Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday, August 28, 2015

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း



Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်။ ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို max လောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်း ကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုး
Mail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… 

အဲ့မှာ ကံဆိုးတာက Hacked သွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…
ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Step ခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်းဆိုတော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ဘဲ တစ်နေ့တခြား User Security ကို အလေးနည်းနည်းပေးလာတာကို တွေ့ရပါတယ်။

ကျွန်တော်မှတ်မိသလောက်ကတော့ G-mail ရဲ့ Feature တွေ Themesတွေ ပြောင်းလာပြီး ကတည်းကပေါ့။ ဒီအကောင့်အတွက် ကံကောင်းတာတစ်ခုလို့ ဆိုရမလား Hack သွားတဲ့ သူရဲ့ ပေါ့ဆမှုတစ်ကွက်လွတ်သွားတဲ့ အပေါက်တစ်ပေါက်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ ထိုပါသွားတဲ့ မေးလ်ပိုင်ရှင်ရဲ့မလေးရှားနိုင်ငံမှာ ကိုင်တဲ့ ဖုန်းနံပါတ် SIM တစ်ခုက မြန်မာပြည်မှာ ရှိနေလို့
ဖြစ်ပါတယ်။ ဘယ်လို ပြန်ယူသလဲဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။


ထုံးစံအတိုင်းအရင်ဆုံး ကျွန်တော်တို့ G-mail login Page ကိုသွားပြီး
ပါသွားတဲ့ Mail နဲ့ Old Password ကို ရိုက်ထည့်လိုက်ပါမယ်

ထိုအခါမှာ Password မှားတယ်လို့ပြောမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အကောင့်ကပါသွားပြီး Password ပြောင်းခံလိုက်ရပြီလေ။ ဒီတော့ ကျွန်တော်တို့က Forgot Password? ကိုနှိပ်လိုက်ပါမယ်။ ဒါဆို ရင်တော့ အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာ သင့်ရဲ့ သုံးနေကျ Password (Old Password)ကို ရိုက်ထည့်လိုက်ရပါမယ်။ ဒီနေရာမှာ အရေးကြီးပါတယ်။ သင့်အကောင့်ကို Recovery ပြန်ဆွဲဖို့အတွက် G-mail Security Team ရဲ့ Informationလိုအပ်ချက်ထဲမှာ အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့က Continue ကို နှိပ်လိုက်ပါမယ်။ ထိုအခါအောက်ပါပုံအတိုင်းပေါ်လာမှာ
ဖြစ်ပါတယ်


ဒီနေရာမှာ ကျွန်တော်တို့က အကောင့်မပါသွားခင်တုန်းက မိမိရဲ့ အကောင့်ကို 2 Step မခံထားခဲ့ပါဘူး။ ယူသွားတဲ့ လူက ခံသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Info ကို အတိအကျ သေချာထည့်ပါမယ်။ ဒါကြောင့် မပါခင်က 2 Step မခံထားဘူးဆိုပြီး ရွေးချယ်ပြီး Continue ကို နှိပ်လိုက်ပါမယ်


ဒါဆိုရင် အထက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ကပါသွားတဲ့ Mail ကို ပြန်လိုက်ဖို့အတွက် ဆက်သွယ်ရန် E-mail နေရမှာ မိမိ ပြန်လိုက်မယ့် Mailကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့မေးလ်တစ်ခုဖြစ်တဲ့ Mr.zarnithannwynn@gmail.com ဆိုတာကိုရိုက်ထည့်လိုက်ပါတယ်။ နောက်တစ်ခုကတော့ မိမိ အကောင့်ကို ပြန်လိုက်ဖို့အတွက် လက်ခံထားတဲ့ ဖုန်းကို ဖြုတ်ဖို့နဲ့ မိမိကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၂လုံးကို ထည့်လိုက်မှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Continue ကိုနှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း


ပေါ်လာပြီဆိုရင် ကျွန်တော်တို့က မိမိအကောင့်ကို နောက်ဆုံး ၀င်သွားတဲ့ နေ့၊ လ၊ ခုနှစ်ကို အတိအကျထည့်ပါမယ်။ ဒီနောက် မိမိအကောင့်ကို ဘယ်လ ၊ ဘယ်နှစ်က ဖွင့်ခဲ့တာလည်း ဆိုတာကိုလည်း ခန့်မှန်း အနီးစပ်ဆုံးဖြစ်
အောင်ထည့်ပါမယ်။ ပြီးသွားရင်တော့ Continue ကို နှိပ်လိုက်ပါမယ်။ ပြီးသွား


အောက်ပါပုံအတိုင်းပေါ်လာရင် ကျွန်တော်တို့ ယခင်က တော်တော်များများလက် လျော့သွားကြတဲ့ နေရာပါ။ ဒီနေရာမှာ တစ်ခု ကျွန်တော် အထူးသတိပေးချင်ပါတယ်။ ဒီနည်းလမ်းက Security အရ Recovery ပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့် မိမိတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကလေးတွေကို လမ်းကြောင်းပြောင်းသွားပြီး မကောင်းတဲ့ဘက်ကို မရောက်သွားမိစေဖို့ပါပဲ။ အထူးသဖြင့် တကယ် အခက်အခဲရှိတဲ့ လူတွေကို ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းကြောင်းမမှားကြဖို့ အထူး သတိပေးပါတယ်။ ကဲဆက်သွားမယ်။ အောက်မှာ အနီရောင်လိုင်းတားထားတဲ့ နေရာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့


I Don’t Known My Password နဲ့ မိမိ ပါသွားတဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါမယ်။
ဒီနေရာမှာ အပေါ်ကလုပ်ဆောင်ချက်တွေအတိုင်းပြန်လုပ်ရမှာဖြစ်ပါတယ်။ စာမရေး
တော့ပဲ ပုံလေးတွေအစဉ်လိုက်ပြသွားပါ့မယ်


