Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Thursday, January 2, 2014

အင်တာနက်ပေါ်တွင် ၀င်ငွေရှာရန် ၀က်ဆိုဒ်များ

ted PTC Sites In 2014

မှန်ကန်/တိကျပြီး လက်တွေ့ထုတ်ယူဖူးသော Webiste များကိုသာတင်ဆက်ပေးခြင်းဖြစ်သည်
စိတ်ချယုံကြည်စွာဖြင့်ဝင်ငွေရှာဖွေနိုင်ပါသည်။စည်းမျဉ်းစည်းကမ်းများကို ဒီမှာအရင်ဖတ်ပြီးမှ ၀င်ငွေရှာလုပ်ငန်းစတင်ဖို့ တိုက်တွန်းအပ်ပါသည်။



တစ်ချို့သော ၀င်ငွေရှာဆိုဒ်များအတွက် လုပ်ပုံလုပ်နည်းများကို ရေးပြမထားသော်လည်း လုပ်ပုံလုပ်နည်းရေးပြထားသည့် Nerdbux , Outbux , Clixzor ,The-Bux ,Golden Clix တို့မှသင်ခန်းစားများကိုသေချာဖတ်ရှုလိုက်ရုံဖြင့်အခြားဟာများ မိမိမသိသေးသည်များကို အလွယ်တစ်ကူပင်သဘောပေါက်ကာ လုပ်တတ်သွားမည်မှာအသေအချာဖြစ်ပါသည်။

PTCRS မှာငွေရှာရန်ဒီကိုနှိပ်ပါ                           Cliserve - Most Trusted ,Fast,Easy Cashout

   Nerdbux မှာငွေရှာရန်ဒီကိုနှိပ်ပါ                                 GLADBux 2$ Instant Cashout

USAClix မှာငွေရှာရန်ဒီကိုနှိပ်ပါ                                        Probux(Princess Of PTCS )

YouGetProfit အမှန်ကန်ဆုံးငွေရှာဆိုဒ်(ရင်းနှီးမြှပ်နှံမှု)          Pureclix တွင်ငွေရှာရန်ဒီကိုနှိပ်ပါ



Sorry , This IP Address Is Use By Other Member လို့ပြရင် IP ကျော်ဖွင့်လို့ရတယ်။

အင်တာနက်ပေါ်က ငွေရှာတဲ့ဆိုဒ်တွေမှာ Register လုပ်ရင် တစ်ချို့ဆိုဒ်တွေမှာ " Sorry , this IP Address is use by other member " လို့ပြပြီး Register လုပ်မရတာမျိုး ကြုံဖူးကြမယ်ထင်ပါ
တယ်..ဒါဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပျက်နေတဲ့ ပြသနာတစ်ခုပါ.. ဆက်သွယ်ရေးက လူကြီးမင်းများရဲ့ အသုံးမကျတဲ့စီမံခန့်ခွဲမှုကြောင့်လေ..ထားပါ... အဲလို ကြုံလာရရင် IP ကျော်ဖွင့်မှရတယ်...ဒါပေမယ့် ကျော်ဖွင့်လို့ရတာက ဟုတ်တယ်.. ဒီလိုကျော်ဖွင့်လို့ရှိရင်ငွေရှာတဲ့ဆိုဒ်က ကိုယ့်ရဲ့ Account ကို Suspended လုပ်နိုင်လား ? မလုပ်နိုင်လား ? ဆိုတာ သံသယရှိခဲ့တယ်...ငွေရှာတဲ့ဆိုဒ်ဆိုတာ အချိန်ရင်းနှီးမြှပ်နှံထားရတာလေ.. ကိုယ့်မယ်ပိုက်စိတွေရနေပြီးမှ IP ကျော်ဖွင့်မှုနဲ့ အဘန်းခံနေရရင်
ဒုက္ခ..ဒါကြောင့် သေချာအောင် သက်ဆိုင်ရာ ငွေရှာတဲ့ဆိုဒ်တွေမှာရှိတဲ့ Admin တွေကို မတောက်တခေါက် အင်္ဂလိပ်စာလေးရေးပြီး လိုက်မေးတာ အကုန်လုံးက ချက်ချင်းလိုလို Reply ပြန်ပေးကြပါတယ်..ဒါကြောင့် ကိုယ်သိချင်တာလဲ သိခွင့်ရခဲ့တယ်..Reply လဲ မြန်မြန်ပြန်ပေးပါတယ်.... ဘာဘဲဖြစ်ဖြစ် လူအများလည်းသိချင်..မေးခွန်းလည်းအများဆုံးဖြစ်တဲ့ အိုင်ပီ ကျော်ဖွင့်ရင် ပြသနာရှိနိုင်လားဆိုတဲ့အဖြေကို ဖြေနိုင်လိုက်ပါပြီ... လုံးဝ ( လုံးဝ ) အဆင်ပြေပါတယ်.ဒါကြောင့် ပြည်ပက အက်ဒမင်ကြီးတွေကို အာဘွားပေးခဲ့လိုက်ပါတယ်. Admin တွေကလည်း ပြန်ပြောပါတယ် You are welcome တဲ့... ... ဒီတော့  " Sorry , this IP Address is use by other member " လို့ပြနေရင် အိုင်ပီကျော်ဖွင့်လို့ရ
တယ်... အကောင့်ဖွင့်ပြီးပြီဆိုမှ မြန်မာ IP နဲ့အမြဲတမ်း သုံးတော့ပေါ့... အိုကေနော်..အောက်က ပုံက မေးထားတဲ့ ပုံပါ.. ။ IP ကျော်ပြီး Account ဖွင့်နည်းကို မသိသေးရင်တော့
ဒီမှာ ကြည့်လိုက်ပါ။

