Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Wednesday, February 26, 2014

ဗဟုသုတများ For Android



jas


ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၅.၄၇မီဂါဘိုက
လိုအပ်သော အန်းဒရိုက် - ၂.၂နှင့်အထက်
ကူးယူသည့် အရေ အတွက် - 643
ယနေ့ခေတ်အခါတွင် သီးသန့်ရပ်တည်၍မရ တစ်ကမ္ဘာလုံးနှင့် ဆက်စပ်ယှက်နွယ် ပြောင်းလဲဖြစ်ပေါ်မှုအစဉ် Globalization ရေစီးကြောင်းတွင် အတူမျောပါနေကြ ရပါတယ်။ ထို့ကြောင့် မိမိတို့တိုင်းပြည်၏ လူငယ်များ အသိအမြင်ဗဟုသုတ ကြွယ်ဝ လာစေရန် ခေတ်နှင့်ရင်ဘောင်တန်း နိုင်ကြစေရန် ဤအသုံးချ ပရိုဂရမ်ကို ရေးသားခြင်းဖြစ်ပါတယ်။ ဤ apk တွင် လူငယ်များ အင်္ဂလိပ်စာလည်း တိုးတက်၊ အသိပညာဗဟုသုတလည်း ရရှိစေရန်ရည်ရွယ်ပါတယ်။ အင်္ဂလိပ် မြန်မာနှစ်မျိုးသုံးနိုင်ပါတယ်။
http://www.jas.com.mm/
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ပျော်ရွှင်သုခ For Android


jas

ဗားရှင်း - ၁.ဝ

ဖိုင် အရွယ်အစား - ၁.၄၁ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 388
လူတိုင်း စိတ်ထဲတွင် မိမိကိုယ်ကို အားမရ၍ သော်လဥ၁်းကောင်း၊ အခြားသူတွေနဲ့ယှဉ်၍သော် လဥ၁်းကောင်း စိတ်ဓါတ်ကျချိန်တွေ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ထဲမှာ လေးလံနေတာတွေ အကုန်လုံးကို ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် တွေးပုံတွေးနဥ၁်းတွေ ကို ဖော်ပြပေးထားသော အသုံးချပရိုဂရမ် တစ်ခုဖြစ်ပါတယ်။

http://www.jas.com.mm/

>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

တိရစ္ဆာန် ပုံပြင်များ For Android

jas


ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၂၅.၅၁ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့်အထက်
ကူးယူသည့် အရေ အတွက် - 289
ဤအသုံးချပရိုဂရမ်တွင် တိရစ္ဆာန်ကလေးများ၏ သဘာဝ၊ နေထိုင်သွားလာမှုပုံစံ ကို ပုံပြင်အနေဖြင့်ရေးသားထားပါတယ်။ ကလေးငယ်များအတွက် ဗဟုသုတရစေရန်ရည်ရွယ်ရေးသားထားခြင်းဖြစ်ပါတယ်။


>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ကိုရီးယားစကားပြော (for android)


jas
ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၄.၂၃မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 42
မိမိနှစ်သက်သော ကဏ္ဍကို လေ့လာ၍ ကိုရီးယားလိုပြောနိုင်ရန် ကဏ္ဍအလိုက် ခွဲခြားထားပါတယ်။ အင်္ဂလိပ်၊ ကိုရီးယား နှစ်မျိုးလုံးကို လေ့လာနိုင်ပါတယ်။ ကိုရီးယားစာလုံးလေးတွေလည်း ပါဝင်သောကြောင့် စမ်းသပ်ရေးသားနိုင်ပါတယ်။
 
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

သင့် Facebook အကောင့် အခိုးခံရတော့မယ်ဆိုရင်




သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေးလာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Primary Email ပြောင်းပါ


အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။


Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။




Security enable လုပ်ပါ


General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး

- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။

- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။

- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။




App တွေ ဖြုတ်ပါ


App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။



Email လုံခြုမှုရှိပါစေ


Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။



Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။



အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။



Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။

.

ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။

.

အောင်ခမ်း (TSJ team)
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Android App ရေးသားနည်း စာအုပ်ကောင်း ၂-အုပ်











Android ဖုန်း application များကိုရေးသားလိုသူတွေအတွက် အခြေခံကစ၍ပြည့်ပြည့်စုံစုံလေ့လာနိုင်မယ့် Android App Development for Dummies စာအုပ်ကောင်းနှစ်အုပ်ကို စုစည်းတင်ပေးလိုက်ပါတယ်။ အခုတင်ပေးလိုက်တဲ့စာအုပ်တွေဟာ Android Development စာအုပ်တွေထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်ပြီး အကြိမ်ကြိမ်ထုတ်ဝေထားရတဲ့ Android Development နိုင်ငံခြားစာအုပ်တွေဖြစ်တဲ့အတွက်