ဒီ့နောက်တော့ ကျွန်တော်တို့က လက်မလျှော့ပါနဲ့ မိမိ အကောင့်ထဲကို တစ်ချက်လောက်
ပြန်စစ်ကြည့်လိုက်ပါဦး။ ဒီနေရာမှာ လက်ရှိ G-mail ရဲ့ Weak Point လေးတစ်ခုပါပဲ…


ခုနက ဆွဲလိုက်တဲ့အကောင့်ကို Reset Link ပြန်ချပေးလိုက်ပါတယ်။ဒီကနေပဲ
တစ်ဆင့်ရှေ့ဆက်ပီးလုပ်သွားပါမယ်။ ဒီနေရာမှာ ကျွန်တော်က Privacy တွေ
ပါနေလို့ ပုံတွေမချပြတော့ပါဘူး ခိုးသွားတဲ့သူရဲ့ Info တွေတော့ပြောပေးပါ့မယ်။
ထိုသူက လက်ရှိအကောင့်ရဲ့ Recovery Mail ကို သူ့ရဲ့ mrbrillianto@yahoo.com
ဆိုတဲ့မေးလ်နဲ့ ပြောင်းသွားပြီး သူ့ဖုန်းနံပါတ် +6282257801076 ဆိုတဲ့ ဖုန်းတွေနဲ့
ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့်ပိုင်ရှင်ကံကောင်းတာက သူ့ရဲ
မလေးနိုင်ငံမှာသုံးတဲ့ဖုန်းတစ်လုံး ကျန်ခဲ့တာဖြစ်ပါတယ်။ ထိုနံပါတ် +60 13 XXXXXX
ဆိုတဲ့ နံပါတ်ကို ပြန်ထည့်ပီး Confirm Code ကို ပြန်ယူတာဖြစ်ပါတယ်။ Confirm Code
ကို ပြန်ယူတဲ့အခါမှာလည်း မိမိက နိုင်ငံခြားက ဖုန်းကို မြန်ာမပြည်ထဲမှာ သုံလို့မရဘူးလို့
အများက သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ကသတိမထားမိတာက မိမိဖုန်း
မှာ Dual SIM ဆိုရင် နှစ်သက်ရာ SIM Slot တစ်ခုခုမှာထည့်ပြီး မြန်မာပြည်ရဲ့ ဖုန်းမှ
အင်တာနက်ကိုဖွင့် Mobile Setting မှာ Roaming Services ကိုဖွင့်ပေးထားရင်
ထို နိုင်ငံခြားကဒ်က SMS လာဖို့အတွက် အလုပ်လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ ခုနက
မလေးက ဖုန်းနံပါတ်ကို Confirm Code လာတော့ အလွယ်တကူပင်ပြန်လည်
ရယူပြီးတော့မိမိ အကောင့်ကို ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့မှ ကျွ်နတော်
တို့က မိမိအကောင့်ကို ဘယ်သူ၊ ဘယ်နေရာကနေ ၊ ဘာ Devices သုံးသွားလည်း
ဆိုတာကို ဆက်လက်ကြည့်လိုက်ပါတယ်။ဒီလိုကြည့်ဖို့က မိမိ Mail ရဲ့အောက်ဆုံး
ထောင့်နားမှာရှိသော Details ဆိုတာကိုနှိပ်လိုက်ပြီး ကြည့်တာဖြစ်ပါတယ်။ ဒီအခါမှာ




အထက်ပါပုံအတိုင်း မိမိ အကောင့်ကို ဘယ်အချိန် ဘယ်နေရာကနေ ဘယ် IP သုံးပီးဝင်သွားသလဲ ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ IP သိပြီဆိုတော့မှ
ကျွန်တော်တို့က ထို IP အရ Location ကဘယ်နားကဆိုတာကို ခန့်မှန်းသိ
နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထို 139.228.88.79 ဆိုတဲ့ IP ကိုကူးယူပြီးတော့
www.whatismyipaddress.com မှာ IP Lookback နဲ့ ကြည့်လိုက်ပါမယ်။
ဒါဆိုရင် သူ့ရဲ့ Location



အထက်ပါပုံအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုသူက IP ကို Hide ထားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ……နောက်ပြီး ဒီအကောင့်ကို hack သွားတဲ့သူကလည်း ပါသွားတဲ့လူထံကို "မင်းအကောင့် ပြန်လိုချင်ရင် USD 50 ပေးရင်ပြန်ရမယ်" ဆိုပြီး ပြောလာတာဖြစ်ပါတယ်။ ဒါကြောင့် ပါပြီးပြီးချင်း မိမိရဲ့ Information အတိအကျကို တတ်သိနားလည်တဲ့လူထံ အကူညီတောင်းပြီး ပြန်လည်ရယူနိုင် ပါတယ်။.......ကဲ ဒီလောက်ဆို အဆင်ပြေမယ်ထင်တယ်။ ကျွန်တော် ထပ်ပီး အသေးစိတ်ရေးလိုက်ရင် စာဖတ်သူအချို့မှာ ကောင်းသော အမြင်ကို ရနိုင်သလို အချို့မှာလည်း မကောင်းသော အမြင်
ကိုရသွားမှာပါ။ စိုးရိမ်တာက အချို့နေရာလေးတွေ Hide ထားခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ လမ်းမှားကိုရောက်သွားမှာစိုးလို့ပါ။ ထို Hide ထားတာ
လေးတွေကို သိလိုပါက ကျွန်တော့ရဲ့ Official account ဖြစ်တဲ့ www.facebook.com/CZarni.86 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မရှင်းလင်းမှုများအတွက်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်


Cristiano Zarni@ဦးဇာနည်


တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Gmail 2-Step Verificationခံနည်း




Google 2-Step Verification

ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် Gmail ကို မိမိရဲ့ ဖုန်းနဲ့ ချိတ်ထားတဲ့ နည်းလမ်းပါပဲ။ Google 2-Step Verification လို့ ခေါ်ပါတယ်။ သူက ဘာတွေ စွမ်းသလဲ ဆိုရင် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Gmail Password ကို သိသွားတယ်။ ပြီးတော့ ဖွင့်ကြည့်တယ်ပေါ့ဗျာ။ Username လည်း မှန်တယ်။ Password လည်း မှန်တယ်။ ဒါပေမယ့် Gmail က ပွင့်မလာဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေတယ်။ ဒီအဆင့်ကတော့ မိမိရဲ့ ဖုန်းကို ပို့ပေးတဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းရခြင်းပါပဲ။
ဒီလို လုပ်ထားဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ အောက်မှာ ပုံတွေနဲ့တကွ ရှင်းပြထားပါတယ် ဒိက​နေသွားပါ အဲ့ဒီမှာ Get Started ဆိုတာ တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ


