားကို ကုသရန် မမေ့ပါနှင့်
မဂ္ဂနီဆီယမ်၊ မရှိမဖြစ် ဖက်တီးအက်စစ် (Essential Fatty Acid)၊ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်း စတာတွေ ပါဝင်တဲ့ အစားအသောက်တွေ စားတာက ခန္ဓာကိုယ်ထဲက အရေပြားကိုပါ ကျန်းမာစိုပြည်စေပြီး အရေပြားခြောက်သွေ့မှု လျော့နည်းစေပါတယ်။ အမည်းရောင် ချောကလက်၊ ဆယ်လ်မွန်ငါးလို အဆီများတဲ့ငါး၊ လိမ္မော်သီး၊ သရက်သီးနဲ့ မုန်လာဥနီစတဲ့ အစားအသောက်တွေနဲ့ အသားအရေ စိုပြည်ကျန်းမာအောင် ဂရုစိုက်သင့် ပါတယ်။
တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Sunday, February 3, 2013
လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးပြုပုံ (၂၅) မျိုး
လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေးအကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
 (၁) လက်ဖက်ရည်ကြမ်းနှင့် ကင်ဆာ လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓါတ်တိုးဆန့် ကျင်ပစ္စည်းဟာ ဗီတာမင်စီထက် စွမ်းအား ၁ဝဝ ဆ သာပြီး၊ ဗီတာမင်အီးထက် ၂၅ ဆသာပါတယ်။ လက်ဖက်ရည်ကြမ်းဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ကင်ဆာနဲ့ဆက်နွယ်နေတဲ့ ဆဲပျက်ဆီးခြင်းကို ကာကွယ်ပေးပါတယ်။
(၂) လက်ဖက်ရည်ကြမ်းနှင့် နှလုံးရောဂါ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာကိုလက်စထရောကိုကျဆင်းစေတာကြောင့် နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ရာရောက်ပါတယ်။ နှလုံးရောဂါခံစားနေရသူတွေဆို ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးဆဲလ်ကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေပါတယ်။
(၃) လက်ဖက်ရည်ကြမ်းနှင့် အိုမင်းရင့်ရော်ခြင်း လက်ဖက်ရည်ကြမ်းမှာပါတဲ့ ပိုလီဖီနော ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ပါးရည်တွန့်ခြင်း၊ အသားအရေပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ ဖရီးရာတီကယ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေကို တိုက်ဖျက်ပေးပြီး အသက်ရှည်စေပါတယ်။
(၄) လက်ဖက်ရည်ကြမ်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း ထိရောက်စွာ ကူညီပေးပါတယ်။ အဆီတွေကိုလောင်ကျွမ်း သွားစေပြီး၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ လက်ဖက်ရည်ကြမ်းဟာ တနေ့ကို ကယ်လိုရီ ၇ဝ လျှော့ချပေးနိုင်ပြီး တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ပေါင် လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ 
(၅) လက်ဖက်ရည်ကြမ်းနှင့် အသားအရေ လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အသားအရေကို ပျက်စီးစေတဲ့ ဖရီးရာဒီကယ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ 
(၆) လက်ဖက်ရည်ကြမ်းနှင့် အဆစ်ရောင်နာ လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့် အဆစ်နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်ပြီး၊ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲသည့်ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။ အရိုးနုတွေကို ပျက်စီးစေတဲ့ အင်ဇိုင်းပိတ်ဆို့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 
(၇) လက်ဖက်ရည်ကြမ်းနှင့် အရိုး လက်ဖက်ရည်ကြမ်းမှာ ဖလူအိုရိုက်ဒ် ဒြပ်ပေါင်းမြင့်မားစွာပါဝင်တာကြောင့် အရိုးကို သန်မာစေနိုင်ပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဖြင့် အရိုးကို သိပ်သည်းကျစ်လစ်စေပါတယ်။ 
