Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts

Thursday, August 20, 2015

ကျမက ကြောင်တောင်တောင်ပါမောင်





ကျမက ကြောင်တောင်တောင်ပါမောင်
*************************************

ကျမက ကြောင်တောင်တောင်ပါ မောင်
နွေခေါင်ခေါင်မှာ အနွေးထည်ဝတ်ပြီး
ဈေးအလယ်မှာ စွာကျယ်စွာကျယ်နဲ့
ကမ္ဘာ့မယ် စတိုင် အပိုင်လုပ်လို့
ဘိုင်စကုပ်ထဲက မင်းသမီးလို
အမူပိုပို လူပျိုမြင်ရင် ပြုံးပြုံးပြ
ကျမက ငတုံးငအပါ မောင်။


မယ်တော် မော်ဒယ်တွေကို အားကျ
တစ်ပိုင်းတစ်စ အင်္ကျီလက်ကျပ်ကိုဝတ်ပြီး
ပိန်ဆေးတွေ အ၀တီးလိုက်တာ
အရိုးပြိုင်းပြိုင်း ပတ္တလားဆိုင်းလို ဖြစ်နေပြီမောင်။

ကျမက ပဒိုင်းပွင့်ပါ မောင်။
ကြောင်တောင်တောင် ငနဲတွေအတွက်
ဆေးချက်ဆိုလဲ မမှား
ကျမမျက်တောင်ကော့တွေကြားမှာ
တစ်ယောက်ပြီး တစ်ယောက်
ကားကနဲ ကားကနဲ လဲပြိုကျ
ကျမက လက်ဝှေ့သမပါ မောင်။

မောင်ရယ်
ကြောင်တောင်တောင်ကျမလေ
မောင်နဲ့တွေ့မှ ကြွေကျသွားတယ်
ထမီမမပြီး မောင့်နောက်က လိုက်ချောင်း
အခေါက်တစ်သောင်းလည်း မကတော့ဘူး မောင်။

မောင့်အကြည့်တစ်ချက်ကြောင့်
ကျမ ဘိနပ်ပျက်ခဲ့ရ
စိတ္တဇတွေနဲ့ အိပ်မရတဲ့ညတွေမှာ
ဂစ်တာတစ်လက်နဲ့
အိမ်ကနတ်ကျော်နဲ့ အတူတူ
အပြိုင်အူပစ်လိုက်တယ် မောင်။

မောင်
မောင့်ကို တစ်နေ့မတွေ့ရရင်
ကြောင်တောင်တောင် မက်တပ်ရပ်လို့
ထမင်းအငတ်ခံ ဆန္ဒပြကျောင်းသားတွေလို
နှလုံးသားကို ဒဏ်ခတ်
ထမင်းအငတ်ခံခဲ့ပေါင်းလည်း များလှပြီ
ကျမ ငိုရီနေရပြီ မောင်။

ကျမက အချစ်ရူးပါမောင်
ဗေလုဝတောင် ဆလံသလို့
ကိုမိုးဒီတောင် သြချ
ပေါသမျှထိပ်ခေါင်
ချောနှမ မယ်ကြောင်ကို
မောင်မောင် ထွေးသိပ်
မောင့်ရင်မှာ ခဏမှေးအိပ်ပါရစေ
ကျမက ကြောင်တောင်တောင်ပါ မောင်။

Credit to အလွမ်းသခင်မလေး နန်းမမ

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
27-6-2015
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, August 18, 2015

လူပျိုကြီး၊ အပျိုကြီးဆိုသည်မှာ





မတောက်ပချင်လို့ မှိန်ချင်ယောင်ဆောင်နေတာ။
အချိန်မရွေး အရည်အချင်းစစ်
အမြဲတောက်ပနေတဲ့ ပြည်တန်ပတ္တမြားတွေ။


တွေ့တိုင်းလည်း မကြိုက်၊
ပေးတိုင်းလည်း မယူ
အနာဂတ်တွေးခေါ်နိုင်သူကို အပျိုကြီး၊ လူပျိုကြီးလို့ခေါ်တယ်။

မရခဲ့တာ မဟုတ်ဘူးနော်။
လမ်းလျှောက်လို့ ခလုတ်တိုက်လဲရင်တောင်
ဒူးမှာ ရည်းစားစာ ကပ်ပါလာတာ...။