အဆင့် - ၁
Gmail Login ဝင်သလိုပါပဲ။ Username, Password ရိုက်ထည့်ပြီး ဝင်လိုက်ပါ

အဆင့် - ၂
အဆင့် (၄) ဆင့်ကို ဖြတ်ကျော်ရပါမယ်။
ပထမ အဆင့်အတွက် Phone Number ဆိုတာရဲ့ အောက်က Box ထဲမှာ မိမိရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးလိုက်ပါ။ How should we send you codes? ဆိုတာရဲ့ အောက်မှာ နှစ်မျိုး တွေ့ရပါလိမ့်မယ်။ အဲ့ဒီမှာ SMS နဲ့ ပို့ခြင်း၊ ဖုန်းခေါ်ခြင်း ဆိုတဲ့ (၂) ချက်ကို ရွေးချယ်နိုင်ပါတယ်။ SMS နဲ့ ပို့ခြင်းဟာ Error တွေ ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ Voice Call ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင် Send Code ဆိုတာလေးကို နှိပ်လိုက်ပါ

အဆင့် - ၃
Voice Call ရွေးချယ်ခဲ့တဲ့ အတွက်ကြောင့် မိမိရဲ့ ဖုန်းနံပါတ် ကို Google က ဖုန်းခေါ်လာပါလိမ့်မယ်။ ဒီအခါ ဟလို တွေ ဘာတွေ လုပ်နေစရာ မလိုပါဘူး။ သူပြောတာ နားထောင်ရုံပါပဲ။ ဘယ်ကမှန်း မသိတဲ့ မိန်းမကြီးက ကုဒ်နံပါတ်ကို နှစ်ခါပြန် ပြောပေးပါလိမ့်မယ်။ ဒီကုဒ်နံပါတ်ကို မှတ်ထားပြီး ဒီထဲမှာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Verify ဆိုတာလေးကို နှိပ်လိုက်ပါ

အဆင့် - ၎
ဒီအဆင့် (၃) မှာတော့ မိမိ လက်ရှိ သုံးနေတဲ့ ကွန်ပျူတာကို ယုံရမှာလားဆိုပြီး မေးတာပါ။ မိမိက ကိုယ်ပိုင် လက်ပကျွတ်၊ ကွန်ပူတာ တွေနဲ့ သုံးနေတာ ဆိုရင်တော့ Trust this computer? ကို အမှန်ခြစ်လေး ပေးလိုက်ပေါ့ဗျာ။ အကယ်၍ အများသုံး ကွန်ပြူတာ ဖြစ်နေမယ် ဆိုရင်တော့ Trust this computer? ကို အမှန်ခြစ်လေး ဖြုတ်ထားလိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ

အဆင့် - ၅
ဒါကတော့ နောက်ဆုံး အဆင့်ပါပဲ။ ဘာမှ လုပ်မနေပါနဲ့တော့။ Comfirm ကိုသာ နှိပ်ချလိုက်ပါ

အဆင့် - ၆
ဒီအဆင့် ကတော့ Google က သူ့ရဲ့ အခြားဟာတွေအတွက် Pasword အသစ် တောင်းတာပါ။ ဒါကလည်း ဖုန်းနဲ့ တွဲသုံးနိုင်ဖို့ အတွက်ပါပဲ။ လုပ်မယ့်လုပ် တစ်ခါတည်းသာ Join ထားလိုက်ပေါ့။ နောက်အခါ အလုပ်ရှုပ် သက်သာတာပေါ့ဗျာ။ Create Passwords ဆိုတာကိုသာ နှိပ်လိုက်ပါ။ Passwords အသစ် တောင်းတယ် ဆိုပေမယ့်လည်း ကိုယ့်ရဲ့ Gmail Password ကိုသာ ဖြည့်ပေးလိုက်ရုံပါပဲ

အဆင့် - ၇
ဒီလို ပေါ်လာရင်တော့ Gmail Login ဝင်သလိုပါပဲ။ Username, Password ဖြည့်ပြီး Verify ကိုသာ နှိပ်လိုက်ပါ

အဆင့် - ၈
ဒီလို ပေါ်လာပြီ ဆိုရင်တော့ Update Now ကိုသာ နှိပ်လိုက်ပါ

အဆင့် - ၉
နောက်ဆုံး ဒီလိုလေး ပေါ်လာခဲ့ရင်တော့ ပြီးသွားပါပြီ။ 2-Step Verification ကို On ပြီးသွားပါပြီ။

အဆင့် - ၁၀
ဒီလို လုပ်ထားလိုက်ခြင်း အားဖြင့် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password ကို သိသွားပြီး ဖွင့်ခဲ့ရင်လည်း ကုဒ်နံပါတ် တောင်းမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဖွင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က Trust this computer? ကို အမှန်ခြစ်ပေးမထားတဲ့ ကွန်ပြူတာ တွေကနေ ဖွင့်မယ်ဆို ကိုယ့်ရဲ့ ဖုန်းဆီကို ကုဒ် နံပါတ် လှမ်းတောင်းမှာပါ။ ကုဒ်နံပါတ် အမှန် ဖြည့်ပေးမှသာ Gmail က ပွင့်လာပါလိမ့်မယ်။ Trust this Computer? ကို အမှန်ခြစ် ပေးထားတဲ့ ကွန်ပြူတာတွေကနေ ဖွင့်မယ် ဆိုရင်တော့ နောက်တစ်ကြိမ် ပြန်ပြီးတော့ ဖုန်းဆီကို ကုဒ်နံပါတ် လှမ်းတောင်းမှာ မဟုတ်ပါဘူး
REFး မဟာရာဇာ အံစာတုံး

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Thursday, August 20, 2015

Q: Can I get hacked in Facebook?


