Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Monday, November 4, 2013

PayPal Account တစ်ခုရဖို့လုပ်ဆောင်နည်းနှင့်အသုံးပြုနည်း




မင်္ဂလာပါ PayPal ဆိုတာ နိုင်ငံခြားတိုင်းပြည်များမှာ ခေတ်စားနေတာ ကြာလှနေပါပြီ.. PayPal ဆိုတာ ဘာလဲဆိုရင် Online Payment တစ်ခုပါဘဲ..ဥပမာ အခု အင်တာနက်မယ်ငွေရှာနည်းတွေပေါ့..ရလာတဲ့ငွေ
တွေကို PayPal ကိုအရင်လွှဲရတယ်.. PayPal ကနေ အဆင့်ဆင့် လွှဲပြောင်းပီးမြန်မာငွေသားအဖြစ်ပြန်ထုတ်
ရတာပါ... အင်တာနက်က ရသမျှငွေတွေကို ထုတ်ယူဖို့ ဒါမှမဟုတ် အင်တာနက်ပေါ်မှာဈေးဝယ်ဖို့အတွက်
PayPal ဆိုတာ အလွန်အရေးပါပါတယ်.. မိမိသာအင်တာနက်သုံးသူဆိုရင် PayPal Account တစ်ခုကတော့
ရှိထားသင့်ပါတယ်.. ကဲ.. PayPal Account ဘယ်လိုလုပ်မလဲ ??

www.paypal.com ကိုဝင်ပြီး Sing Up လုပ်တာနဲ့ PayPal Account တစ်ခုရပါပြီ .. လူတိုင်း လူတိုင်း Sing up အလွယ်တစ်ကူလုပ်နိုင်ပါသည်..... သို့သော် ရလာသည့် 
Account သည် Verified မဖြစ်ပါ... Unverified သာဖြစ်နေပါလိမ့်မယ်...အဲဒီ Unverified ဖြစ်နေသည့် PayPal Account သည် လုံးဝ ( လုံးဝ ) သုံးစားမရပါ... Verified ဖြစ်မှသာလျှင် ၄င်း PayPal Account သည်အသုံးဝင်ပါမည်။

- PayPal Account Verified ဖြစ်ချင်သည်ဆိုရင် မိမိမှာ နိုင်ငံကူးလက်မှတ် ပတ်စပို့ ရှိရပါ့မယ်။

- မိမိမှာ Visa Card (or) Master Card ရှိရပါ့မယ်။

- PayPal Account Verified လုပ်လိုလျှင် မိမိဖွင့်ထားသည့် PayPal Account ရှိနာမည်သာ မိမိရဲ့ ပတ်စပို့တွင်ပါသော နာမည်အမှန် အရင်းဖြစ်ရပါ့မယ်။

- မိမိသည် ပြည်ပရောက်မြန်မာတစ်ဦးဆိုရင် ပြည်ပက ဘဏ်တွေမှာ PayPal Account အတွက် စုံစမ်းပြီး
Account များပြုလုပ်နိုင်ပါတယ်။

- မိမိသည် မြန်မာနိုင်ငံမယ်နေသည်ဆိုရင် PayPal Account တစ်ခုရှိဖို့အတွက် လုံးဝမလွယ်ကူပါ.. ဒီတော့
ပြည်ပအဆက်အသွယ်ဖြင့် မိမိဘာသာ Account လုပ်ယူရမည်ဖြစ်သည်။

- မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များသည် PayPal ဆိုတာဘာမှန်းမသိကြပါ။ ဘဏ်ဝန်ထမ်းများလဲ မသိကြပါ။ ယုတ်စွအဆုံး မြန်မာနိုင်ငံ၏ Online Payment ဖြစ်သော www.myanpay.com.mm ကိုပင် မသိကြပါ..
ဒီလို ဘားမှမသိသောမြန်မာနိုင်ငံတွင် PayPal ရရှိဖို့ရာအလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။

ဒါကြောင့် PayPal Account သည် မြန်မာနိုင်ငံတွင် အသုံးပြုလို့ရသော်လည်း..မြန်မာနိုင်ငံမှ နေပြီး Verified ဖြစ်သော အကောင့်သစ် လုံးဝ (လုံးဝ ) ပြုလုပ်လို့မရနိုင်သေးပါ.. နိုင်ငံခြားအဆက်အသွယ် တစ်ဦးဦးကိုရှာပြီး ကျသင့်ငွေပေးချေကာ ပြုလုပ်ခိုင်းမှသာလျှင် PayPal Account သစ်တစ်ခုပိုင်ဆိုင်နိုင်မည်
ဖြစ်သည်။

တစ်ခါတစ်ရံ PayPal သည် Verified ဖြစ်သော်လည်း PayPal ရဲ့ တင်းကျပ်လွန်းသည့် စည်းမျဉ်းစည်းကမ်း
များကြောင့် Limit အလုပ်ခံရတတ်သည်.ထိုသို့ဖြစ်လျှင် PayPal မှာဖြည့်ထားသော နာမည် ၊ လမ်း ၊နိုင်ငံ တို့နှင့် မိမိရဲ့ ပတ်ပိုစ့်တွင်ပါဝင်သော နာမည် လမ်းနိုင်ငံ တို့တူညီရမည် ..မဟုတ်ရင် ၄င်း Verified ဖြစ်သော
PayPal သည် ဆုံးရှုံးမည်သာဖြစ်သည်။ ထို့ကြောင့်မလွယ်ကူပါ.. PayPal နဲ့ပတ်သက်ပြီး စုံစမ်းလိုပါက
goldenmyanmar44@gmail.com သို့စုံစမ်းဆက်သွယ်နိုင်ပါသည်။
မိမိမှာ Verified ဖြစ်သော ကိုယ်ပိုင် PayPal Account တစ်ခုရှိပြီး အသုံးမပြုတတ်သေးပါက အသုံးပြုနည်းကို
PayPal သုံးနည်း ၊ မြန်မာငွေသားအဖြစ်ပြန်ထုတ်နည်း ၊ အင်တာနက်မှာငွေရှာနည်း တို့ကို စုံစုံလင်လင်ဖော်ပြပေးထားသော ဆိုဒ်တစ်ခုလည်းဖြစ်ပါသည်။ အားလုံးအဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။