Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label နှလုံးသားရေးရာ. Show all posts
Showing posts with label နှလုံးသားရေးရာ. Show all posts

Thursday, August 20, 2015

နားလည်မှ ချစ်ပါ



နားလည်မှ ချစ်ပါ
*******************

သင့်ကို နားလည်မှု ပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက် ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။


သင့်ကို နားလည်မှု မပေးနိုင်သူ တစ်ယောက်က နောက်ဆုံးမှာ သင့်ကို ဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။

အဲဒီတွေးတောစရာက လူ့ဘဝမှာ ``နားလည်မှုရှိတာ´´ဟာ ``ချစ်တာ´´ ထက် ``ပိုအရေးပါတယ်´´ ဆိုတာပဲဖြစ်တယ်။

``အချစ် ´´ရဲ့ အမြင့်ဆုံးအဆင့်က ``နားလည်မှု´´ ဖြစ်တယ်။

” နားလည်တာလား ! ချစ်တာလား ! ” ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့်
သဘောထားပြီး လူအများက ``ချစ်တယ်´´ ဆိုတာကို ရွေးချယ်တတ်ကြတယ်။

နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့
ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး…

မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊
လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း
မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ ဖြစ်တယ်။

လူ့လောကထဲမှာ အချင်းချင်း နာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့

ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ် ဘူး။ နားလည်မှု မရှိကြလို့ ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှု
ပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။

အသည်းကွဲ လမ်းခွဲချိန်ရောက်မှ အရင်က နားလည်ခဲ့တဲ့ ``နားလည်မှုတွေ´´ ဟာ ``နားလည်မှုအလွဲ´´ တွေဆိုတာကို သူတို့သိကြရတယ်။

** မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

** ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့
ယောက်ျားလေးတွေက ထင်ကြတယ်။

** ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။

** သင့်ကို နားလည်မှု ပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

** သင့်ကို နားလည်မှု မပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

** သင့်ကို နားလည်မှု ပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊
ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း
ပျော်ရွှင်မှုတွေ ခံစားစေတယ်။

** သင့်ကို နားလည်မှု မပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။
ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း
ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှု ပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ…

ချစ်တယ်ဆိုတိုင်း နားလည်မှု ပေးနိုင်သူ မဟုတ်ပါဘူး။

အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။

ဒါပေမယ့် အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည် သဘောပေါက်လိုက်တာက

``နားလည်မှု မပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်
ညှင်းပန်းမှုများလေ´´ ဆိုတာပဲဖြစ်တယ်။

မချစ်ခင် နားလည်မှုရအောင် တည်ဆောက်ပါ … နားလည်မှချစ်ပါ။

Credit: 99 Sanay

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ကောင်လေးတွေ မသိကြဘူး




*****************************

** ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို…


ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။

** ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို…

ကောင်မလေးတွေက တကယ်စားချင်နေတာ မဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။

** ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင် လိုချင်တာလဲဆိုတာကို...

ကောင်မလေးတွေက တောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။

** ကောင်လေးတွေမသိဘူး ကောင်မလေးတွေ ဘာကြောင့်ကောင်လေးကို အလုပ်ကြိုးစား ခိုင်းတာလဲဆိုတာကို….

ကောင်မလေးတွေက ကောင်လေးလာတောင်းမယ့်နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။

** ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ…

ကောင်မလေးတွေလည်း အဘွားကြီးတစ်ယောက် အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ စိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ…

ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့ မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ…

ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာ ရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စား မျှော်လင့်မိတာပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ….

ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ…

ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင် သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ စိတ်ကောက်ရတာလဲ….

ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ စိတ်လည်းမကောက် ရန်လည်းမဖြစ်ဘဲ တိတ်ဆိတ်နေရတာလဲဆိုတာ…

ကောင်မလေးခံစားနေရတာ ဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေ အရင်ရည်းစားကို မေးမေးနေတာလဲဆိုတာ…

ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။

** ကောင်လေးတွေမသိဘူး
ဘာကြောင့် ကောင်မလေးတွေက ကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ….

ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမယ့်ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေ သူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့ သေချာနားထောင်ပေးနေတာပါ။

Credit to original writer

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
19-6-2015
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, January 27, 2015

အချစ်အကြောင်း (4) မျိုး

လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း ကိုယ့်ချစ်သူပေါ်မှာ ချစ်တဲ့အချစ်တွေလည်းအမျိုးမျိုးရှိကြမှာပါ..