Q: Can I get hacked in Facebook?

A : Facebook မှာ သတိမရှိတဲ့သူတွေသာ ဟက်ခံရတတ်မြဲပါ။ အကောင့်တစ်ခုကို ဟက်တဲ့အပိုင်းတွေက အများကြီးရှိပါတယ်။ အခြေအနေအထားအရပါ။ နှစ်ပိုင်းခွဲပြီးပြောကြတာပေါ့… ပထမတခုက Public ပါ။ နောက်တခုက Private ပါ၊ Public ဆိုတာ လူအများတကာ Share လုပ်တဲ့ဟာကို ပြောတာပါ… (ဥပမာ … ကွန်ပြုတာ ဆိုင်။ ကျောင်းသုံးကွန်ပြုတာ။ နောက် သူများကွန်ပြုတာလို့ လဲပြောလို့ ရပါတယ်) Private ဆိုတာ ကိုယ့်ဟာကိုယ် သုံးတဲ့စက်ပေါ့ဗျာ…

တကယ်လို့ သာ ကွန်ပြုတာ သုံးသူဟာ ၁) Public ကို သုံးတဲ့သူဟာ.. သူ့ အကောင့်ကို ၁၀၀% ဘယ်တော့မှ secure မဖြစ်ပါဘူး… ဥပမာ အင်တာနက်ဆိုင်ဆိုပါတော့ အင်တာနက်ဆိုင်က ကွန်ပြုတာတွေဟာ ဘယ်တော့ မှ ၁၀၀% clean မဟုတ်ပါ။ သူတို့ က ပိုက်ဆံရလျှင် သုံးလို့ ရအောင် သတ်သတ်သာဖွင့်ထားကြတာ သုံးတာတောင် License ရှိတဲ့ ဟာတွေ မရှိတာကများပါတယ်။ ဒါပေမယ့် လူတိုင်းကိုင် လူတိုင်းသုံးတော့ဗျာ Keylogger တွေခံရတတ်သလို Virus တွေလည်းခံရတတ်ပါတယ်၊

အင်တာနက်ဆိုင် လက်ဖက်ရည်ဆိုင်က WIFI ဘဲ သုံးတယ်ဘဲထား… LAN/Wifi ကနေသုံးတဲ့သူရဲ့  Secure Session တွေကို Hijack လုပ်ပါက သင့်အကောင့်ကို ယူသုံးလို့ ရတတ်ပါတယ်၊ (Secure Session ကို Hijack ဆိုတော့ Password တော့ သူတို့ မရနိုင်ပါ… အကောင့် ၀င်နေတဲ့အချိန်ပိုင်းသာ ရနိုင်ပါတယ်. အကောင့်ထွက်သွားလျှင် သူတို့ လဲသုံးလို့ မရပါ)

အင်တာနက်ဆိုင်ကို ထိုင်လျှင်တော့ ၁၀၀% Secure မဖြစ်ပေမဲ့ အင်တာနက်ဆိုင်က လူတွေ ညစ်ပတ်ပြီး Keylogger/Malware တွေ လုပ်ထားရင်တော့ ခံရတတ်ပါတယ်၊ ဒါပေမယ့် တချို့ သော Keylogger တွေကတော့ UTF စာဖြစ်တဲ့ မြန်မာစာတွေကို Log လုပ်တာ အဆင်မပြေပါဘူး။ Keylog ရရင်လည်း ပြန်ပြီး Encoding လုပ်ရပါတယ်။ သာမန်အဆင့်မရှိတဲ့ Script Kiddies တွေက ပြန်ပြီး Encoding လုပ်လို့ မရနိုင်ပါ၊ ဒါဆိုရင် ကိုယ့် Password ကို မြန်မာစာဖြင့် ပေးလို့ ရနိုင်ပါတယ်၊ (သတိပြုရန် = တခါတလေ.. ကိုယ့်ပြောင်းထားတော့ မြန်မာစာ Password နဲ့  ရိုက်တဲ့အခါ English နဲ့ ဝင်လျှင် မှားတတ်ကြတာတွေသတိပြုပါ၊ မြန်မာစာနဲ့ ရေးထားတဲ့ Password ကိုသာ ရေးထည့်ပြီး ၀င်ကြည့်ပါ)

Public Lan ဘဲဖြစ်ဖြစ် Public WIFI ဘဲဖြစ်ဖြစ်သုံးတဲ့လူတွေကတော့ VPN ကိုသုံးပါက မသာမှာသူက Sniffing လုပ်တဲ့အခါ Packages တွေ Session တွေကို Hijacked မလုပ်နိုင်ပါ၊ ကဲ VPN ဘဲသုံးကြပါ တကယ်လို့  သင်ဟာ သူများ Public WIFI ကို သုံးလျှင်၊

Private က လူတွေကို ဟက်ခံရပြီဆိုရင်တော့ အဲဒီလူဟာ EXE သို့ မဟုတ် ကွန်ပြုတာထဲကို Download လုပ်ပြီး သွင်းတဲ့ Malware တခုခုကြောင့် ဖြစ်နိုင်သလို Phishing link ကို သွားပြီး password ရိုက်ပေးပြီး ၀င်မိတာတို့ ကြောင့် ဖြစ်တတ်ပါတယ်၊

Facebook မှာ နောက်တခုက Download မလုပ်ဘဲခံရတတ်ကတော့ Facebook App ပါ။ ပေါက်တတ်ကရ Facebook App တွေကို Account နဲ့  Link လုပ်ခြင်းဖြင့် ခံရတတ်ပါတယ်၊ တခါတလေ မြင်မှာပါ Spam တွေ ကိုယ်မတင်ဘဲ ကိုယ်အစားတင်ပေးတဲ့ Post တွေ… post အောက်ဘက်မှာ တွေ့ မှာပါ Via this app name ဆိုတာတွေ။ မသိတဲ့လူတွေကတော့ သူများ လုပ်တိုင်း App တွေသွင်းလျှင် ကိုယ်လည်းသွင်းလုပ်လျှင် သူများခံသလို ကိုယ်လည်းခံရတတ်ပါတယ်၊ App တွေကို ဒီနေရာမှ Remove လုပ်နိုင်ပါတယ် http://www.facebook.com/settings?tab=applications ။ ယုံကြည်ရတဲ့ App ကို သုံးရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ၊ တကယ်လို့  App က Spam လုပ်ပြီဆိုလျှင် အဲဒီ App ကို Report လုပ်ပြီး Remove လုပ်ထားလိုက်ပါ၊