Fb ဖွင့် ပုံတင်ရင်တောင် နှစ်ရက်နဲ့ လူပြည့်။
တစ်ပတ်နဲ့ Follow သိန်းကျော်သွားတာ။
Discount { ဒစ်စ်ကောင့် }တွေ့တိုင်း ၀င်ရွေးစရာလား!
အဲဒါ.... တစ်နှစ်လုံး လက်ကျန်အပယ်တွေ။
ထောင်ချောက်ကို ရဲရဲကြီးခုန်ချရအောင် အသိဉာဏ်မဲ့မှ မဟုတ်တာ။

အချစ်က မျက်ကန်းတစ္ဆေတဲ့။
ကိုယ်တွေက မကန်းတဲ့ လူကောင်းမို့ မချစ်တာ။
ဒုက္ခိတတွေပဲ ချစ်ကြပါစေ။
အိမ်ထောင်ဆိုတာ စာလုံးလှလှလေးနဲ့ စာရိုက်ထားတဲ့ နှစ်ဦးသဘောတူ အကျဉ်းစခန်း စာချုပ်ကြီးပါ။

လူ့သက်တမ်း တိုတိုလေးမှာ ဒုက္ခလှလှကို လိုက်ဝယ်တာ လူတွေပဲရှိတယ်။
ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်ယူ၊ ဘုရားဖူးဆုတောင်း၊ သံသရာကင်းလွတ်ဖို့ အခွင့်အလမ်းကို သံယောဇဉ်အမျှင်လွတ်တဲ့ ကိုယ်တွေက အခွင့်ပိုများတယ်။

လူပျိုကြီး၊ အပျိုကြီး ဖြစ်လာတယ်ဆိုတာ
ကံတော်တော် ကောင်းလွန်းလို့၊
ဉာဏ်ရည်မြင့်သွားလို့၊
စဉ်းစားဆင်ခြင်နိုင်သွားလို့၊
အတွေးအခေါ်မြင့်သွားလို့၊
ထောင်ချောက်တွေကို ကျော်လွှားလာနိုင်လို့၊
အပူဆိုတာ သိသွားလို့။

အလကားနေ အူတိုစရာမလိုဘူး။
အိမ်ပြန်ချိန် ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူး။
ကိုယ်ရှာ ကိုယ်သုံး၊ ကိုယ့်စိတ်ကိုယ်ပိုင်
ကိုယ့်လွတ်လပ်ခွင့် ကိုယ်အပြည့်ရထားတယ်။

အိမ်ထောင်သည်ဘ၀နဲ့ လူပျို၊ အပျိုဘ၀ဆိုတာ
ရွှေခွက်ကို ပဲကြီးလှော်နဲ့ လဲစားတဲ့သူတွေနဲ့ တူတယ်...။
မသိသေးရင် မှတ်ထား...
လူပျိုကြီး၊ အပျိုကြီးဆိုတာ
စိတ်သွားတိုင်း ကိုယ်ပါပြီး
လိုရာဆန္ဒ ပြည့်စုံနေတဲ့သူတွေ...။ ။

Credit to UlayKyi (ကိုလင်း)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
7-7-2015
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Monday, August 17, 2015

မိန်းခလေးတို့ မှတ်သားဖို့






ရင်ထုပြီး လင်လုတဲ့ ခေတ်ဆိုတာ ခပ်ချာချာ အထာနဲ့တွေးတဲ့ ယောက်ျားတွေနဲ့ ဘ၀ကို ရေစုန်မျော အချစ်ကို ရောင်းစားလို့ ဘ၀ဆိုတာ i-Phone တစ်လုံးစာလောက်လို့ လွယ်လွယ်တွေးပြီး အပျိုစင်ဘ၀ကို စတေးတတ်တဲ့ မိန်းမတွေရဲ့ လက်သုံးစကားပါမောင်။


နက်ရှိုင်းစွာ ချစ်တိုင်း အပျိုစင်ဘ၀ကို စတေးပြီး သက်သေပြဖို့ မလိုတာ “ချစ်သူဘ၀”ပါ။
အတွေ့အထိကို သာယာ ဆန္ဒကို သိက္ခာနဲ့လဲနိုင်တဲ့ ယောက်ျားဆိုတာ တစ်ဘ၀စာ ယုံကြည်လောက်တဲ့ ယောက်ျားမဟုတ်ဘူးလို့ လက်ခံထားတဲ့ ကျမအတွေးက ခေတ်နောက်ပြန်ဆွဲသတဲ့လား မောင်။


မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ ကြီးတဲ့ ကျမ မြန်မာဆန်ဆန်ဝတ်တာ ဒိတ်အောက်နေသတဲ့လား မောင်။

အီတီတီစကားတွေနဲ့ ချွဲပျစ်ပျစ် မပြောတတ်တဲ့ ကျမရဲ့စကားလုံးတွေက ရင့်သီးနေတယ်တဲ့လား မောင်။


ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းမတစ်ယောက်မို့ မောင်ပေးတဲ့ အကူအညီတွေတိုင်းကို မသက်သာတဲ့အခါမှ ယူတဲ့အခါ မာနကြီးတယ်တဲ့လား မောင်။


မဟုတ်ရပါဘူး။ မိဘတွေ ဆုံးမထားဖူးတဲ့စကားတစ်ခုက ခင်ပွန်းယောက်ျားမဟုတ်တဲ့ သူစိမ်းယောက်ျားဆီက အကူအညီဟာ နောက်ကွယ်မှ ပြန်ပေးရမယ့် အရာတွေ တစ်သီကြီး ပါလာတတ်တယ်ဆိုလို့ပါ မောင်။


ကျမ မြန်မာမိန်ခလေးတစ်ယောက်ပါ မောင်။ အရှက်တရား အကြောက်တရားနဲ့ သိက္ခာတရားကို အသက်လို တန်ဖိုးထားတဲ့ မိန်းခလေးမို့ ထွက်သွားမယ့် ယောက်ျားတစ်ယောက်ကို ဒူးထောက်ပြီး ဆွဲမထားသလို၊ ဖြတ်ခုတ်ပြီး အရှက်မဲ့စွာ တွဲရဲတဲ့ မိန်းမကိုလည်း အပြစ်မဆိုတော့ပါဘူး မောင်။


စကားတစ်ခွန်း ကြားဖူးမှာပေါ့ မောင်။ “တူရာ တန်ရာပဲ ရတယ်ဆိုတာ”လေ။

တကယ်တော့ ဖိနပ်ပြတ်နဲ့ ခွေးငတ်ဆိုတာ တူရာတန်ရာလို့ လက်ခံပြီး ကျမ မောင့်အတွက် ချစ်ဖူးသမျှ ရေစက်ချပြီး အမျှဝေပေးလိုက်ပါတယ် မောင်။


Credit to အမုန်းတိမ်တိုက်လေး


တစ်ဆင့်မျှဝေသူ - တပွင်သားလေး

7-8-2015

သုတ-ရသ-ဟာသများစုဝေးရာဆိုတဲ့ fb like page တွင် တင်ခဲ့ဖူးသည်။ အကောင့်ဝင့်မရတော့သည်ဖြစ်၍ မိမိရဲ့ဒီ ဘလော့လေးတွင် ပြန်တင်းခြင်းဖြစ်သည်။
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Wednesday, December 17, 2014

စိတ်သဘောထား

ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ

I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလည်း ပျော်ရွှင်စေတယ်
...
N = သင်ဟာ အလုပ်မရှိရင် မနေတတ်သူ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတတ်သူ

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထားတဲ့ A ကနေ Z ထဲ ကသာရှာကြည့်ကြပေတော. ။ Good Luck

A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ်

B = သင်ဟာ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်

C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည့်ရှိတယ်

D = သင်ဟာ လူတစ်ယောက် ကို ယုံကြည်ဖို့ အင်မတန် ခက်ခဲတယ်

E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ

F = သင့်မှာ ချစ်မွှေး ပါတယ်

G = သင့်ဟာ လူတွေကို အကဲခတ်အရမ်းတော်တယ်

H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး

I = သင်ဟာ အမြဲတမ်း ပြုံးနေပြီး သူတစ်ပါးကိုလည်း ပျော်ရွှင်စေတယ်

J = သင့်မှာ မနာလိုမရှုစိတ် ရှိတယ်

K = သင့်မှာ စူးစမ်း စမ်းသပ်လိုစိတ် ရှိတယ်

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ

M = အောင်မြင်မှုတွေကို သင်အလွယ်တကူရတယ်

N = သင်ဟာ အလုပ်မရှိရင် မနေတတ်သူ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတတ်သူ

O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ

P = သင်ဟာ အင်မတန် ရည်မွန်ပြီး နားလည်မှု အပြည့်ရှိတယ်

Q = သင်ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်

R = သင်ဟာ လူမှုရေးကိစ္စ္စ္စတွေမှာ မပါမဖြစ်

S = သင်ဟာ သဘောထား ကြီးတယ်

T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်

U = သင့်ကိုယ်သင် အားလုံးနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ မှတ်ယူထားတယ်

V = သင့်ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်

W = သင်ဟာ သင့်ကြောင်းတွေကို သူများကို မပြောပြချင်ဘူး

X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး

Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်

Z = သင်ဟာ အမြဲတမ်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။