ဘယ်သူမဆို ကိုယ့်ချစ်သူကိုကိုယ်သာ အချစ်နိုင်ဆုံးထင်တတ်ကြမှာပါ ... ခုလည်းအဲ့လိုချစ်ကြတဲ့ အချစ်တွေအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ် ဟေဇွန်ဖတ်ဖူးတဲ့စာအုပ်လေးထဲကပေါ့ သူငယ်ချင်းတချို့လည်းသိပြီးသားဖြစ်မှာပါ
အချစ်မှာ လေးမျိုးရှိတယ်တဲ့

(1) Ego Love
(2) One sided Love
(3) Bind Love
(4) True Love ဆိုတာရယ်

(1) Ego Love ဆိုတာကတော့ ကိုယ်ကပဲ ရယူချင်တယ် ပိုင်ဆိုင်ချင်တယ် ဆိုတဲ့ အချစ်မျိုးပေါ့ ဘယ်သူနဲ့မှလည်းစိတ်မချဘူး တစ်ယူသန်ပေါ့နော် ဒါကြောင့်ချစ်သူနဲ့ အဆင်ပြေနိုင်ဖို့ခက်ခဲပါလိမ့်မယ်

(2) One sided Love ဆိုတာကျ Ego Love နဲ့ ပြောင်းပြန် ကိုယ်ကပဲ ကိုယ့်ချစ်သူကိုပေးဆပ်ချင်တယ် အနစ်နာခံချင်တယ် အသေးအမွှားလေးက အစ လိုက်လုပ်ပေးတယ် တစ်ခါတစ်လေကျ အဲ့လိုမျိုးကြောင့် တစ်ဖက်လူကမနေတတ်ဖြစ်ပြိး ကိုယ့်ချစ်သူနဲ့သိပ်အဆင်မပြေနိုင်ပါဘူး

(3) Bind Love ဆိုတာကျတော့ အချစ်အတွက် အသက်ပဲသေသေဆိုတာမျိုး ဘာမဆိုလုပ်လိုက်မယ်ဆိုပြီးစိတ်ရူးပေါက်တဲ့အချစ်မျိုး ဒါပေမဲ့ အဲ့ဒီအချစ်မျိုးတွေဟာ ရေရှည်မတည်မြဲနိုင်ပါဘူး ကောက်ရိုးမီးလိုပဲ ဖြစ်တတ်တာများပါတယ်

(4) True Love ကတော့ ရယူခြင်းတွေ ပေးဆပ်ခြင်းတွေ မရှိဘူး ကိုယ်သူ့ကိုချစ်တာ တစ်ခုတည်းပဲ အသည်းကွဲတာတွေဘာတွေလည်းမရှိဘူး သူနဲ့မပေါင်းရလည်းကိစ္စမရှိဘူး သက်ဆုံးတိုင်သူ့ကိုပဲ စိတ်ထဲမှာထားတယ်ဆိုတာ မျိုးပေါ့


ကဲ ခုလောက်ဆို သူငယ်ချင်းတွေလည်း ကိုယ့်ချစ်သူကိုဘယ်လိုအချစ်မျိုးတွေနဲ့ ချစ်ကြလည်းဆိုတာ စဉ်းစားကြည့်ပေါ့နော် ကိုယ်နဲ့အဆင်ပြေတဲ့အချစ်မျိုးကိုလည်း ကိုယ့်ချစ်သူနဲ့တိုင်ပင်ကြည့်ကြပေါ့


ချစ်သူတိုင်းပေါင်းဖက်နိုင်ပါစေ...............


hay zun naing
[Reference: Myanmar Friends Group Website]

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, December 26, 2014

လက်မထပ်သင့်တဲ့ ယောင်္ကျား (၅) မျိုး

ကဲ ကိုယ်ချစ်တဲ့သူက ဘယ်လိုယောင်္ကျားအမျိုးအစားလဲဆိုတာ တွဲလာတဲ့သက်တမ်းကို ကြည့်ပြီး ပျိုမေတွေ သိလောက်ပြီပေါ့နော်။ သူတို့ဟာ လက်ထပ်ဖို့ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာ ခွဲခြားနိုင်ဖို့ ဟောဒီအချက်ကလေး တွေကို ဖတ်ကြည့်လိုက်ပါ။

၁။သူ့အလုပ်ကို သေမလောက် မုန်းနေတဲ့ ယောင်္ကျားမျိုး။

တစ်ရက်တစ်ရက် အလုပ်ကြောင့် စိတ်ပျက်လက်မှိုင်ချနေတတ်ပြီး အလုပ်ကိုလည်း မရှိလို့သာ လုပ်နေရတာ၊ သေမလောက် မုန်းနေတယ်ဆိုရင်တော့ ဒီလိုယောင်္ကျားမျိုးကို ကိုယ့်အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ သေချာစဉ်းစားပါ။ ဒီလို ယောင်္ကျားမျိုးဟာ ဒီ့ထက်ကောင်းတဲ့အလုပ်မျိုးကိုလည်း မရှာချင်ဘူး။ အလုပ်ကိုလည်း လက်ကြောတင်းအောင် မလုပ်ချင်တဲ့သူမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ကြာရှည် သင့်အချစ်ရေးကိုပါ ထိခိုက်စေလာနိုင်တာဖို့ သင်ပါ စိတ်ဆင်းရဲ ရမှာ အသေအချာပါပဲ။