နောက်တခုကတော့ သူငယ်ချင်း ၃ ယောက်နည်းပါဘဲ၊ လူတွေ လာလာ အပ်တိုင်း ကိုယ့်ဟာကိုယ် နာမည်ကြီးနေပြီလို့  မထင်ပါနဲ့  ။ ကိုယ့်ကို လူတိုင်းသိနေပြီလို့  မထင်ပါနဲ့ ၊ ကိုယ့်ကိုယ်အမြင်ကတ်လို့  အလွတ်ဆုံးနည်းလမ်းဖြင့် လာရောက် Friend request လုပ်ပြီးနောက် စကားပြောဟန်ဆောင်ပြီးလုပ်က Password reset ချနိုင်တယ်ဆိုတာ သတိပြုပါ၊ ဒါပေမယ့် အမြဲတမ်း Online မှာ တက်နေတဲ့ သူတွေအတွက် ဘာမှ မဖြစ်နိုင်ပါ၊ ပြီးတော့ Account အတွက် Security Question ကို ချထားသူများအတွက် ပိုပြီးကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ Security Question က Password recovery လုပ်တဲ့အခါအရင်မေးတတ်ပါတယ်၊ တကယ်လို့  ပထမဆုံးသူတို့  Security Question မမှန်ကန်ပါက သူတို့  Three Friends Steps ကို သွားခွင့်မပေးပါဘူး။ Security Question Disable ဖြစ်မှသွားမှသာ Three Friends Selection ကို ရနိုင်မှာဖြစ်ပါတယ်၊ Three Friends Selection ကို ရသွားရင်တောင် ၂၄ နာရီလုံးလုံး အချိန်စောင့်နေရမှာဖြစ်ပါတယ်၊

EXE တွေ File တွေ ပြီးတော့ Phishing Link တွေကို မသာမှာသူများက လာရောက်ပြောဆိုသွားတာကို ယုံကြည့်လို့  လုပ်မိသူများသာ ခံရတတ်ပါတယ်၊

ရှင်းရှင်း ပြောရလျှင် ဟိုမရ ဒီမရကောင်လေးတွေ ဘာမှန်းမသိ Hacking ကိုလုပ်နေတယ်ဆိုသူတွေက အများကြီး အဲဒီနေရာမှာ ခံရမြဲပါ၊ သာမန်လူနဲ့  အဲဒီလိုလူ နှစ်ယောက်ကို ဟက်မယ်ဆိုရင်ဟိုမကျ ဒီမကျ Hacking ဆိုတဲ့ စကားပြောနေတဲ့ကောင်လေးကို အရင်ဟက်လို့ ရနိုင်ပါတယ်၊

ဘာဖြစ်လို့ လဲဆိုတော့ အဲလိုလူတွေကို အယုံသတ်ရတာ လွယ်သလို .. ဟေ့ဒီမှာ ဟိုဟာကို Hack လို့ ရတဲ့ Tools ကို သုံးကြည့်ပါလားဆိုပြီး ထိုးထည့်လိုက်ရင် သူ့ တို့ ကတော့ ကိုယ့်ဟာကို ဆရာကြီးလို လုပ်ပြီး Fake Ware ကို သွားပြီး Download လုပ်ပြီး ဖွင့်ကြည့်ပါက ခံရတတ်မြဲပါ၊ သာမန်လူမှာက အဲလိုဟာမျိုးတွေက မလိုတာ၊ ဘာလုပ်မှာလဲ အချိန်ကုန်ခံပြီးတော့လေ၊

ကဲ သူများတွေ ဘာပေးပေး သတိနဲ့  နေရင် ဘာမှမဖြစ်ပါဘူး (အေးအေးဆဲဆဲနေမယ်) ဆိုရင် ဘာမှမဖြစ်ပါဘူး၊ ကိုယ်မသိတဲ့လူက ပို့ လို်က်တဲ့ Email တွေမှာ ပါတဲ့ File တွေကို ပြီးတော့ Offical site မဟုတ်ဘဲ file shared မှာ Download ရမယ့် Link တွေကို ဆိုရင် သတိထားပါ၊ သူများ Tools တွေ Software တွေ လာပေးပါက Official site Link ကိုတောင်းပါ၊ မပေးနိုင်လျှင် Fakeware (malware) ဖြစ်ပါတယ်။ Tools EXE files တွေ လာပေးပါက နာမည်မေးပါ… ဘယ်ဟာလဲ.. ဘာလုပ်တာလဲ… ပြီးတော့ Google မှာ ရှာလျှင် အဲဒီဟာက ဘာလုပ်တာလဲ ဆိုတာ သိနိုင်ပါတယ်၊

Facebook ကို Secure လုပ်ချင်လျှင် http://facebook.com/hacked ကို သွားလိုက်ပါ။ ပြီးလျှင် Step By Step Facebook လုပ်ခိုင်းအတိုင်း Password/Security Question ချလိုက်ပါ၊

ပြီးတော့ လူတိုင်းက Password တစ်ခုတည်းကို နေရာတိုင်းတွင် သုံးလေ့ရှိပါတယ်၊ အဲသလိုမျိုး ထားတာ မကောင်းပါဘူး။ တခုခံရလျှင် နောက်တခုလည်း တပါတည်း ခံရတတ်ပါတယ်၊ အဲဒါကြောင့် တခုနဲ့  တခုထားတဲ့ ဟာတွေ ကို မတူပါစေနဲ့ ၊