PTC ( Paid To Click ) Online တွင်ငွေရှာသည့် Website များအကြောင်း

PTC ( Paid To Click ) ဆိုသည့် အင်တာနက်ငွေရှာလုပ်ငန်းသည် လျင်မြန်စွာဖြင့် ငွေရရှိသော အလုပ်များမဟုတ်ပါ။

မိမိတစ်နေ့အင်တာနက်အသုံးပြုသည့်အချိန်များထဲမှ 45 မိနစ်ခန့်ကိုရင်းပြီိး အလုပ်လုပ်ရတဲ့ ကြော်ငြာကြည့်ငွေရှာလုပ်ငန်း တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလုပ်ငန်းတွေ

ခေတ်စားနေသလဲ .. ဘယ်လိုလူမျိုးက PTC ကိုအထင်သေးတဲ့စကား ပြောရသလဲဆိုတာ.. အောက်က အကြောင်းအရာတွေကိုဆက်ဖတ်ကြည့်ရအောင်...

PTC ဟာကရိကထမများတဲ့ သမ္မာအာဇီဝအလုပ်ဖြစ်ပါတယ် ... ဒါကြောင့်သမ္မာအာဇီဝဖြစ်တဲ့ PTCလုပ်တာဟာ အသုံးမကျဘူး ဂုဏ်ငယ်တယ်လို့ပြောတဲ့သူဟာ ဘယ်လိုအတန်းအစားဖြစ်မလဲ ... ??? PTCကိုသိလျက်နှင့်မလုပ်တာ အချက်၂ချက်ပဲရှိနိုင်မယ် ...
၁ ။ စိတ်မဝင်စားလို့ ( ဒီလူမျိုးကတော့ရှင်းပါတယ် ... စိတ်မဝင်စားတဲ့အရာကို အချိန်လုံးဝမပေးနိုင်ဘူး ... ဘယ်လောက်ရရ ဘယ်လောက်ကောင်းကောင်းစိတ်မဝင်စားဘူး ) သူ့ကိုတော့ အပြစ်ပြောစရာမရှိပါ ...

၂ ။ သဘောတရားနားမလည်လို့ ... ( သဘောတရားနားမလည်တဲ့အခါ အမြတ်နည်းပါးတယ် .. ဇွဲကလည်းမရှိပြန်ဆိုတော့ မူးစုပဲစုဒီအလုပ်ကို ပျင်းလာတယ် . အဲဒီတော့ ခါးပြတ်သွားတာပေါ့ .. သွားပုပ်လေလွင့်ပြောတဲ့သူတွေဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်) ( မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ လိုက်လုပ်တဲ့ ဦးနှောက်မရှိ အစွမ်းအစမရှိ Fan Page မှာ မန်ဘာဝင် တစ်သောင်းကျော်ပိုင်ဆိုင်ထားတဲ့ $ သုံးမကျတဲ့ နည်းပညာရှင်ကြီးတစ်ယောက်
ရှိတယ်..သူကိုယ်တိုင်လဲ လုပ်တယ်..လူအများကိုလဲ လုပ်ဖို့တိုက်တွန်းတယ်..သူတိုက်တွန်းခံရတဲ့သူတော်တော်များများအဆင်ပြေနေချိန်မှာ သူက သူ့ဘာသာ အသုံးမကျဘဲ မလုပ်ကြပါနဲ့ မကောင်းပါဘူးဆိုပြီး PTC လုပ်ကိုင်နေသူ ၊ သူထက်အရင် PTC မိတ်ဆက်သူတွေကို စော်ကားတဲ့စကားတွေပြောခဲ့တယ်..သူ့ကိုတော့မြန်မာမှာအရင်ဆုံး ဂရင်းနစ်စံချိန်
ပေးလိုက်ပါတယ်.. $ ဖောင်းထုမှုနဲ့ပါ အဟတ် .... ;)