ဖတ်ရှုသူတွေအနေနဲ့ သေချာလေ့လာမယ်ဆိုရင် Android App တွေဖန်တီးဖို့အခြေခံကောင်းတွေရရှိသွားပါလိမ့်မယ်။ အောက်က link မှာစာအုပ် ၂ အုပ်ကိုရယူနိင်ပါတယ်။


Android app development for Dummies စာအုပ်များအားရယူရန်

Android app development for Dummies စာအုပ်များအားရယူရန်

Android app development for Dummies စာအုပ်များအားရယူရန်


အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။

လမင်းအောင် ဘလော့ဆိုဒ်မှ ပြန်လည်မျှဝေသည်။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, February 14, 2014

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို




Friday, February 14, 2014

ထူးထူးခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင် များက စစ်တမ်းအရ ရှာဖွေ တွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။

တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လက် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီ တက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ် လုပ်ဆောင်မှု နှေးကွေးပြီး အကြော အားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။

ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့် လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွား စေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန် လူတွေထက် ငါးနှစ်လောက် အသက် တိုတာကို လည်း လေ့လာ တွေ့ရှိခဲ့ပါတယ်။

ကွန်ပျူတာ အသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပျူတာ အသုံးပြု လုပ်ကိုင် သူများကလည်း ကိုယ်လက် လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်း ကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တို နိုင်ကြောင်း သိရပါတယ်။

Ref: medic-facts

Aung Kham (TSJ team)
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, February 7, 2014

Window Password မေ့သွားရင် ဘယ်လို ဖြေရှင်းမလဲ ? (For All Window 10000 % Working) Window Password မေ့သွားရင် ဘယ်လို ဖြေရှင်းမလဲ ? (For All Window 10000 % Working)




Window Admin Password မေ့သွားရင်ပဲဖြစ်ဖြစ် (သို့) Password မသိပဲ ကျော်ဝင်ချင်ရင်ပဲဖြစ်ဖြစ် 2GB ပမာဏလောက်ရှိတဲ့USB တစ်ချောင်းနဲ့ အလွယ်တကူ ကျော်ဝင်လို့ရနိုင်ပါတယ်..။


ဘယ်လိုကျော်ရမလဲဆိုရင်တော့ နည်းလမ်းက လွယ်လွယ်လေးပါ 162KB လောက်ပဲရှိတဲ့ Software လေးနဲ့ 2GB (or) 4GB ပမာဏ ရှိတဲ့ USB (or) Memory Card တစ်ခုပဲလိုတာပါ ... ဟို Setting နှိပ် ဒီ Setting နှိပ် နဲ့ ခေါင်း အစားခံစရာလဲ မလိုပါဘူးး..Window CD အခွေလည်း မလိုသလို Hirens BootCD လို ဆော့ဖ်ဝဲလ် ကြီးကြီးလည်း အချိန်ကုန်ခံပြီး ဒေါင်းယူနေစရာ မလိုပါဘူး... USB Stick (or) Memory Card လေးရှိရုံနဲ့ အလွယ်တကူ ကျော်ဝင်နိုင်ပါတယ်..။


အောက်ဖေါ်ပြပါနည်းလမ်းအတိုင်း တဆင့်ချင်းလုပ်ဆောင်လိုက်ပါ...။


Stick (or) Memory Card ကို ကွန်ပြူတာမှာ တပ်ပါ USB Device > Right Click > Fat32 Format နဲ့ Formatချလိုက်ပါ..။


USB Stick ကို ကွန်ပျူတာမှာ တပ်လျှက်အနေအထားမှာရှိနေပါစေ...။







kon-bootUSB.rar ဆိုတဲ့ .Rar ဖိုင်လ် လေးကို ဖြည်လိုက်ပါ..။



ဖြည်ထားတဲ့ ဖိုလ်ဒါ ထဲက kno-boot-usb.exe ဆိုတဲ့ Application လေးကို ပုံပါအတိုင်း Double Click နှိပ်လိုက်ပါ...









CMD Command box ပွင့်လာရင် မိမိ ရဲ့ USB Drive F , I , G , H , J တခုခုကို ရေးပြီး....(ဥပမာ မိမိ ရဲ့ USB Drive က Fဆိုရင် CMD command မှာ F ရေးထည့်ပြီး Enter ခေါက်လိုက်ပါ...။ ပြီးရင် Press Any Key ကီး တခုခု ကိုနှိပ်ပေးပြီး ထွက်လို့ရပါပြီ....:)










အားလုံးပြီးသွားပြီ ဆိုရင်တော့ ကွန်ပျူတာကို Restart ချ (F2 (or) F12 (or) Del (or) F9 Boot Menu ထဲဝင်ဖို့ နှိပ်ရမဲ့ Keyတွေကတော့ ကွန်ပျူတာ အမျိုးစားပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်) Key တခုခုကို နှိပ်ပြီး BIOS Boot Menu ကို ဝင်ပါ.. ရိုရိုး Windowတင်သလိုပဲ 1st BOOT မှာ USB 1st Kon-Boot ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ..။







ခဏ နေလို့ Window တတ်လာရင် OK (or) Enter ခေါက်ပြီး Admin Password ကို အလွယ်တကူ ကျော်လို့ရသွားပါပြီ...။



Window 7 မှာ စမ်းသပ်ပြီးပါပြီ ၁၀၀၀% အဆင်ပြေပါတယ်..