နောက်ဆုံးပိတ်အနေနှင့် ပြောရလျှင် ရိုးရိုးလေးသာ Facebook ကို သုံးလျှင် ဘာမှမဖြစ်နိုင်ပါဘူး၊(အကောင့်ဟက်ခံရတာ ပြောတာပါ)၊ အကောင့် Report ခံရလို့  ပိတ်သွားလျှင် တာကတော့ တမျိုးပေါ့ဗျာ၊


credit to Bug Lab :P

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

3 trusted friendsဖြင့် Facebook အကောင့်ယူနည်း နှင့် ကာကွယ်နည်း






အခုပြောပြမယ့်လမ်းကတော့ လူတိုင်းသတိမထာမိတဲ့အချက်တွေပါ သတိပြုမိတဲ့သူတွေလည်ရှိမှာပါ မရှိတဲ့သူတော့ တော်တော်များပါတယ် ကျနော်တွေ့သမျှတော့ တော်တော်များတယ် ဒါပေမယ့်လည် သွာမပြောရဲဘူး တော်ကြာကိုယ်ပြောပြီးမှ သူ့အကောင့်တစ်ခုခုဖြစ်တယ်ဆို ပြသနာရှာမှာဆိုလို့။ ကျနော်တွေ့သမျှ

ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေးပြောပါတယ်.ကိုယ်တွေအချင်းချင်းတော့မပြောရဲလို့ အခုလိုပိုစ့်လေးတင်ဖြစ်သွာတာပါ အောက်မှာလေ့လာကြပါ











အထက်ပါပုံအတိုင်း ကျနော်တို့ ပြစ်မှတ်ရဲ့ဖေ့ဘုတ်အကောင့်က About ကိုနှိပ်ပြီးဝင်လိုက်ပါမယ် Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့်

ဖေ့ဘုတ်မေလ်ကိုတော့မဖွက်ထာတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေလ်နဲ့အကောင့်ကိုယူပါမယ်..ပုံမှာပါတဲ့မေလ်ကို Copyကူးယူလိုက်ပါ..ထို့နောက်



အဆင့်-1





Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါမယ်

ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။





အဆင့်-2





Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါ ..ဖြည့်ပြီးပါက Search ဆိုတာကိုနှိပ်ပါက ကျနော်တို့လိုခြင်းနေတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။





အဆင့်-3





အထက်ပါပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီးမေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ





အဆင့်-4





အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျနော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account ဆိုတာပေါ်နေပြီး။လက်ရှိအသုံးပြုနေဆဲဆိုပါက No longer have access to these?ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲအကောင့်ပါ.အဲဒီတော့ No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်





အဆင့်-5





I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း

Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.

ဆိုပြီးတော့ boxထပ်ကျလာပါမယ်အဲဒီမှာ email address ဖြည့်စွက်ရမယ့်မေလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေလ်အသစ်ဖြစ်ရပါမယ်.အဲဒီမှာပုံအတိုင်း

မေလ်ကိုနှစ်ကြိမ်းဖြည့်ရပါမယ်သို့သော် ကျနော်တို့ဖြည့်လိုက်တဲ့မေလ်ကို ဖေ့ဘုတ်ကနေ မေလ်ပို့လာမှာမဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့ Security layerကြောင့်ပါ။

ကယ်ကျနော်တို့မေလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။





အဆင့်-6





အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထာပါ..ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ





အဆင့်-7



စပါပြီး 3 trusted friends အစီစဉ်ကျနော်တို့ရယူမယ့် Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့

3 trusted friends အစီစဉ်အောင်မြင်အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့အကောင့်3ခုကိုရွေးလိုက်ပါမယ်

အကောင့်3ခုရွေးပြီးပါက Continueဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continueဆိုတာကိုနှိပ်ပါ)





အဆင့်-8



အထက်ပါပုံအတိုင်း သူငယ်ချင်3းယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။





အဆင့်-9





အထက်ပါပုံအတိုင်း ကျနော်တို့ရွေးချယ်လိုက်တဲ့ အကောင့်3ခုကို ကုဒ်တွေပို့လာပါမယ် အဲဒီကုဒ်တွေကို ဖြည့်ပြီးပါက Submit Condes ဆိုတာကိုနှိပ်ပါက.။

အဲဒီအဆင့်ပြီးတာနဲ့ -ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီး..။



ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းပါ ဘာTool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီလောက်လွယ်တာလည်ဆိုတော့ Security Question ကိုမခံထာလို့ပါ တကယ်လို့ Security Questionခံထာလည် လွယ်တဲ့ Security Questionပြုလုပ်ထာပါကလည် ရယူသွာပါမည်။

ကျနော်တို့အနေနဲ့ အကောင့်ယူလို့မအောင်မြင်ရင်တောင် အဲဒီအကောင့်သေချာပေါက် Lock ကျပါမယ်.အင်မတန် ကြောက်စရာ ကောင်းပါတယ်။


ကာကွယ်ရမယ့်အချက်တွေကတော့


1- Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထာပါ။

2- Facebook ကပေးတဲ့ Emailကိုလည် Only Me လုပ်ထာပါ

3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ

4-ကိုယ့်မသိတဲ့ သူတွေလာအက်ရင်လက်မခံမို့ပါ



Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေယူသွာမှာပေါ့။ Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့်ဟက်ခံရခြင်းမှစိတ်ချရပါမယ်။



အဓိကသတိပေးခြင်းတာကတော့ Security Questionလေးလေးနက်နက်ပြုလုပ်ထာပါလို့အကြံပြုခြင်းပါတယ်။



အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့်ကမ်းမျှဝေးပေးပါရန် တိုတ်တွန်းလိုက်ပါသည်။

