Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Saturday, January 11, 2014

မလေးရှားနိုင်ငံရှိ အိုဗာစတေး အားလုံးအတွက် နောက်ဆုံး သတိပေးချက် ထုတ်ပြန်




 
မလေးရှားရှိ အိုဗာစတေး အားလုံးအတွက် နောက်ဆုံး သတိပေးချက် ထုတ်ပြန်
************************************************************

မလေးရှား သတင်း ( 11.1.2014 )

မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ မလေးရှားရောက် မြန်မာများအားလုံး အတွက် ယခု သတင်းကို အတတ်နိုင်ဆုံး နှင့် အကောင်းဆုံး ဖြစ်အောင် ရေးသား တင်ဆက်ပေးခြင်းဖြစ်သည် ။ ကြောက်ရန် မလိုကြောင်း ကြိုတင်မေတ္တာရပ်ခံလိုပါသည် ။

ပြီးခဲ့တဲ့ ၁.၉.၂၀၁၃ မှာ OPS 6P ခေါ် တရားမဝင်နေထိုင်သူ ပပျောက်ရေး စီမံချက်ကို စတင်ခဲ့ပြီး ထိုစီမံချက်အတွင်း တရားမဝင် နေထိုင်သူ ၇၀၀၀ ကျော်ကို ပြည်နှင်ခွင့်ပေးနိုင်ခဲ့ကြောင်း သတင်းစာများမှ ဖော်ပြသွားခဲ့သည် ။ ထို ၇၀၀၀ တွင် မြန်မာနိုင်ငံသား အရေအတွက်မှာ တတိယတွင်ရှိခဲ့သည် ။

ထိုစီမံချက် အပြီး လုပ်ငန်းရှင်များမှ 6P တွင် အေးဂျင်းများ ငွေလိမ်ခြင်း ၊ ပါမစ်မရခြင်းတို့ကြောင့် တရားမဝင်များပြားနေကြောင်း ကို ထောက်ပြပြီး မလေးရှားအစိုးရကို ဖိအားပေးကာ မျှတအောင် ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြသည် ။

ထို့ကြောင့်မ လေးရှားအစိုးရသည် ၂၀၁၃ အောက်တိုဘာ ၁၀ ရက်မှ ၊ ၂၀၁၄ ဇန်နဝါရီ ၂၀ အထိ အထူးစီမံချက် ၃ လချမှတ်ကာ ထို ၃ လအတွင်း အလိမ်ခံရကြောင်း အလီဘိုင်ပြကာ ပါမစ်ပြန်လည်လျှောက်ထားနိုင်ကြောင်း ကြော်ငြာခဲ့သည် ။ အဆိုပါ ပါမစ်ပြန်လည်လျှောက်ထားမည့် သူများအတွက် ပြည်ထဲရေး ဝန်ကြီးဌာန ၄ လွာတွင် ONE STOP CENTRE ဖွင့်လှစ်ထားကာ ပါမစ်ပြန်လည်လျှောက်ထားသူများကို ဆောင်ရွက်ပေးခဲ့သည် ။ စုစုပေါင်း အေးဂျင်းအလိမ်ခံရသူ ၃၉၅၁ ဦး ကို ပါမစ်ပေးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကြော်ငြာသွားခဲ့သည် ။

မြန်မာ အေးဂျင်းများမှ အလိမ်ခံရသော 6P သမားများ သွားရောက်လျှောက်ထားရာတွင်မူ မလေးရှားနိုင်ငံအစိုးရမှ တရားဝင်သတ်မှတ်ထားသော အေးဂျင်းများ မှ လိမ်လည်သည် မဟုတ်သောကြောင့် ပြန်လည်လျှောက်ထားရန် လက်မခံကြောင်းသိရသည် ။

ယခု အခါ မလေးရှားနိုင်ငံရှိ သတင်းဌာနများတွင် လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ အိုဗာစတေး သမားများကို ဖမ်းဆီးမည်ဖြစ်ကြောင်း ကြော်ငြာသွားခဲ့သည် ။ ထို့အတူ တရားဝင်အလုပ်သမားများကို I-KAD ခေါ် ( ကွန်ပျူတာများဖြင့် ချက်ချင်းစစ်ဆေးနိုင်မည့် ကဒ်) အသစ်များထုတ်ပေးကာ နောက်တစ်ကြိမ် မလေးရှားနိုင်ငံတွင် အိုဗာစတေး မရှိရန်ကာကွယ်သွားမည်ဟု ဆိုသည် ။ ထိုကဒ်အတွက် လျှောက်ထားသူများမှာ ရင်းဂစ် ၁၁၀ ပေးရမည်ဖြစ်ကြောင်း ရေးသားထားသည် ။ အိုဗာစတေး ဖမ်းပွဲတော် ပြန်လာတော့မည်ဖြစ်သည် ။