ယနေ့ခေတ်ဟာ အင်တာနက်ခေတ်ဖြစ်ပါတယ် ... ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အိုးမကွာအိမ်မကွာဖြစ်တဲ့ Home based jobs တွေခေတ်စားတာ ကြာနေပါပြီ ... လွတ်လပ်တယ် ၊ နေရာမရွေး အချိန်မရွေးလုပ်နိုင်တယ် ၊ အလုပ်ရှင် အလုပ်သမားပြဿနာနည်းပါးတယ် ... Home based jobs အမျိုးမျိုးရှိပါတယ် ... skillsကိုအခြေခံတဲ့အလုပ် ၊ Marketingအခြေခံအလုပ် ၊ Gamerတွေအတွက်အလုပ် ၊ ကုန်ကုန်ပြောရင် web cam ကနေ pornသရုပ်ဆောင်ပြီး ငွေရှာတောင်ရတယ် ... ရှင်းရော .ဘာပဲလုပ်လုပ် ကိုယ့်လုပ်ငန်းလူသိများမှ အောင်မြင်မှာပါ ... အဲဒီတော့ Advertising ဆိုတဲ့ ကြော်ငြာလုပ်ငန်းဟာ အလွန်အရေးပါတဲ့ အခန်းမှာရှိပါတယ် ... ဒါကြောင့် ကြော်ငြာလုပ်ငန်းဖြစ်တဲ့ PTCဟာလည်း အင်မတန်ရေပန်းစားတဲ့လုပ်ငန်းတစ်ခုပါ ...

PTC ဆိုတာဘာလဲ ...???
PTCဆိုတာ (paid to click) အွန်လိုင်းကြော်ငြာလုပ်ငန်းပါ ... အင်တာနက်မှာ Freeကြော်ငြာလို့ရတဲ့နေရာရှိတယ် .. ပိုက်ဆံပေးကြော်ငြာရတဲ့နေရာရှိတယ် ... PTCမှာတော့ ပိုက်ဆံပေးကြော်ငြာရတယ် ... ကြော်ငြာကြည့်သူတွေကို ကုမ္ပဏီကအထိုက်အလျောက်ပြန်ပေးတယ် ... သူ့ဆိုဒ်မှာကြည့်နေပေမယ့် သူ့အလုပ်သမားမဟုတ်ပါဘူး ... ကိုယ့်အချိန် ကိုယ့်ဝင်ငွေ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်ပုံဖော်နေတာ ... ကိုယ်ဘယ်အထိသွားမလဲ ... တရက်၂ဒေါ်လာ (သို့) ဒေါ်လာ၂၀ .. ကိုယ့်စိတ်ကြိုက်ပဲ .. ဆက်သွားမလား ရပ်ထားမလား .. ကိုယ့်သဘောပဲ .. အဲဒီတော့ ကိုယ်တွေကလုပ်ငန်းရှင်ဗျာ ... ကြိုက်ကြိုက် မကြိုက်ကြိုက် တပြားမှမလျော့ဘူး ...

PTC site အမျိုးအစားများ
Bux sites
Bux site ဆိုတာကတော့ ကြော်ငြာကြည့်နှုန်းအပေးများတယ် ၊ Guaranteed adsတွေရှိမယ် ၊ RRတွေငှားရမ်းလို့ရမယ် ၊ ကြေးမြင့်တဲ့ member upgradeတွေရှိမယ် ... Guaranteed ads တွေပေးတဲ့အတွက် ကြော်ငြာသူမရှိရင် သူတို့ရဲ့ self ads တွေနှင့်လည်ပတ်ရပါတယ် ... ဒါကြောင့် clickerတွေအနေနှင့် ဝင်ငွေများများရနိုင်သလို ... ဆိုဒ်ပိုင်ရှင်အနေနှင့်တော့ စီးပွားရေးကျရှုံးမှုအလွန်များတဲ့ဆိုဒ်အမျိုးအစားပါ ... Neobux , probux , the-bux စတဲ့ဆိုဒ်တွေဟာ Bux site တွေပဲဖြစ်ပါတယ် ...

