Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Wednesday, February 5, 2014

Windows7 Password ကို reset ချမယ်(ဆော့ဝဲလ်မလိုပါ)





Windows Password မေ့သွားလို့  ရှိရင် Windows Password Remover Software တွေနဲ့  password ကိုဖျက်လို့ ရပါတယ်။အခုရေးမယ့်နည်းက အဲဒီဆော့ဝဲတွေ သုံးစရာမလိုဘဲ Windows 7 Password ကို ဖျက်နိုင်ပါတယ်။သင့်မှာလို အပ်တာက Windows 7 Installer CD/DVD တစ်ခုပါပဲ။ဒီနည်းကို Windows7 မှာ စမ်းသပ်ပြီးအဆင်ပြေပါတယ်။Windows 8 မှာတော့မရပါဘူး။

Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။



Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။





အောက်က command နှစ်ကြောင်းကို တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။



copy c:\windows\system32\sethc.exe c:\

copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe



Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။



Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။




အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။



net user username MyNewPassword


Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။

ပြီးရင်အပေါ်မှာ နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။



copy c:\sethc.exe c:\windows\system32\sethc.exe

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။