Credit to Original Writer

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Message ကို Free ပို့နည်း


သူများဆိုဒ်မှာ တွေ့မိလို့ တစ်ဆင့်မျှဝေလိုက်တာပါ။ သူပြောတာတော့ CDMA နဲ့ GSM ၅သိန်းတန်ပဲ ရတယ်လို့ ပြောပါတယ်။ ရ၊ မရတော့ စမ်းသုံးကြည့်ပေါ့ဗျာ။ ဗဟုသုတရတာပေါ့။ တကယ်ရတော့လည်း အမြတ်ပေါ့။ ကျနော်တော့ ၁၅၀၀တန် ဆင်းကဒ်လေးပဲ ကိုင်နိုင်တော့ လက်တွေ့ မစမ်းဖြစ်လို့ပါ။ မရရင် နားလည်ခွင့်လွှတ်ပေးပါ။ ရရင်လည်း အကြောင်းပြန်ဦး။ :)
*******************************************************************

GSM Message ကို Free ပို့လို့ရပါပြီ
တိုတိုတုတ်တုတ်ပဲပြောမယ်နော်။

၁။ သင့်ဖုန်းကGSMဖုန်းဖြစ်ပါစေ။
၂၊ ဖုန်းရဲ့ Message ကိုသွားပါ။
၃။ Message Setting ကိုဝင်ပါ။
၎။ Message Center ကိုသွားပါ။
၅။ အဲဒိမှာ *********003 လို့တွေ့ပါလိမ့်မယ်။
၆။ အဲဒိက နောက်ဆုံးနှစ်လုံး 03 ကို 14 လို့ပြင်လိုက်ပါ။
၇။ ပြီးရင်အပေါ်မှာဘာမှမရေးထားရင် SIM Center 1 လို့ပြင်လိုက်ပါ။
၈။ တစ်ချို့ဖုန်းတွေမှာပြင်စရာမလိုပါဘူး။
၉။ ပြင်ပြီးသွားပြီဆိုရင် ပိုက်ဆံစစ်ပြီး တစ်စောင်လောက်စမ်းပို့ကြည့်ပါ။
၁၀။ ပိုက်ဆံကုန်တယ်ဆိုရင်
အထက်ပါအချက်တွေကိုပြန်စစ်ပါ။ ပိုက်ဆံမကုန်တော့ဘူးဆိုရင်တော့ အောင်မြင်သွားပါပြီ။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

သင့်ရဲ့ GMAIL ကိုအလုံခြုံဆုံးဖြစ်ချင်လား? 2 STEP VERIFICATION


2 step verification ဆိုတာက Gmail ရဲ့ security option အသစ်တစ်ခုဖြစ်ပါတယ်။

option ဆိုတဲ့အတွက် ဒါကိုသုံးမယ်မသုံးဘူးဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှု့ပဲဖြစ်ပါတယ်။

ဒါပေမယ့်တော်တော်လေးကို secure ဖြစ်ပါတယ်။

လွယ်လွယ်ကူကူနားလည်အောင်ဥပမာပေးရရင် အခုကျွန်တော်တို့ Gmail ကို sign in

လုပ်နေတာက one way method နဲ့ပါ။

ကျွန်တော်ကကျွန်တော်ပဲသိတဲ့ စကားစုတစ်ခုကိုပေးတယ် Gmail က approve လုပ်ပေးတယ်

ဘာလို့လဲဆိုတော့ Gmail ကလဲကျွန်တော့်ရဲ့စကားဝှက် ကိုသိနေလို့ပဲ

အဲ့တော့ကျွန်တော်ကပဲ Gmail ကိုစကားဝှက်ပေးတာ Gmail ကသူ့ဆီမှာရှိတာနဲ့တူမတူစစ်ကြည့်ပြီးလက်ခံပေးတာ။အဲ့တော့ကျွန်တော်ကပဲပေးတဲ့အတွက် one way method ပဲ။

အခု 2 step verification က two way method. ဘာလို့ ဒီလို method ရှိသင့်တာလဲ။ လွယ်လွယ်ကူကူရှင်းပြပါမယ်။

>ဘဏ်မှာငွေထုတ်တာနဲ့တူတယ်ဗျ။ ဘဏ်ကိုကိုယ်တိုင်သွားတယ်

မှတ်ပုံတင်ပြပြီးကိုယ်တိုင်ငွေထုတ်တယ်။

>ဘဏ်ကိုကိုယ်တိုင်သွားတယ် ဘဏ်က agent ဆိုတဲ့သူနဲ့တွေ့တယ်

အဲ့လူကသူငွေထုတ်ပေးပါမယ်ဆိုပြီးပြောလို့

မိမိမှတ်ပုံတင်ပေးလိုက်တယ် အဲ့လူ လိမ်သွာတယ် မိမိပိုက်ဆံပါသွားတယ်။

one way method မှာ အခုလို ဘဏ်အေးဂျင့်အယောင်ဆောင်

Gmail log in page အတုတွေပေါ်လာပြီး password တွေ

hack ခံရတယ်။ ဒါမှမဟုတ် keylogger တို့လို software တွေကြောင့်လဲပါတာပေါ့။ နည်းလမ်းပေါင်းစုံနဲ့ပါ။

အခု 2 step verification မှာ သင်ကသင့်ရဲ့ စကားဝှက်ကိုပေးလိုက်တယ်

Gmail က approve လုပ်တယ်။ နောက် Gmail က internet လိုင်းမဟုတ်တဲ့

တခြားလိုင်းကနေ hacker တွေမသိအောင် (တစ်ခါသုံး)code တစ်ခုပြန်ပေးတယ်။ အဲ့ code ကိုမှန်အောင်

ပြန်ထဲ့နိုင်ရင် သင့်ရဲ့ account ကိုဖွင့်ပေးလိုက်တယ်။

ဘယ်လိုမျိုး 2 step verification ကို activate လုပ်မှာလဲ။ အောက်မှာပုံလေးတွေနဲ့ပြထားပါတယ်။