(၈) လက်ဖက်ရည်ကြမ်းနှင့် ကိုလက်စထရော လက်ဖက်ရည်ကြမ်းဟာ ကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောနဲ့ မကောင်းတဲ့ကိုလက်စထရောတို့ရဲ့ အချိုးအစားကို မျှတကောင်းမွန်လာနိုင်တဲ့အစွမ်း ရှိပါတယ်။ 
(၉) လက်ဖက်ရည်ကြမ်းနှင့် အဝလွန်ခြင်း လက်ဖက်ရည်ကြမ်းဟာ အဆီဆဲလ်အတွင်း သကြားဓါတ်ရွှေ့လျားမှုကို ရပ်တန့်စေခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကိုစား၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လက်ဖက်ရည်ကြမ်းသောက်ပေးမယ်ဆိုရင်တော့ အဝလွန်ခြင်းဖြစ်လာနိုင်စရာ လုံးဝမရှိပါဖူး။ 
(၁ဝ) လက်ဖက်ရည်ကြမ်းနှင့် သွေးချိုရောဂါ လက်ဖက်ရည်ကြမ်းဟာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး သွေးတွင်းသကြားပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်းကို ကာကွယ်ပေးပါတယ်။ 
 (၁၁) လက်ဖက်ရည်ကြမ်းနှင့် အယ်လ်ဇိုင်းမားစ် လက်ဖက်ရည်ကြမ်းဟာ မှတ်ဥာဏ်စွမ်းအားကို ကောင်းမွန်လာစေတဲ့အစွမ်းရှိတာကြောင့် မှတ်ဥာဏ်ချို့ယွင်းလာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားစ်ရောဂါကို သက်သာစေပါတယ်။ အယ်လ်ဇိုင်းမားစ်ရောဂါကို ကုသနိုင်ခြင်းမရှိပေမယ့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ဦးတည်နေတဲ့ ဦးနှောက်တွင်း ဖြစ်စဉ်တစ်ခုကို နှောင့်နှေးစေနိုင်တဲ့အစွမ်း လက်ဖက်ရည်ကြမ်းမှာ ရှိပါတယ်။ 
(၁၂) လက်ဖက်ရည်ကြမ်းနှင့် ပါကင်ဆန် လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အကြောအားနည်း၍ ခြေတုန်လက်တုန်ကိုဖြစ်စေတဲ့ ဦးနှောက်တွင်းဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့သူတွေမှာ ခြေတုန်လက်တုန်ရောဂါဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။ 
(၁၃) လက်ဖက်ရည်ကြမ်းနှင့် အသဲရောဂါ လက်ဖက်ရည်ကြမ်းဟာ အသဲပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေအတွက် အတွင်းအင်္ဂါအစားထိုးကုသမှု မရနိုင်ခြင်းကို တားဆီးပေးပါတယ်။ အသဲအဆီတွင်းမှာရှိတဲ့ အန္တရာယ်ပေးတဲ့ ဖရီးရာဒီကယ်တွေကို ဖျက်စီးပစ်ကြောင်း သုတေသနအတော်များများက တွေ့ရှိခဲ့ပါတယ်။ 
(၁၄) လက်ဖက်ရည်ကြမ်းနှင့် သွေးတိုးရောဂါ သွေးအရမ်းတက်ခြင်းကိုကာကွယ်ပေးပါတ်။ သွေးတိုးခြင်းကိုဖြစ်ပေါ်စေတဲ့ angiotensin တွေကို နှိပ်ကွပ်ပေးခြင်းဖြင့် သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။
(၁၅) လက်ဖက်ရည်ကြမ်းနှင့် အစာအဆိပ်သင့်ခြင်း လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ catechin ဓါတ်ဟာ အစာအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားနဲ့ အဲဒီဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့ အဆိပ်ဓါတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။ 
(၁၆) လက်ဖက်ရည်ကြမ်းနှင့် သွေးတွင်းသကြားဓါတ် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ မြင့်မားလာတဲ့ သွေးတွင်းသကြားဓါတ်ကို လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနောနဲ့ ပိုလီဆက်ချာရိုက်ဓါတ်တို့က ထိရောက်စွာ ကျဆင်းစေပါတယ်။ 
(၁၇) လက်ဖက်ရည်ကြမ်းနှင့် ကိုယ်ခံစွမ်းအား လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနော်နဲ့ ဖလာဗီနွိုက်ဓါတ်ပေါင်းဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်ပေးနိုင်တာကြောင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေပါတယ်။