Aurora sites
Aurora sites တွေကတော့ ငွေပေးနှုန်းနည်းပါးတယ် RRဝယ်လို့မရဘူး .. ဒါကြောင့်သူတို့ဟာ ကြာရှည်ရပ်တည်နိုင်တဲ့ ptc site အမျိုးအစားဖြစ်ပါတယ် ... ငွေရှာနည်းအများအပြားပေးထားတယ် ဥပမာ -
• Paid To Read (PTR) ads: ဒါက ptcကြော်ငြာကြည့်သလိုပါပဲ
• Paid To Sign-up (PTSU): ဒါက Sign-up လုပ်ပြီးငွေရှာတာပါ
• Paid To Promote (PTP): သူ့ရဲ့ကြော်ငြာpage ကိုတခြားwebမှာ ပြပေး ၊ ကြော်ငြာပေးရင် သူကငွေပြန်ပေးပါတယ် ... Traffic Exchange နှင့်တွဲပြီးလုပ်ရပါတယ် ...
• Traffic Exchange (TE): ဒါကတော့ surfingလုပ်တာပါ ... သူ့သဘောကတော့ ငါမင်းကြော်ငြာကြည့်မယ် မင်းလည်းငါ့ကြော်ငြာကြည့် ဆိုတဲ့သဘောပါပဲ ... သူ့ကြော်ငြာကြည့်လို့ရလာတဲ့ creditကို ကိုယ့်ကြော်ငြာအတွက် ပြန်သုံးရတာပါ ... cashnhits / incentria / clicksia / donkeymails စတဲ့ဆိုဒ်တွေဟာ aurora site အမျိုးအစားတွေပါ ...

Mini-PTC
ဒီအမျိုးအစားကတော့ Bux နှင့် Aurora ပေါင်းထားတဲ့ပုံစံပါ ... RRငှားလို့ရမယ် RR/DR limit ကိုအနည်းငယ်သာပေးထားမယ် ဈေးမြင့်တဲ့ member upgradeရှိမယ် ... cashout limitများမယ် ... ကြော်ငြာကြည့်ခ အပေးနည်းမယ် ... ဒါကြောင့်သူလည်း Bux sites တွေထက်တော့ ကြာရှည်ရပ်တည်နိုင်ပါတယ် ...

PTC site လို့ ခေါ်နိုင်တဲ့အမျိုးအစား
အခြေခံအားဖြင့် ဒီဆိုဒ်တွေမှာ RRမရှိပါဘူး ... Advertiser နှင့် Clicker တွေကြားမှာ ဆိုဒ်ကအမြတ်ခွဲယူတဲ့သဘောပါ ... လူစစ်စစ်တွေပဲ ကလစ်တာဖြစ်တဲ့အတွက် ကြော်ငြာရှင်တွေက ဒီဆိုဒ်မျိုးကို ပိုပြီးနှစ်သက်ကြပါတယ် ... Clixsense / Clickfair / Hitzza စတဲ့ဆိုဒ်တွေဟာ ... ကြော်ငြာရှင်ကြိုက် ptcစစ်စစ်တွေပါ ...

PTC ဆိုဒ်ပိုင်ရှင်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ...
(မနေ့က မန်ဘာတစ်ယောက်ဒီမေးခွန်းကိုမေးထားလို့ပါ ) ဘာကိုဦးတည်တဲ့မေးခွန်းလည်းမသိပါ ... PTC ဆိုတာကြော်ငြာလုပ်ငန်း . စီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ... အဲဒီတော့ PTC site ထောင်တယ်ဆိုတာ အလှူပေးဖို့မဟုတ်ပါဘူး ... စီးပွားရေးလုပ်ဖို့ အမြတ်ရဖို့ပါ ... Advertiser နှင့် Clickerကြားမှာ အမြတ်ကျန်အောင်လုပ်ဖို့က သူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ် ...

