Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Sunday, January 12, 2014

အသံမျိုးစုံ RINGTONE APK



ဒီတစ်ခါတော့ ကျွန်တော် မြန်မာမှု့ ပြုထားတဲ့ apk လေး တစ်ခုကို လိုအပ်တယ့် သူငယ်ချင်းများအတွက် ပေးချင်ပါတယ်... ကျွန်တော်တို့တွေ ဖုန်းမှာ
ringtone လေးတွေသုံးကြတဲ့အခါ..နည်းနည်းကြာလာရင် ရိုးလာတာမျိုးလေးတွေ ဖြစ်တက်ကြပါတယ်...မိမိဖုန်းရဲ့ ringtone လေးတွေကိုလည်း
 သူများတွေထက် ဆန်းပြားချင်ကြပါတယ်...
 မိမိကြိုက်တဲ့ သီချင်းလေးတွေကို ringtone လေးတွေလုပ်ထားသူတွေလည်းရှိကြပါတယ်... ဒါပေမယ့်တစ်ခါတစ်လေကြ..ကြိုက်တာတွေက
များတဲ့အခါ ဘယ် ringtone ကို ထားရမလဲ အရွေးရခက်လှပါတယ်... ခုပေးမယ့် apk လေးကတော့ အဲဒီပြဿနာတွေကို ဖြေရှင်းပေးမှာပါ...သူ့ရဲ့
လုပ်ဆောင်ချက်တွေကတော့ မိမိစိတ်ကြိုက်တည်းဖြတ်ထားတဲ့ ringtone လေးတွေကို ရွေးပေးထားယုံနဲ့... အလှည့်ကျမြည်ပေးမှာဖြစ်ပါတယ်...
ဖုန်းတွေမှာ official ပါသလိုမျိုး contant တစ်ယောက် ringtone တစ်မျိုးဆိုတာမျိုးမဟုတ်ပဲ...ဘယ်သူခေါ်ခေါ် သူကရွေးပေးထားတဲ့ ringtone
တွေကို လှည့်ပတ်ပြီး မြည်စေမှာဖြစ်ပါတယ်...တစ်ခါခေါ်ရင် တစ်မျိုးကြားရမှာပါ.. ဒီ apk လေးဟာ ၂၀၁၀ လောက်ကတည်းကထွက်ရှိနေတဲ့ apk လေး
ဖြစ်ပါတယ်...ဒါပေမယ့် သူ့လုပ်ဆောင်ချက်နဲ့သူ အားလုံးပြည့်စုံနေတာကြောင့် ဒီနေ့ထိ update
ထက်မထွက်တော့ပါဘူး..playstore မှာရောင်းတာကလည်း အရင်က ထွက်ထားတဲ့ဟာပါပဲ... အခုတော့ အမြင်တစ်မျိုးဆန်းပြားအောင်..တက်နိုင်သရွေ့
မြန်မာအငွေ့အသတ်တွေချည်းပဲ ရအောင် ပြန်ပြင်ပေးထားပါတယ်...ဒီ apk လေးကိုတော့ " အသံမျိုးစုံ" လို့ ကျွန်တော်နာမည်ပေးထားပါတယ်...လိုချင်သော
သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်



 
password များလိုအပ်ခဲ့ရင်တော့ thawtoewai လို့ ရိုက်ထည့်ပါ

 
ဖုန်း ကနေ ဒေါင်းမယ် ဆို ဒီအောက်မှာ ယူလိုက်ပါ


THAW TOE WAI{MMUG}

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။