ဆက်လက်ပြီး မလေးရှား အစိုးရမှ ဖမ်းဆီးရမိသူများကို ဆိုင်ရာ မိခင်တိုင်းပြည်များသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်းကြော်ငြာသည် ။ ထိုသို့ ပို့ဆောင်ရာတွင် ဖမ်းဆီးထားသူများ၏ လက်ဗွေကို ရယူထားမည်ဖြစ်ပြီး မလေးရှားသို့ နာမည်ပြောင်းကာ ဝင်ခွင့်မရအောင် စီစစ်မည်ဟု ဆိုသည် ။ အိုဗာစတေး သမားများ အား ပို့ဆောင်မည့် စရိတ်စက ကို ပြည်သူ့ဘဏ်ဏာ ထဲမှ လုံးဝသုံးမည်မဟုတ်ပဲ ကာယကံရှင်မိခင်တိုင်းပြည်များက သာ ခံရမည်ဖြစ်ကြောင်း ထည့်သွင်းကြော်ငြာသွားခဲ့သည် ။ သို့ကြောင့် အိုဗာစတေး သမားများအတွက် အဖမ်းခံရပါက မိမိပိုက်ဆံဖြင့် မိမိ ပြန်နိုင်ရန် ငွေကြိုစုထားသင့်သည် ။ 
 
ယခင်လို ဧရာဝတီ လာမည်မထင် ၊သီတဂူရောက်မည် မထင် ။ အကြောင်းမှာ ထိုဖောင်ဒေးရှင်းမှ ပထမ အကြိမ် ကူညီစဉ်က အခွင့်အရေးသမားများစွာ၏ ဒုက္ခရောက်သူမဟုတ်ပဲ အခွင့်ရေး ယူမှုများကြောင့်မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မသိရ ပါ ။


ထိုအစီအစဉ်အတွက် မြန်မာသံရုံးမှ ပတ်စပို့စာအလုပ်ပြန်လည်ထုတ်ပေးရန် စီစဉ်ပေးမည်ဟု ကြော်ငြာခဲ့သည် ။ 
 
ထို့အတူ မြန်မာသံရုံးသို့ သွားရောက်လျှောက်ထားသူများ ပြောပြချက်အရ ၊ သံရုံးသို့ သွားရောက် လျှောက်ထားသူများအား မြန်မာအစိုးရ အရာရှိ ဟောင်းများ စပ်တူဖွင့်လှစ်သော EVERFINE ကုမ္မဏီ သို့သွားရောက် လျှောက်ထားရန် စေလွတ်ခဲ့ကြောင်းသိရသည် ။

တဖန် ယခု မြန်မာသံရုံးမှ 6P တွင် ပတ်စပို့စာအုပ်မရရှိသူများ မြန်မာသံရုံးတွင် လာရောက်လျှောက်ထားနိုင်ကြောင်း ကြော်ငြာသည် ။မည်သို့ဆိုစေ ယနေ့ ထိ ပတ်စပို့ ထုတ်ပေးနိုင်မှု မရှိသေးကြောင်း လျှောက်ထားသူများမှ သိခဲ့ရသည် ။

သို့ကြောင့် မလေးရှားရောက် မြန်မာများ အနေဖြင့် လက်ရှိ အစိုးရ၏ တာဝန်ယူပုံ ထိရောက် မှုများကို စောင့်ကြည့်ရန်သာရှိမည်ဖြစ်သည် ။

နိုငံတော် အစိုးရ၏ အုပ်ချုပ်ရေ ယန္တရား သစ်တွင် သမ္မတ တစ်ဦးကောင်းရံဖြင့် ကျွန်တော်တို မြန်မာနိုင်ငံသားများ အတွက် မျှော်လင့်ချက် နည်းနေဦးမည်ဟု ယူဆသည် ။ ခန့်အပ်ထားသော အရာရှိများ၏ သမိုင်း နှင့် လုပ်ရည်ကိုင်ရည်သည် ယခု ဦးသိန်းစိန် အစိုးရ ရှေ့ရေး အတွက် အဆုံးအဖြတ်များဖြစ်လိမ့်မည် ။

မလေးရှား အစိုးရမှ သူ့နိုင်ငံ ၊ ရေမြေ ပေါ်တွင် ရှိနေသော တရားမဝင် နေထိုင်သူများကို ဖမ်းဆီးခြင်းသည် သူတို့ သမိုင်းသူတို့ ရေးသားနေခြင်းဖြစ်သည် ။ မဝေဖန်လို ။

