Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, February 12, 2013

ထာဝရဘုရားသခင် ငိုရလေပြီ

ဒီဆောင်းပါးလေးဟာ မူရင်းမဟုတ်ကြောင်း ၀န်ခံပါရစေ။ မူရင်းတွေ့ရင်လည်း နေရာလေး ညွှန်ပြကြစေလိုပါတယ်ခင်ဗျာ။ မည်သူရေးသည်ကိုလည်း မသိလို့ ဖော်မပြခြင်း ဖြစ်ပါသည်။ ယခုအကြောင်းအရာသည် ပြီးပြည့်စုံမှုမရှိပါက ကျနော့်၏ အားနည်းချက်အပြစ်သာ ဖြစ်ပါကြောင်း.......။
ဒီစာရေးသူ၏ စိတ်ကူးပုံဖော်မှုကို သဘောကျလို့ တစ်ဆင့်ကြားဖြင့် ရေးသားမျှဝေလိုက်ရပါတယ်။ မည့်သူ့ကိုမျှ ပုတ်ခတ်လိုစိတ် (လုံးဝ၊ လုံးဝ) မပါရှိပါကြောင်း......။

တစ်နေ့မှာ အမေရိကန်သမ္မတ၊ တရုတ်သမ္မတ နှင့် မြန်မာနိုင်ငံသမ္မတတို့ သုံးဦး ထာဝရဘုရား သခင်ထံ မိမိတို့ သိလိုရာတွေ သွားရောက်မေးမြန်းလျှောက်ထားကြပါတယ်။ ထာဝရဘုရားသခင်က သိလိုရာများရှိက လာရောက်မေးမြန်းနိုင်ကြောင်း မိန့်တော်မူခဲ့လို့ဖြစ်ပါတယ်။

အမေရိကန်သမ္မတကြီးက စတင်မေးမြန်းပါတယ်။
အမေရိကန်သမ္မတ ။အမေရိကန်နိုင်ငံသည် စစ်ဘက်မှာ ပြန်ဘက်မရှိ တစ်ကမ္ဘာလုံးကို ဘယ်အချိန်လောက်များ လွှမ်းမိုးနိုင်ပါမလဲ အရှင်မြတ်။
ထာဝရဘုရားသခင် ။တစ်နေ့နေ့တော့ အသင်တောင့်တတဲ့ ဆန္ဒများ ပြည့်စုံလာပါလိမ့်မယ်။ ဒါပေမဲ့ သင့်တစ်သက်တော့မမီတော့ဘူး။ နောက်နောက်လူတွေလက်ထက်မှာ ဖြစ်လာလိမ့်မယ်။

ဒုတိယ- တရုတ်သမ္မတကြီးက မေးပါတယ်။
တရုတ်သမ္မတ ။ဘယ်အချိန်လောက်မှာ တစ်ကမ္ဘာလုံးကို စီးပွါးရေးနဲ့ ချုပ်ကိုင်နိုင်ပါ့မလဲ အရှင်မြတ်။
ထာဝရဘုရားသခင် ။အထက်ပါအတိုင်းပဲ မိန့်တော်မူလိုက်ပါတယ်။

နောက်ဆုံး- မြန်မာနိုင်ငံသမ္မတကြီးက မေးမြန်းပါတယ်။
မြန်မာနိုင်ငံသမ္မတ ။မြန်မာနိုင်ငံကြီးသည် ဘယ်အချိန်လောက်မှာ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာများ တိုးတက်ပြောင်းလဲလာမလဲ အရှင်မြတ်။
ထာဝရဘုရားသခင် ။ဘုရားသခင်ဟာ သမ္မတကြီးမေးခွန်းအဆုံးမှာ ရုတ်တရက် ငိုပါတော့တယ်။ သမ္မတကြီးသုံးယောက် အံ့သြစွာနဲ့ ဘာ့ကြောင့်ငိုရတာလဲလို့ မေးမြန်းလျှောက်ထားကြတဲ့အခါ........
ဘုရားသခင်က အခုလိုသာ ဆက်လုပ်ဆောင်သွားမယ်ဆိုရင် မြန်မာနိုင်ငံကြီးဟာ အများကြီး တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။ ဒါပေမဲ့ ၀မ်းနည်းတာက အဲဒီလို တိုးတက်ပြောင်းလဲချိန်ကို ငါမမီတော့လို့ ငိုကြွေးရခြင်း ဖြစ်ပါတယ်တဲ့ခင်ဗျာ။

လိုအပ်ချက်များကို သည်းခံပေးကြပါရန် မေတ္တာရပ်ခံလျှက်...........

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။