ခုနောက်ထွက်တဲ့ Window 8 မှာတော့ စမ်းမကြည့်ရသေးပါဘူး..။ Window 8 မှာ စမ်းသပ်လို့ အဆင်ပြေခဲ့ရင် Commentလေးချန်ထားပေးခဲ့ကြဦးခင်မျာ...:)



ဝင်းကမ္ဘာကျော် 
www.winkabarkyaw.net
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Thursday, February 6, 2014

Android Myanmar Appများ စုစည်းမှု ၂


 Android Myanmar App2
ကျွန်တော့် ဘော်ဘော် android သမားတွေအတွက် android ဆရာကြီးများရဲ့  မြန်မာ appတွေကို တစုတဝေးထဲ ရအောင် စုဆောင်း ရှာဖွေ ပြန်လည်မျှဝေလိုက်ပါတယ်.....(  မူရင်းလင့်(copy) အတိုင်းဒေါင်းသုံးပါ လင့်သေနေရင် ပြန်ပြောခဲ့ပါခင်ဗျာ)


အခုဖော် ပြထားတဲ့ app အများစု ဟာ JAS App များဖြစ်ပြီး ကျွန်တော်က ပို့စ်တခုအဖြစ်
အချို့ကို ပြန်လည်မျှဝေ ပေးခြင်းဖြစ်ပါတယ်....
 ခုန်ပျံကျော်လွှား အန္တရာယ်များ (ဂိမ်းနော်)


  အနောက်ကနေ သရဲကလိုက် ကိုယ်ကပြေးရင်းနဲ့ ဒင်္ဂါးပြားတွေလိုက်စား,တောင်တွေ လိုက်ကျော် ခုန်ပျံကျော်လွှား ဆိုတဲ့ နာမည်အတိုင်း ပဲ ဆော့လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်း တဲ့ မြန်မာဂိန်းလေးပါ။ အားလုံး မြန်မာစာနဲ့ ဆိုတော့ မြန်မာလူမျိုးတွေအတွက် အဆင်ပြေစေပါတယ်။ 
ခုန်ပျံကျော်လွှား အန္တရယ်မျာ; ကို ကစားမယ်ဆိုရင် အောက်မှာ ရယူပါ..
>>>Download<<<
>>>Download<<<

 ဘောလုံးပင်နယ်တီ

 
"ဘောလုံးပင်နယ်တီ" အသုံးချပရိုဂရမ် ကစားရာတွင် သင်ကိုယ်တိုင် တိုက်ရိုက် တလှဥ၁့်စီ၊ ကန်သွင်းရမယ်။ ဂိုးဖမ်းသမားအဖြစ် တစ်ဘက်စီ ဖမ်းရပါမှာဖြစ်ပါတယ်..
ကစားမယ်ဆိုရင် အောက်မှာ ရယူပါ
>>>Download<<<

Android မြန်မာ-ထိုင်း အခြေခံစကားပြော
  
ထိုင်းနိုင်ငံသို့ အလည်အပတ်ဘဲဖြစ်ဖြစ်-အလုပ်လုပ်ဖို့ဘဲဖြစ်ဖြစ်
ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား/သူများအတွက် အခြေခံထိုင်းစကားကို
အချိန်တိုအတွင်းမှာ တတ်မြောက်စေရန် ရည်ရွယ်.. 
>>>DOWNLOAD<<<
အတိတ်နိမိတ်
 
ယခုအသုံးချပရိုဂရမ်တွင် သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော နိမိတ်များ၊ မိုးလေ၀သ နှင့်ဆိုင်သော နိမိတ်များ၏ ကြိုတင်သိမြင်နိုင်သော ကံကောင်းကံဆိုး အတိတ်နိမိတ်များသာမက တွေ့မြင်နေကျ သက်ရှိသက်မဲ့ အရာဝတ္ထုတိုင်း ရဲ့ သက်ရောက်သော ကံကောင်းကံဆိုး အတိတ်နိမိတ်များ ကို ဖော်ပြပေးထားပါတယ်။သုံးမယ်ဆို အောက်မှာ ရယူပါ..
>>> Download<<<
Myanmar First Aid apk
 Myanmar First Aid - screenshot thumbnail  Myanmar First Aid - screenshot thumbnail
မြန်မာရှေးဦးသူနာပြုစုနည်း application လေးပါ။MMSD မှဖြစ်ပါတယ်...
ကိုယ်က ဘာရှေးဦးသူနာပြုစုနည်းမှ မသိဘူး မတတ်ဘူးဆိုရင်တောင် ဒါလေးကို
ကိုယ်နဲ့ အမြဲ ဆောင်ထားလိုက်ပါ။တစ်ခုခုအရေးကြုံလာရင် အရေးပေါ်သုံးလို့ ရတာပေါ့။
နည်းတွေလည်းတော်တော်စုံပါတယ်။ကိုယ်နဲ့ အမြဲမကွာဆောင်ထားသင့်တဲ့ applicationပါ..
Myanmar First Aid apk  သုံးမယ်ဆို အောက်မှာ ရယူပါ..
>>> Download<<<
"ယောဂ ကျင့်စဉ်"မြန်မာ APK
 