(၁၈) လက်ဖက်ရည်ကြမ်းနှင့် အအေးမိ၊ဖျားနာ လက်ဖက်ရည်ကြမ်းသောက်ပေးခြင်းဖြင့် အအေးမိ၊ ဖျားနာခြင်းကို ကာကွယ်နိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဗီတာမင်စီဟာ သာမာန်ဖျားနာခြင်းကို ကုသနိုင်တဲ့အစွမ်းရှိပါတယ်။
(၁၉) လက်ဖက်ရည်ကြမ်းနှင့် ပန်းနာရင်ကျပ် လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ theophyline ဟာ အသက်ရှုလေပြွန်ကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို ပြေလျှော့စေတာကြောင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်။ 
(၂ဝ) လက်ဖက်ရည်ကြမ်းနှင့် နားရောဂါ လက်ဖက်ရည်ကြမ်းဟာ နားရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ချည်စလေးကိုလုံးပြီး လက်ဖက်ရည်ကြမ်း စွတ်ပြီး နားတွင်းသန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။
(၂၁) လက်ဖက်ရည်ကြမ်းနှင့် ရေယုန် လက်ဖက်ရည်ကြမ်းဟာ ရေယုန်ရောဂါအတွက် ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ နှပ်ထားတဲ့ လက်ဖက်ရွက်ကို ရေယုန်ပေါ် လိမ်းပေးပြီး ခြောက်သွားအောင်ထားလိုက်ပါ။
(၂၂) လက်ဖက်ရည်ကြမ်းနှင့် သွားပျက်စီးမှု ခံတွင်းရောဂါကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးအမျိုးမျိုးကို ချေဖျက်ပေးပါတယ်။ ခံတွင်းနံ့ဆိုးဝါးမှုကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုကိုလည်း လျှော့ချပေးပါတယ်။
(၂၃) လက်ဖက်ရည်ကြမ်းနှင့် စိတ်ဖိစီးမှု လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ L-theanine ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို လျော့ကျဖြေဖျောက်ပေးနိုင်ပါတယ်။
(၂၄) လက်ဖက်ရည်ကြမ်းနှင့် ဓါတ်မတည့်ခြင်း လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ EGCG ဟာ ဓါတ်မတည့်မှုဖြစ်ခြင်းကို သက်သာစေပါတယ်။ ဓါတ်မတည့်ကို ခံစားနေရပြီဆိုရင်တော့ လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ 
(၂၅) လက်ဖက်ရည်ကြမ်းနှင့် HIV ဂျပန်သုတေသနပညာရှင်တွေဟာ လက်ဖက်ရည်ကြမ်းမှာပါတဲ့ EGCG ဓါတ်ဟာ HIV ပိုးတွေ ကောင်းတဲ့ခုခံအားဆဲလ်တွေဆီ ပေါင်းစည်းခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဒါဟာ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့် HIVပိုးပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။
တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
ကိုယ်သင်းနံ့လေးမွှေးနေစေဖို့ (အမျိုးသားများအတွက်)
လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။ ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိကအကြောင်းအရာတွေ လို့ လေ့လာတွေ့ရှိရပါတယ်။ ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။ ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့
တစ်ကိုယ်ရေသန့်ရှင်းရေးကအလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူး စတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။ အဲ့ဒီလောက်အထိ ဆိုးမသွားစေနဲ့နော် ချွေးနံ့သက်သာစေမည့် နည်းလမ်းများ - ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။ - မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့ သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။ - ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။ - ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...
ဝန်ခံခြင်း
ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။