Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Saturday, January 11, 2014

ကလေးတွေကို classical ဂီတပေးနားထောင်ရင် စိတ်စွမ်းအားပိုင်းဆိုင်ရာ တိုးတက်စေ



ကလေးတွေကို classical ဂီတပေးနားထောင်ရင် သူတို့ရဲ့ လူမှုဆက်ဆံရေး အစွမ်းအစ အပါအ၀င် အာရုံစူးစိုက်နိုင်မှု၊ တည်ကြည်မှုနဲ့ အကြားစွမ်းရည်တွေ တိုးမြင့်လာတယ်လို့ မကြာသေးမီ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Beethoven နဲ့ Mendelssohn တို့ရဲ့ classical ဂီတတွေလိုမျိုးပေါ့။
အစည်းအဝေးတွေနဲ့ စာသင်ခန်းတွေထဲမှာ ကလေးတွေအတွက် သီချင်းနားထောင်ချိန် သတ်မှတ်ဆောင်ရွက်ပေးလိုက်ပြီး လန်ဒန်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်က လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
Classical ဂီတတွေကို နားထောင်တဲ့ တပည့်ကျောင်းသားတွေဟာ အကြားစွမ်းရည်၊ ဂီတဆိုင်ရာ ဗဟုသုတ၊ ရည်မှန်းချက်တွေနဲ့ အင်္ဂလိပ်စာအတွက် တချို့အပိုင်း စတာတွေမှာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရတယ်လို့ ဆရာ၊ဆရာမတွေက ပြောပါတယ်။
Beethoven နဲ့ Mozart တို့လို သီချင်းနားထောင်တဲ့ ကလေးတွေဟာ နောင်နှစ်တွေမှာ သီချင်းအမျိုးအစားတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လက်ခံနားထောင်လာနိုင်ပါတယ်။ Classical ဂီတကို နားထောင်တဲ့ ၁၀နှစ်အရွယ် ကျောင်းသားတွေဟာ အင်္ဂလိပ်စာ တိုးတက်လာတာကို တွေ့ရပါတယ်။ ဂီတပညာရှင်တွေမှာ ထက်မြက်တဲ့စိတ် ရှိပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားရခဲ ပါတယ်။စန္ဒယား၊ တယော စတဲ့ ဂီတတူရိယာတစ်မျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်တဲ့သူတွေဟာ အမှားမြင်လွယ်ပြီး မြန်မြန်အမှန် ပြင်နိုင်စွမ်း ရှိတယ်လို့ နောက်ထပ်လေ့လာမှု တစ်ရပ်ကဆိုထားပါတယ်။
Ref:dailymail

http://www.trend.com.mm/ 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။