   
"YAWGA ယောဂကျင့်စဉ် APK" ဤ ယောဂ ကျင့်စဉ် App ဟာဆိုရင် ဆရာကြီးဦးခင်မောင်ဆွေ ၏ ယောဂပို့ချချက်များကို ဖုန်းနှင့် အလွယ်တကူကြဥ၁့်ရှူ့ လေ့ကျင့်နိုင်စေရန်ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ပါတယ်။ရှိပြီး Android Version2.2နှင့်အထက်ဖုန်းများအသုံးပြုနိုင်ပါပြီ။ယောဂကျင့်စဉ်များကို ပုံမှန်ပြုလုပ်ခြင်းဖြင့် သက်ရှည်ကျန်းမာပျော်ရွှင်နိုင် ကြပါစေ။
"ယောဂ ကျင့်စဉ်"မြန်မာ APK ကို  အောက်မှာရယူပါ...... 
>>>Download<<<
>>>download<<<


ကွန်ပျူတာ အဘိဓာန်

  
ကွန်ပျူတာ အဘိဓာန်ကို ကွန်ပျူတာ ပညာရှင်များ၊ ကွန်ပျူတာ သုံးစွဲသူများနှင့် အထူးသဖြင့် ကွန်ပျူတာကို ယခုမှ စတင် လေ့လာသူများ အတွက် ရဥ၁်ရွယ်၍ အထူး ပြုစုထားခြင်း ဖြစ်ပါတယ်။ ဝေါဟာရ တစ်လုံးချင်းစီကို ရိုးရှင်း လွယ်ကူစွာ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
 ကွန်ပျူတာ ဝေါဟာရပေါင်း ၁၀၀၀ ကျော် ပါဝင်ပါတယ်။ အသုံးဝင်မယ့် ဝေါဟာရများကို စုစဥ၁်းထားခြင်း ဖြစ်တဲ့အတွက် အသုံးပြုသူများ အဆင်ပြေ ချောမွတ်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကွန်ပျူတာ အဘိဓာန် ကို  အောက်မှာရယူပါ.....

>>>Download<<<

 
တစ်သက်စာအဟော for android 

Photo: ဆရာ သက်နှင်းဆွေ (ပုပ္ပါး) ရဲ. ဆယ်.နှစ်ရာသီ ဖွားတွေရဲ. တစ်သက်စာအဟော apk ဖိုင်လေးပါ ။ ရေးသားသူက Nyein Chan Ko Ko ဖြစ်ပါတယ် ။ ကို ငြိမ်းချမ်းကိုကိုရေ အကို.ကို အများကြီးကျေးဇူးတင်ပါတယ် ပုံလေးမပါလာလို. ပုံလေးပါထည်.ပေးလိုက်ပါတယ် 


https://www.dropbox.com/s/fwygjtzkh5w5xb1/Myanmar%20Zodiac.apk


အကို တို.ရေ Androids OS သုံး application ဆော.၀ဲလ်လေးပါဗျာ ။ ကွှန်ပြူတာနဲ.ဖွှုင်.ရတယ်.ဖိုင်မဟုတ်ပါ ။ အဲ.ဆော.၀ဲလ်ထဲက အကြောင်းအရာတွေက ဒီက အကြောင်းအရာတွေသာဖြစ်ပါတယ်။ ဥပမာ - https://www.facebook.com/photo.php?fbid=321868207918658&set=a.315474165224729.61884.315470568558422&type=1&relevant_count=1 

အဲ.လို အကြောင်းအရာတွေကို ဖုန်းမှာ ဖွင်.လို.ရအောင် သုံးထားတယ်. ဆော.၀ဲလ်လေးဖြစ်ပါတယ


ဆရာ သက်နှင်းဆွေ (ပုပ္ပါး) ဆယ်.နှစ်ရာသီ ဖွားတွေရဲ. တစ်သက်စာအဟော apk ဖိုင်လေးပါ ။
 ရေးသားသူ- Nyein Chan Ko Ko လို့သိရပါတယ်
တစ်သက်စာအဟော for androidကိုအောက်ကလင့်မှာ ရယူပါ
>>>Download<<<
>>>Download<<<