သို့သော် .....
နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ အတွက်

အထူးသဖြင့် မလေးရှား နှင့် ထိုင်းတွင် တရားမဝင် ဖြစ်ရခြင်းများ ။ မတရား လုပ်နေသော အဆိုပါနိုင်ငံများမှ အလုပ်ရှင်များကို ဥပဒေအရ အရေးယူရန် တောင်းဆိုးရန် ပေါ့လျှော့မှုများ ။ သိန်း နှင့်ချီသော နိုင်ငံသားများအတွက် အလုပ်သမား သံသမန် တစ်ဦးစီသာ ထားရှိဆောင်ရွက်နေပုံများ ။ အောက်လက်ငယ်သားမှ တင်ပြမှုများကို အရေးမလုပ် ဇိမ်ခံ ဝန်ကြီးလုပ်နေသော အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများ ။ မသွားရန် ဆုံးဖြတ်ထားသော နေရာကို ရောက်အောင်ပို့နေသော ခရိုနီ အေးဂျင်းများ ။ မြန်မာနိုင်ငံသားများ သေဆုံးနေသော်လည်း တရားခံများကို မြန်မာနိုင်ငံတွင် ပြည်သူသိအောင် တရားမစီရင်နိုင်သဖြင့် ဘာသာရေး အမုန်းပွားမှု တိုးနေခြင်းများ ။

ယနေ့တိုင် ကို့ယိုးကားယား ဖြစ်နေသာ မြန်မာသံရုံးများ စသဖြင့် .... ယနေ့ပုံစံအား အတိုင်း အစိုးရ ယန္တရားကို ဆက်လက်လည်ပတ်နေမည်ဆိုက ယခု အစိုးရ သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲနိုင်သော ပြည်သူရွေးချယ်မည့် အစိုးရ ၏ တရားစွဲဆိုမှုကို ရင်ဆိုင်ရန်သာ ရှိတောမ့ည် ။

ကျွန်တော်တို့ နိုင်ငံသားများသည် နိုင်ငံသားများ အရေးကို အလွယ်ဆုံးဖြတ်မည့် ၊ နီးစပ်ရာ အာဏာပိုင်အရာရှိများ ၏ စီးပွားရေး အဖြစ် လွဲပြောင်းပေးနေမှုများ ရှိနေမည်ဆိုပါက အဆိုပါ အစိုးရ၏ မည်သည့် ပါတီကိုမျှ မဲပေးမည်မဟုတ်တော့ပါ ။

ထိုအတူ အခွင့်အလမ်း ရှိလာမည်ဆိုပါက ကျွန်တော်တို့ ပြည်သူအပေါ် အမြတ်ထုတ် ၊ ခေါင်းပုံဖြတ် ၊ လဘ်စား ၊ နိုင်ငံသား ဖြစ်ခွင့်အား ငွေ တစ်သိန်းမျှဖြင့် ရောင်းစားရဲသော အာဏာပိုင်များကို တရားသဖြင့် ပြန်လည် တရားဆွဲဆို မည် ။

နှစ် ၅၀ ကျော် ဒုက္ခခံပြီး ၈၈ အရေးအခင်းကြောင့် မြန်မာပြည်ပြောင်းလဲလာမည့် မျှော်လင့်ချက်လေးသည် စစ်အစိုးရ၏ မိသားစု စီးပွားရေး ရှာဖွေပွဲအောက်တွင် ရေစုန်မျောရသည် ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်လဲ သားရေတွဲလို့ အဖွားအိုဖြစ်တော့မည် ။

သို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်သည် ကျွန်တော်တို့ ပြည်သူ လူထု အတွက် ရဲဝန့်စွာ ခေါင်းဆောင်ရွေးချယ်ရမည့် တာဝန်ကို အပြည့်ယူရတော့မည် ။

ထိုတာဝန်သည် နိုင်ငံသားတိုင်းတွင် ရှိသည် ။ တပ်မတော်သည် ပြည်သူမှဖြစ်သည် ။ တပ်မတော်သားသည် ပြည်သူမှပေါက်ဖွားသည် ။ သို့သော် ထိုသို့ ပြည်သူမှ ဖြစ်တည်လာသည့် တပ်မတော်အား ခုတုံးလုပ်ကာ တိုင်းပြည်အားရောင်းစားနေသာ အရာရှိများသည် တပ်မတော်မဟုတ်ပါ ။ ထိုအရာများသည် တပ်မတော်၏ ရန်သူအစစ်ဖြစ်သည် ။ ထို့အတူ အာဏာပိုင်များ ၊ အရာရှိများ၏ နိုင်ငံတော်အား ရောင်းစားနေမှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အနာဂတ်အတွက် အဆိပ်များဖြစ်နေလေပြီ ။

ထိုသို့သော တိုင်းပြည်၏ ရန်သူ များကို နိုင်ငံသားအားလုံး ညီညာစွာ တိုက်ထုတ်ကြ ရန် နှိုးဆော်ရင်း ...
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။