Scamလုပ်ရခြင်းအကြောင်း...
Scamလုပ်ရခြင်းအကြောင်း အများအပြားရှိပါတယ် ... အကြမ်းအားဖြင့် -
၁ ။ ပိုင်ရှင်ဟာ မန်ဘာတွေကိုမပေးတော့ဘဲ ငွေထုပ်ပိုက်ပြီးလစ်သွားတယ် (လိမ်ဖို့သက်သက် ဆိုဒ်ထောင်ခြင်း)
၂ ။ ပိုင်ရှင် (သို့) အက်ဒမင်များဟာ ဆိုဒ်အတွက်အချိန်မပေးနိုင်ဘူး .. ကောင်းစွာစီမံခန့်ခွဲမှုမလုပ်နိုင်ဘူး .. အဲဒါကြောင့် scam လုပ်လိုက်ရတယ် (ဇယားမနိုင် ၊ အချိန်မရှိ ၊ စီမံခန့်ခွဲမှုညံ့ဖျင်း)
၃ ။ paypal limit လုပ်ခြင်း ။ တချို့ပိုင်ရှင်တွေက ဆိုဒ်ထောင်ပေမယ့် paypalကို free account သာသုံးပါတယ် ... scamဖြစ်လောက်စရာအကြောင်း မဟုတ်ပေမယ့် ... ကသောင်းကနင်းဖြစ် ၊ ယုံကြည်မှုမဲ့ပြီး scamဖြစ်သွားတာမျိုးလည်းရှိတတ်ပါတယ် ...
၎ ။ ကြော်ငြာနည်း၍ clickerများပြားခြင်း ။ ဝင်ငွေထွက်ငွေမမျှတာပါပဲ ။ အဲဒီအခါမှာ scamဖြစ်သွားပါတယ် ...
အချက်တွေကတော့ အများကြီးပါပဲ ... တကယ်တမ်းတော့ scam site ၂မျိုးပဲရှိပါတယ် ...
၁ ။ လိမ်ဖို့ရည်ရွယ်ချက်ဖြင့် scam site ထောင်ခြင်း
၂ ။ စီးပွားရေးကျရှုံးပြီး scam site ဖြစ်သွားခြင်း ... ဒါပါပဲ ...
ဒီလောက်များပြားတဲ့ scam site တွေကြားမှာ ဆိုဒ်ကောင်းတစ်ခုကို ဘယ်လိုရွေးချက်မလဲဆိုတာတော့ ကံသေကံမပြောလို့မရပါဘူး ...
ဆိုဒ်တွေကိုစစ်ဆေးဖို့အတွက်
၁ ။ http://www.ptc-investigation.com/default.aspx ... သူကတော့ ကိုယ်တိုင်စမ်းသပ်ပြီး informationဝေတာပါ .. ဒီဆိုဒ်ကို ၇၀%ဦးစားပေးသုံးပါတယ် ... သတိထားဖို့က Not Recommended လောက်တွေ့ရုံနှင့် scamလို့ပြောမရပါဘူး ... သူပြောတဲ့အချက်အားလုံးကို သေသေချာချာဖတ်ဖို့လိုပါတယ် .. Legit site တစ်ခုဟာ အချိန်မရွေး Ongoing ထဲရောက်သွားနိုင်သလို .. Ongoingတွေလည်း not recommended ဖြစ်သွားနိုင်ပါတယ် ... လူ့အလို နတ်မလိုက်နိုင်ဆိုတာရှိတယ် ... ဘယ်လောက်ကောင်းတဲ့ဆိုဒ်ဖြစ်ဖြစ် မကောင်းပြောတဲ့သူ အဆင်မပြေသူတွေကတော့ တွေ့နေရမှာပါပဲ ... အဲဒီတော့ကိုယ်တိုင်ပဲချင့်ချိန်ပေါ့ ...
၂ ။ http://www.scamadviser.com/ ... သူက owner information , Alexa rank , traffic , user feedback .. စတာတွေကိုအခြေခံပြီး adviseပေးတာပါ ... သူအခြေခံတဲ့အရာတွေကိုကြည့်ပြီး scamဟုတ် မဟုတ် စစ်ဆေးတာအံဝင်ဂွင်ကျမှုသိပ်မရှိပါ ... ဒါကြောင့် ဒီဆိုဒ်ကို ၂၀%လောက်ပဲသုံးပါတယ်
*အကောင်းဆုံးကတော့ forumတွေကို crossingလိုက်ဖတ်ပါ ... ၁ဆိုဒ်အကြောင်းကို ၂နှင့်၃မှာရှာဖတ်မယ် .. ၂အကြောင်းကို ၁နှင့်၃မှာဖတ်မယ် .. အဲလိုမျိုးပါ *
နောက်ထပ်စစ်ဆေးနိုင်မယ့် ဆိုဒ်တချို့ကတော့ -
http://www.emoneyspace.com/index.php
http://ptccentral.com/
http://website.informer.com/
http://www.alexa.com/
ဒါတွေကို ခင်ဗျားတို့ဥာဏ်ရှိသလို အသုံးချလို့ရပါတယ် ... PTC မိသားစုတွေ ကျန်းမာရွှင်လန်းပါစေ ...

PTC ( အွန်လိုင်းငွေပင်စိုက်သူများ Groups https://www.facebook.com/groups/468564163238943/ )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။