 ခင်ပွန်းကြီး ဘုရားရှိခိုး

  
 ခင်ပွန်းကြီး (၁၀)ပါး ဘုရားရှိခိုး အသုံးချ ပရိုဂရမ်တွင် မိမိ ပြစ်မှားမိသဥ၁် ရှိသော ခင်ပွန်းကြီး ဆယ်ပါးအား အပြစ်မှ လွတ်ကင်းအောင် ရှိခိုး ကန်တော့ တောင်းပန်နိုင်စေရန် ရယ်ရွယ်၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဤအသုံးချ ပရိုဂရမ်တွင် ဘုရားရှိခိုးပုံ၊ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်း၊ ဆုတောင်း အပြင် ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ရခြင်းအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ပြစ်မှားမိသဥ၁် ရှိသော် ကျရောက်နိုင်မဥ၁့် အန္တရာယ်များ၏ ဆောင်ရန်ရှောင်ရန် များကို တွေ့နိုင်ပါတယ်။

ခင်ပွန်းကြီး ဘုရားရှိခိုး ကိုအောက်မှာရယူပါ..
>>>DOWNLOAD<<<

MPT Service v1.0.1 ဗားရှင်းအသစ်

 Screenshot_2013-08-15-10-11-38  Screenshot_2013-08-15-09-23-43

MPT Service v1.0.1 လေးကတော့ အရင် v1.0.0 မှာ အဆင်မပြေတာလေးတွေကို ပြန်လည်ပြင်ဆင်ပေးထားတဲ့အပြင် GSM အချင်းချင်းငွေပို့နိုင်တဲ့ ၀န်ဆောင်မူ့ကိုပါ ထည့်သွင်းပေးလိုက်ပါတယ်။ ဒီApp လေးရဲ့ Featured တွေကတော့ - GSM,CDMA လက်ကျန်ငွေစစ်နိုင်ခြင်း - GSM,CDMA ငွေဖြည့်နိုင်ခြင်း - GSM Internet လျှောက်ထားနိုင်ခြင်း - GSM အချင်းချင်း ငွေဖြည့်ပေးနိုင်ခြင်း - GSM Internet Setting ချိန်နည်းထည့်သွင်းပေးထားခြင်း - Voice Mail အကြောင်းရှင်းပြထားခြင်းများ အပြင် မြန်မာလိုအညွန်းပိုင်းများစွာထည့်သွင်းပေးထားပါတယ်။

MPT Service v1.0.1 ဗားရှင်းအသစ် အောက်မှာဒေါင်းယူပါ
>>>Download<<<

ဟင်းချက်နည်းအသစ် 1.3

   

 ဟင်းချက်ခြင်းသည် ဟင်းချက်ပုံစံ အသစ်များ၊ မုန့်လုပ်ပုံစံ အသစ်များ၊ အသုပ်လုပ်နဥ၁်းများကို ပေးသော အသုံးချပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ ပါဝင်ပစ္စဥ၁်းများ၊ ပြင်ဆင်နဥ၁်းများ၊ ပြုလုပ်နဥ၁်းများကို ပုံများဖြင့် ဖော်ပြထားသောကြောင့် အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဟင်းချက်အသစ် 1.3ကို အောက်မှာဒေါင်းယူပါ
>>>Download<<<

မြန်မာစကားပုံများ ၁.ဝ

မြန်မာစကားပုံများကို လေ့လာ လိုက်စားချင်သူများ အသုံးပြုသင့်သော အသုံးချ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မြန်မာလိုသာမက အင်္ဂလိပ်လိုပါ ဘာသာပြန်ပေးထားခြင်းဖြစ်သောကြောင့် ဘာသာနှစ်မျိုးဖြင့် လေ့လာနိုင်ပါတယ်။ မြန်မာ အက္ခရာစဉ်လိုက် ဖော်ပြထားသောကြောင့် ရှာဖွေရတာလွယ်ကူပြီး လွယ်လင့်တကူ အသုံးပြုနိုင်ပါတယ်။
မြန်မာစကားပုံများ ၁.၀apk ကို အောက်ကလင့်မှာ ဒေါင်းယူပါ
>>>Download<<<
>>>Download<<<

အချစ်ဗေဒင် 

  
လူသားတိုင်းနှင့် သက်ဆိုင်သော အချစ်ကို တွက်ချက်ပေးမယ့် အချစ်ဗေဒင် ဆော့လ်ဝဲလေးပဲ ဖြစ်ပါတယ်။ မိမိကိုချစ်ရေးဆိုထားသော သူ၏ အမဥ၁်ကို သိရုံဖြင့် အလွယ်တစ်ကူ တွက်ချက်နိုင်ပါတယ်။
အောက်ကလင့်မှာ ဒေါင်းယူပါ

>>>Download<<<
မြန်မာဖတ်စာ

  

သူငယ်တန်း မြန်မာဖတ်စာကို ရုပ်ပုံလှလှများ၊ အသံများဖြင့် ကလေးငယ်များ စိတ်ဝင်စားဖွယ် ရေးသားထားခြင်းဖြစ်ပါတယ်။
မြန်မာဖတ်စာ apk ကို အောက်မှာ ရယူပါ.....

