Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Thursday, August 15, 2013

အွန်လိုင်းပေါ် ပိုက်ဆံရှာချင်သူများအတွက်...GlOBAlBUX ဆိုက်တွင်ကြော်ငြာကြည့်နည်း....

ကျနော်သူငယ်ချင်းများ အဆင်မပြေဖြစ်တယ်လို့ကြားရပါတယ်ဗျာ..ဆိုက်တွေကိုဝင်တယ် မကလစ်တတ်လို့ပြန်ထွက်လာကြတာတဲ့..။ဒါကြောင့်တစ်ချို့စိတ်ပျက်သွားကြသလားမသိဘူး..ကဲပါ အခုကျနော်အားလုံးကိုအဆင်ပြေအောင် ဆိုက်တစ်ခုချင်းဆီကို ကလစ်ပုံကလစ်နည်းကအစ အသေးစိတ်ရှင်းပြနိုင်အောင် ကျနော် ကြိုးစားထားပါတယ်..။ဒီနေ့တော့ ဆိုက်တစ်ခုနဲ့ စလိုက်ကြရအောင် အကောင့်မ၀င်ရသေးတဲ့သူငယ်ချင်းကတော့ ဒီပေါ်လေးကိုထောက်လိုက်ကြပါ ပြီးတော့အကောင့်တစ်ခုလုပ်လိုက်ကြပေါ့...။ ဒီဆိုက်မှာ အကောင့်ဝင်ပြီးသားသူငယ်ချင်းတွေကတော့ ကိုယ်အကောင့်ကိုဖွင့်ပြီးဝင်လိုက်ကြတော့ဗျာ..အိုတေ.. အထဲရောက်သွားတာနဲ့ဒီလိုမျိုးလေးကိုတွေ့ရပါ့မယ် ကဲ ကြော်ငြာကြည့်ဖို့စမယ်ဆိုရင် အနီဝိုင်းထားတဲ့နေရာလေးကိုကလစ်မယ်ဗျ ဟောသလိုနေရာလေးကိုထပ်ရောက်သွားပါလိမ့်မယ် တွေ့ရတဲ့အတိုင်းပါပဲနော် မဲနေသလားလို့ မဲမှာပေါ့ အနော်ကကြော်ငြာတွေကိုမလွတ်တမ်းကြည့်ပြီးသွားပြီကိုး တကယ်လိုများ မကြည့်ရသေးရင်တော့ ဟောဒီလိုမျိုး အောက်ကပုံလေးအတိုင်းပေါ်ပါတယ်ဗျာ တွေ့ပါတယ်နော်စိမ်းနေတာလေးပေါ့...အဲ..အဲဒီမှာပဲ တချို့သူငယ်ချင်းတွေ ပြသနာတက်ကြတာ စိမ်းတာကိုတွေကြတယ်ဗျ..ကလစ်လို့မရဘူးတဲ့..ထောက်တာဘာမှကိုပေါ်မလာဘူးတဲ့ဗျာ ဘယ်ပေါ်မတုန်း ပုံထဲကအတိုင်းအနီလေးဝိုင်းထားတဲ့ခေါင်းစဉ်လေးကိုထောက်မှရမှာ....ကဲကဲ...အခုပဲထောက်ကြည့်လိုက်ဗျာ.. ထောက်တာမှန်ရင်တော့ ဟောဒီနေရာလေးကိုရောက်သွားပြီဗျ ဒီနေရာမှာလဲ ပြဿနာတစ်ခုထပ်တက်ပြန်ရော တစ်ချို့ကပွင့်တာနဲ့ပြန်ပိတ်လိုက်ကြတယ်ဗျ...အဲလိုလုပ်လို့ရဘူးလေ..ကြော်ငြာကြည့်ချိန်လေးရှိတယ်..အဲတာလေးပြည့်သွားရင်တော့ ခုနကပုံလေးမှာအနီလေးဝိုင်းထားတဲ့ပုံလေးတွေ ပေါ်လာတယ်ဗျ..ပေါ်လာရင်တော့ သူပြောထားတဲ့အတိုင်း ဇော်ထိုးပုံလေးကို နှိပ်ပါဆို နှိပ်လိုက်တာပေါ့ဗျာ...ပုံမှာမြှားလေးထိုးပြထားတယ်ဗျ နှိပ်မှပိုက်ဆံကကိုယ့်အကောင့်ထဲကိုဝင်တာနော်...မနှိပ်ပဲနဲ့ဖွင့်ပြီးပြန်ပိတ်လိုက်ရင်တော့..တပြားမှကိုရမှာမဟုတ်တော့ဘူး....ညောင်းတာပဲအဖတ်တင်မှာ.... ကြည့်တာကတော့ အဲလိုပဲ...အဲ....မှာစရာလဲ တစ်ခုရှိတယ်ဗျ...တစ်ခါကြည့်ရင် ကြော်ငြာတခုပဲဖွင့်လို့ရတယ် tag တွေအများကြီးဖွင့်ပြီး ကြည့်လို့လဲမရဘူး..ဒီတော့..ကြော်ငြာတစ်ခုကို တစ်ခါဖွင့်ကြည့်...ပုံလေးကိုနှိပ်ပြီးတာနဲ့..thankyou for watching ဆိုတဲ့စာလေးပေါ်လာရင် ပြန်ပိတ်...နောက်တစ်ခုထပ်ဖွင့်..အဲလိုလုပ်ရတာပေါ့ဗျာ...အပေါ်မှာပြောထားတဲ့အတိုင်း ကြည့်ပြီးသားဆိုရင်စိမ်းမနေပဲ မဲသွားပါလိမ့်မယ် ထပ်ကြည့်ချင်ရင်တော့ နောက်ထပ်တစ်ရက်ထပ်စောင့်ပေါ့နော်... ဆိုက်တိုင်းကတစ်ရက်ကို တစ်ခါပဲကြည့်ခွင့်ပြုတာပါ သတိပြုရမှာက ဆိုက်တိုင်းကအိုင်ပီတွေကိုမှတ်ထားကြတာပါ ဒါကြောင့် စက်တစ်ခုထဲနဲ့အကောင့်နှစ်ခုဝင်လို့မရပါဘူး လူအများသုံးတဲ့ cybercafe လိုနေရာမျိုးကနေသုံးတာကိုလဲခွင့်မပြုပါဘူး ခွင့်ပြုရင်တော့ အဲဆိုက်အတုအယောင်ဆိုက်ပါပဲ ငွေတကယ်မပေးတဲ့ဆိုက်ပေါ့ဗျာ ဒီလောက်ဆို ကလစ်ပုံကလစ်နည်းလေးနားလည်မယ်ထင်ပါတယ်... ဒီပိုစ်လေးကိုအခုမှဖတ်မိတဲ့သူတွေကတော့ အွန်လိုင်းပေါ်မှာပိုက်ဆံရှာဖို့ စိတ်ဝင်စားမယ်ဆိုရင် ဒီနေရာလေးမှာဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ နောက်တခြားဆိုက်တွေများကိုလဲ ကလစ်ပုံလေးတွေကို တင်ပြပေးနိုင်အောင် ကြိုးစားပါ့မယ်ဗျာ....... အားလုံးအဆင်ပြေပါစေ....

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။