ပုံမှာပြထားတဲ့အဆင့်အတိုင်းသွားပြီး သင့်ရဲ့ ဖုန်းနံပတ်ထဲ့ပြီး Send code ကို click လိုက်ပါ။

gmail ကသင့်ဖုန်းထဲကို verification code ပါတဲ့ message တစ်စောင်ပို့ပါလိမ့်မယ်

အဲ့ထဲကကုဒ်နဲ့ verify လုပ်လိုက်လို့အဆင်ပြေတယ်ဆိုရင်

save လိုက်ပါ။ ဒါဆို 2 step verification activate ဖြစ်သွားပါပြီ။

printable back up code ဆိုတာက သင့်ရဲ့ဖုန်းပျောက်သွားတဲ့အချိန် တနည်းအားဖြင့်

သင့်ရဲ့ gmail verification code ကိုလက်မခံနိုင်တော့တဲ့အချိန် မှာ

အပေါ်က back up code တွေနဲ့ sign in ဝင်လို့ရပါတယ်။ ကုဒ်တစ်ခုကို တစ်ခါ sign in ဝင်လို့ရမှာပါ။

ဒီ back up code တွေကို print ထုတ်ပြီးစိတ်ချရတဲ့ကိုယ်နဲ့မကွာရှိမယ့်

တစ်နေရာရာမှာသိမ်းထားပေါ့၊ ပိုက်ဆံအိတ်လိုမျိုးထဲမှာပေါ့။

အဲ့ဒါရော ဖုန်းရော ပျောက်သွားပါပြီတဲ့။ other way to get a verification code ဆိုတဲ့ option ကို

click ပြီး recovery ပြန်လုပ်လို့ရပါတယ်။ အသေးစိတ်ကိုတော့အောက်ကလင့်ထဲမှာသွားကြည့်နိုင်ပါတယ်

http://support.google.com/accounts/bin/static.py?hl=en&topic=10…

တစ်ခြား third party application တွေအတွက်လဲ gmail က application-specific password ဆိုတဲ့နည်းနဲ့

secure ဖြစ်အောင်လုပ်ထားပါသေးတယ်။ ဒါပေမယ့် ဒါကတော့နောက်နေ့မှပေါ့ အချိန်မရတော့လို့ပါ :)

အခု 2 step verification ကဘယ်လိုအသုံးဝင်ပြီး secure ဖြစ်လဲ။ စဉ်းစားကြည့်ရအောင်

သင့် gmail ကို login ဝင်လိုက်တဲ့အချိန် သင့်ရဲ့ gmail password ကို တစ်ယောက်ယောက်က

hack လိုက်ပြီဆိုပါတော့ gmail က သင့် password ရရုံနဲ့သင့် account ကိုဖွင့်ပေးမှာမဟုတ်ပါဘူး။

နောက်ပြီး gmail verification ကုဒ်က hacker ရှိနိုင်မယ့်internet line ကနေလာတာမဟုတ်ပါဘူး။ သင့်ရဲ့မျက်စိနဲ့တကိုယ်ရေသုံးပဲမြင်နိုင်မယ့် သင့်ရဲ့ လက်ကိုင်ဖုန်းထဲကို

message ပို့ပေးတာဖြစ်တဲ့အတွက် hacker ဘယ်လိုမှမသိနိုင်ပါဘူး။

အဲ့ဒီမှာ Hacker ဆိုတာက kyelogger နဲ့ gmail login page အတုတို့ကိုဆိုလိုတာပါ

gmail က login page ကနေအစသုံးနေတုန်းရယ် နောက်ပြီး log out လိုက်တဲ့အထိ

secure ဖြစ်တဲ့ https:// နည်းပညာကိုသုံးထားတဲ့အတွက် secure ဖြစ်ပါတယ်။

သင့်ကို keylogger နဲ့ hack ရင် hack တဲ့သူက သင့်ရဲ့ password ကိုသိသွားမယ်ဆိုပေမဲ့

သူဘယ်လိုမှ verify လုပ်လို့ရမှာမဟုတ်ပါဘူး။ gmail login page အတုလုပ်ထားရင်လဲအတူတူပါပဲ

password မှန်ပါစေအုံးသင့်ရဲ့ account ကိုသူလုံးဝ access လုပ်လို့ရမှာမဟုတ်တဲ့အပြင်

သင် login ဝင်ဖို့လဲ မကြိုးစားပဲနဲ့သင့်ဖုန်းထဲကို verification code တွေဝင်လာရင် သေချာပါပြီ။

သင့် account hack ခံထားရပါပြီ။

Credit to Original Writer

မျှဝေသူ – တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

G-Mail Account Lock ကျသွားလျှင်ဖြေရှင်းနည်း




G-mail သုံးစွဲသူတွေအတွက် G-mail အကောင့်တွေ Lock ကျသွားတာတွေကြုံဖူးမှာပါ။ အကောင့်ကိုဝင်လိုက်ရင် username နဲ့ password လည်းမှန်တယ်။ အကောင့်က၀င်လို့မရဘဲ စာလုံးလေးတွေရိုက်ပြီးဝင်ခိုင်းတယ်။ ၀င်တော့လည်းမရဘူး။ နောက်ထပ်ပြောင်းပြီးရိုက်ခိုင်းနဲ့ ရွာပတ်နေတတ်ပါတယ်။ G-Mail အကောင့်များပျက်သွားပြီလား၊ သုံးလို့များမရတော့ဘူးလားဆိုပြီးစိတ်မပူပါနဲ့.။ 

အောက်မှာပေးထားတဲ့လင့်လေးကနေသွားလိုက်ပါ.။ Googleက အဲ့လိုပြဿနာတွေကြုံလာရင် ဖြေရှင်းဖို့နည်းလမ်းလေးပေးထားပါတယ်.။ တကယ်လို့ ကိုယ်သုံးနေတဲ့ G-Mailအကောင့် လော့ကျနေတယ်ဆိုရင် အောက်မှာ ပေးထားတဲ့ လင့်ကို သွားပါ။ ပြီးရင် Username နဲ့ Password ရိုက်ထည့်ပါ။ ပြီးရင် ပေးထားတဲ့စာလုံးလေးတွေကို မှန်အောင်ရိုက်ထည့်ပေးပါ။ ပြီးရင် unlock ကို နှိပ်လိုက်ရုံပါပဲ။ လော့ကျနေတဲ့ G-mail အကောင့်လေးပြန်ပွင့်သွားပါလိမ့်မယ်.။


ဒီနေရာလေးကနေသွားလိုက်ပါ


မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။