>>>DOWNLOAD<<<

 
သူငယ်တန်း မြန်မာဖတ်စာ

  
သူငယ်တန်း မြန်မာဖတ်စာတွင် ပါဝင်သော သင်ခန်းစာများကို ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။ ကလေးငယ်များကို စာသင်ကြားပေးရာ၌ အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်ပါတယ်။
သူငယ်တန်း မြန်မာဖတ်စာ apk ကို အောက်မှာ ရယူပါ.....

>>>DOWNLOAD<<<

 
သူငယ်တန်း အင်္ဂလိပ်ဖတ်စာ

 
 သူငယ်တန်း အင်္ဂလိပ်ဖတ်စာကို ဖုန်းတွင် အလွယ်တကူကြည့်ရှူနိုင်ရန် ရေးသားထားခြင်း ဖြစ်ပါတယ်။ မိဘများတွင် ဖုန်းပါရုံဖြင့် မိမိတို့၏ ကလေးများကို မည်သည့်နေရာတွင်မဆို အလွယ်တကူ စာသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ အသံဖြင့်ပါ ကလေးများ သင်ကြားနိုင်သည်။

သူငယ်တန်း အင်္ဂလိပ်ဖတ်စာapk ကို အောက်မှာ ရယူပါ.....
>>>Download<<<

 Mobile Hotline apk အရေးကြီးသော ဖုန်းနံပါတ်များ


JAS ကထုတ်လုပ်တဲ့ Mobile Hotline apk ဖြစ်ပါတယ်.. အရေးကြီးသော ဖုန်းနံပါတ်များ၊ ဆက်သွယ်လိုသော လိပ်စာများကို ဖော်ပြပေးသော အသုံးချပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဒီ App တစ်ခုရှိရုံနဲ့ မိမိတို့သိလိုသော ဖုန်းနံပါတ်များ၊ လိပ်စာများကို အလွယ်တစ်ကူ ရှာဖွေနိုင်၍ မိမိတို့ ရှာဖွေထားသော ဖုန်းနံပါတ်များကို မှတ်ထားရန်မလိုပဲ တစ်ခါတည်း မိမိခေါ်ဆိုလိုသော ဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ပါတယ်။ ..
 Mobile Hotline apkကို အောက်မှာရယူပါ..
>>>Download<<<
ဓမ္မစက်ဝိုင်း
  
ဗုဒ္ဓဘာသာဝင် အားလုံးအတွက် ပရိတ်ကြီး(၁၁)သုတ်၊ဂုဏ်တော်ကွန်ချာ၊ ဓမ္မစကြာသုတ်ပါဠိ၊
ပဠာန်းပါတဲ့ application လေးဖြစ်ပါတယ်။
Internet Connection ပါရှိမယ်ဆိုရင် တရားကို အသံနဲ့ပါနားဆင် နိုင်မှာပါ။
ဓမ္မစက်ဝိုင်း apkကို အောက်မှာရယူပါ..
>>>Download<<<
နှလုံးကျန်းမာရေး apk 1.0

လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးပါတယ်။ သူငယ်ချင်းအားလုံးအတွက် နှလုံးကျန်းမာရေးအတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကိုယ်ကာယကြံ့ခိုင်ရေး၊ ပိုလျှံနေသောအဆီများ လျှော့ချရေးတို့ အတွက် အကောင်းဆုံးလေ့ကျင့်နည်းများ၊ ဆောင်ရန် ရှောင်ရန်များကို သွေးခုန်နှုန်းများ ဇယားများ ၊ Calories ဇယားများဖြင့်ဖေါ်ပြထားပါသည်။
နှလုံးကျန်းမာရေး မြန်မာ apk 1.0 ကိုအောက်မှာရယူပါ
 >>>Download<<<

အော်တိုစာအုပ်လေး
    
 သူငယ်ချင်းများ၏ ကိုယ်ရေး အချက်အလက်များ၊ ကြိုက်နှစ်သက်မှုများကို အလွယ်တကူ သိမ်းထားနိုင်တယ်။ ထို့အပြင် သိမ်းထားသော အကြောင်းအရာ များကို အလွယ်တကူ ရှာဖွေနိုင်တယ်။
အော်တိုစာအုပ်လေး apk ကို အောက်မှာဒေါင်းယူပါ
>>>Download<<< 


အသုံးစရိတ်တွက်မယ်ဗားရှင်း - ၂.၃
  

လစဉ် ၀င်ငွေ၊ ထွက်ငွေ နှင့် လက်ကျန်ငွေများကို အလွယ်တကူ တွက်ချက်၍ သိရှိနိုင်ပါတယ်။ အသုံးပြုရလွယ်ကူ၍ လက်ကျန်ငွေများကို သိရှိနိုင်သောကြောင့် လူတိုင်းအတွက် အသုံးဝင်မှာပါ..

အသုံးစရိတ်တွက်မယ်ဗားရှင်း - ၂.၃ ကို အောက်မှာဒေါင်းယူပါ 
  >>>Download<<<


အိမ်ထောင်ရှင်များ အတွက် ကလေးစောင့်ရှောက်ပုံ App 

မိဘများက မိမိကလေးကို ကျန်းမာသော၊ ထက်မြက်သော၊ ဥာဏ်ကောင်းသော၊ လိမ္မာသော၊ ထူးချွန်သောကလေးများ ဖြစ်ရန် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အရွယ်ရောက်ချိန်အထိ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လမ်းပြပေးမှာဖြစ်ပါတယ်
ကလေးစောင့်ရှောက်ပုံ App ကို အောက်မှာ ရယူပါ...
>>>download<<< 


အိမ်မှုရေးရာအဖြာဖြာ

 
အိမ်မှုရေးရာအဖြာဖြာ အသုံးချပရိုဂရမ် ဟာ အိမ်တစ်အိမ်တွင် မရှိမဖြစ် အသုံးဝင်သော အသုံးချပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ အိမ်တွင်းသန့်ရှင်းမှုများ၊ ပရိဘောဂများ၊ မုန့် လုပ်ပုံများ၊ အသီးဖျော်ပုံများ၊ အသုပ်သုပ်ပုံများ နှင့် ဟင်းချက်ပုံများ ပါဝင်ပါတယ်။

အိမ်မှုရေးရာအဖြာဖြာကို အောက်မှာ၇ယူပါ....
>>>Download<<<
မှဲ့ (အမျိုးသမီး)
  
ခန္ဓာကိုယ်တွင်ရှိသော မှဲ့များက ဘယ်လို ကောင်းကျိုး ဆိုးကျိုးများကို ဖြစ်ပေါ်စေလဥ၁်းဆိုတာ ပုံများနှင့် တစ်ကွ အသေးစိတ်ရှင်းလင်းချက်များပါဝင်ပါတယ်။ မှဲ့အရောင် အသွေးများ နှင့် မှဲ့ အမျိုးအစားများ အကြောင်းလဥ၁်း သိရှိရသလို မှဲ့များကပြောသော မိမိတို့ ၏ ကံကြမ္မာကိုလည်းသိရှိနိုင်ပါတယ်။
မှဲ့ (အမျိုးသမီး) ကိုအောက်မှာရယူပါ..
>>>DOWNLOAD<<<
မှဲ့ (အမျိုးသား)
   
ခန္ဓာကိုယ်တွင်ရှိသော မှဲ့များက ဘယ်လို ကောင်းကျိုး ဆိုးကျိုးများ ဖြစ်ပေါ်စေတယ်ဆိုတာကို ပုံများနှင့် တစ်ကွ အသေးစိတ်ရှင်းလင်းချက်များပါဝင်ပါတယ်။
ဤအသုံးချပရိုဂရမ်သဥ၁် အမျိုးသားများ အတွက် သီးသန့်ရည်ရွယ်ပါတယ်။
မှဲ့ (အမျိုးသား) ကိုအောက်မှာရယူပါ..
>>>DOWNLOAD<<<
အိမ်ရှင်မရဲ့အနုပညာ


အသီးအနှံများကို လှလှပပလေး စားချင်သူများအတွက်၊ ပုံဖော် အသေးစိတ်ပြ ထားပါတယ်

အိမ်ရှင်မရဲ့အနုပညာ APP ကို အာက်မှာ ဒေါင်းယူပါ....
>>>DOWNLOAD<<<
>>>DOWNLOAD<<<
အမည်များ၏ဖွင့်ဆိုချက
  
ဤ apkတွင် နာမည်မှည့် နည်းစနစ်များ ပါဝင်မည်မဟုတ်ဘဲ မြန်မာနိုင်ငံတွင် မြန်မာလူမျိုးတို့ မှည့်ခေါ်ကြသော နာမည်မျိုးစုံတို့မှ သီးခြားစကားလုံး တစ်လုံးစီ၏ အဓိပ္ပါယ်နှင့် အကျိုးသက်ရောက်မှုများကို ရှင်းလင်းတင်ပြထားပါသည်။
အမည်များ၏ဖွင့်ဆိုချက် ကို အောက်မှာရယူပါ
>>>DOWNLOAD<<<
 မရဏအတွဲများ



 တွဲမစားသင့်သော အစာများကို နဲ့ နေ့စဉ်စားသုံးနေသော အစားအစာများဟာ
ဘယ်လို စွမ်းအင်များကို ပေးပြီးမတဥ၁့်သော အစားများကို စားသုံးမိပါက ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းတို့သာ မက အသက်ကိုပါ အန္တာရာယ်ဖြစ်စေနိုင်ပါတယ်။ သင့်တော်သော အစားစာများကို စားသုံး၍ ကျန်းမာရေးကောင်းမွန်သော  လူများဖြစ်စေရန်......

 မရဏအတွဲများ App ကို အောက်မှာရယူပါ..
>>>DOWNLOAD<<<


 အင်္ဂလိပ်စကားပြော



အင်္ဂလိပ်စာနဲ့ စကားကို လွယ်ကူစွာအသုံးချ ပြောဆိုနိုင်စေဖို့ဖြစ်ပါတယ်..

အင်္ဂလိပ်စကားပြော App ကိုအောက်မှာ ရယူပါ
>>>DOWNLOAD<<<



 အသားလှုပ်နိမိတ်


 လက်ဝဲ လက်ယာ နဲ့ အသားလှုပ် နိမိတ်များကို တွေ့မြင်နိုင်ပါတယ်။
 ပျားစွဲ နိမိတ် အဟောများ ပါဝင်ပါတယ်။

 အသားလှုပ်နိမိတ် App ကိုအောက်မှာရယူပါ..
 >>>DOWNLOAD<<<
စကားအလှ မြန်မာက
  
စကားအလှ မြန်မာက အသုံးချ ပရိုဂရမ်တွင် မြန်မာစကားနှင့် ပတ်သတ်၍ စကားထာများ၊ စကားလိမ်များ နှင့် စကားဝှက်များကို လေ့လာနိုင်စေရန် ရဥ၁်ရွယ်ပြီး စကားထာပေါင်း ၁၇၀ ကျော်၊ စကားလိမ်ပေါင်း ၁၂၀ကျော် နှင့် စကားဝှက်ပေါင်း ၂၀ကျော်တို့ကို ရနိုင်သလောက် ထဥ၁့်သွင်း ဖော်ပြထားပါတယ်။
စကားအလှ မြန်မာကို အောက်မှာရယူပါ။
>>>Download<<<
ပျိုမေ့ကေသာ



ပျိုမေအလှဘဂေးတွေ ရဲ့ အလှကို ပိုမိုတောက်ပပေါ်လွင်သွားအောင် ဆံပင်ဒီဇိုင်းလေတွေ
လုပ်ဖို့ ပါ။ ပျိုမေများလွယ်ကူစွာ ကေသာအလှကို ကိုယ်တိုင်ဖန်တီးနိုင်အောင်သင်ပေးထားတယ် ။
ဘိုကေမပါဟု သိရသည်။ ကတုန်းမလဲမါဘူးတဲ့..

   ပျိုမေ့ကေသာကို App ကိုအောက်မှာရယူပါ..
 >>>DOWNLOAD<<<



 ပဟေဠိမေးခွန်း

 


သင်္ချာဆိုင်ရာ ဥာဏ်စမ်းပဟေဠိများ နှင့်ဝေါဟာရဆိုင်ရာကြွယ်ဝမှုများ ပါဝင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ဥာဏ်စွမ်းကို တိုးတက်စေပါတယ်။ ပဟေဠိမေးခွန်းလေးတွေကို စိတ်ဝင်တစားနှင့်ဖြေကြည့်မယ်ဆိုရင်..

ပဟေဠိမေးခွန်းApp ကိုအောက်မှာရယူပါ..
 >>>DOWNLOAD<<<


စက္ကူခေါက်ခြင်း


 စက္ကူခေါက်ခြင်းကို အဆင့်ဆင့် ပုံလေးတွေနဲ့ဖော်ပြထားတယ် ခေါက်ရတာ လွယ်ကူစေပါတယ်

စက္ကူခေါက်ခြင်း App ကို အောက်မှာရယူပါ..
>>>DOWNLOAD<<<

အိမ်မက်ကျမ်း
 အိမ်မက်ကို လူတိုင်းမက်ကြပြီး အိမ်မက်များ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ကြိုတင်၍ သိရှိစေရန် ဤအသုံးချပရိုဂရမ် မှ ဘယ်အိမ်မက်ဟာ ဘယ်နိမိတ်ကိုဖြစ်ပေါ်စေခြင်းကို ဖော်ပြထားခြင်းဖြစ်တယ်။ 
အိမ်မက်ကျမ်း App ကို အောက်မှာရယူပါ..
>>>DOWNLOAD<<<
>>>DOWNLOAD<<<






သူငယ်ချင်းတွေ အားလုံး မြန်မာ appတွေနဲ့ လန်းနိင်ကြပါစေ...။



                                                             အိုင်တီအိမ်မက်
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။