၂။အလုပ်မှအလုပ် ဖြစ်နေတဲ့ ယောင်္ကျားမျိုး။

ပထမအချက်နဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမှာပေါ့။ သူဟာ အလုပ်ကြိုးစားတယ်ဆိုတာမျိုးထက်ကို ပိုပြီး အလုပ်ကို နေ့မအား၊ ညမအားလုပ်တတ်တဲ့သူ ဖြစ်နေမယ်။ ကိုယ်လိုချင်တာတွေကို သူဝယ်ပေးလို့ ကိုယ်ပိုင်ဆိုင်နိုင်မယ်ဆိုပေမယ့် ကိုယ့်အတွက် သီးသန့် အချိန်မပေးနိုင်တဲ့ ယောင်္ကျားမျိုးကလည်း အိမ်ထောင်ရေး သာယာစေဖို့ စွမ်းဆောင်နိုင်မယ်လို့ မမျှော်လင့်ပါနဲ့။

၃။အမေကို တုန်နေအောင် ကြောက်ရတဲ့ယောင်္ကျားမျိုး။

တစ်ချို့ယောင်္ကျားတွေဟာ အမေချစ်တဲ့ သားမျိုးတွေ ဖြစ်နေတတ်ပါတယ်။ အမေမှအမေ၊ အမေဘာပြောပြော အမေ့စကားနားထောင်မယ်။ ပြီးမှ ချစ်သူဖြစ်မယ် ဆိုတဲ့ ယောင်္ကျားမျိုးပေါ့။ အမေက သွားဆိုသွား၊ လာဆိုလာ၊ အသက်ရတဲ့အထိ အမေရဲ့ထိန်းကွပ်မှုအောက်မှာ ပိပြားလွန်းနေတဲ့ ယောင်္ကျားမျိုးဆိုရင်လည်း ဒါရှောင်သင့်တာပဲ။ စဉ်းစားကြည့်လေ။ ချစ်သူများနေ့မှာတောင် ကိုယ့်အတွက်ရော၊ အမေ့အတွက်ပါ ရေမွှေးအမျိုးအစားတစ်ခုတည်းကို တစ်ယောက်တစ်ပုလင်း လက်ဆောင်ဝယ်ပေးတတ်တဲ့ ယောင်္ကျား အိမ်ထောင်များကျရင် ဘယ်လိုဖြစ်မလဲလို့။

၎။သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ဘယ်တော့မှ မဆုံပေးချင်တဲ့ ယောင်္ကျားမျိုး။

လူတစ်ယောက်ကို လေ့လာတော့မယ်ဆိုရင် သူ့ရဲ့အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆက်ပုံကိုကြည့်ရင် ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိပါတယ်။ သူကတော့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့မပြောနဲ့ ကိုယ့်ဘက်က တွေ့ဖို့ပြောရင်တော့ ထားလိုက်ပါကွာ ဆိုပြီး ငြင်းဆန်တတ်သူဆို၇င်တော့ ဒါဟာ တစ်ခုခုမှားနေပြီမို့ ယူဖို့အထိ မတွေးဖို့လိုပါပြီ။

၅။ကိုယ်သူ့ကို ရွေးချယ်ခဲ့တာဆိုတာကို မယုံကြည်နိုင်တဲ့ ယောင်္ကျားမျိုး။

ဒါကို မြင်လိုက်ရင် ဟယ် ဒီလိုယောင်္ကျားမျိုးက ဘာများ မရွေးချယ်စရာရှိလို့လဲ။ ကိုယ့်ကိုတော်တော်ချစ်လို့ ဒီလိုတွေးတာပေါ့လို့ ထင်နိုင်ပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူမှသာ ဒီလိုစကားမျိုး ထပ်ခါထပ်ခါ ပြောတတ်တာပါ။ ကိုယ်ယူမယ့် ယောက်ျားဟာ ယုံကြည်မှုလွန်ကဲနေတာမျိုး မဖြစ်သင့်သလို ကိုယ်ကိုယ့်ကိုယ် လုံးဝယုံကြည်မှုမရှိတာမျိုးလည်း မဖြစ်သင့်ပါဘူး။


Credit: Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, December 23, 2014

လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမ (၅) မျိုး



မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီတော့ ဘ၀တစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက်ကို ရွေးချယ်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။

၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။

သင်ဟာ ယောင်္ကျားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ၀ယ်ပေးခဲ့ရတယ်။ နှစ်ယောက်သွား အပြင်သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း အဲ့ဒီအချိန်အလုပ်ကထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်းဝယ်တဲ့အခါ သူ့နာမည်နဲ့ ၀ယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးဟာ ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့ လိုပါပြီ။

၂။ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿ နာရှာတတ်တဲ့ လူမျိုးဆိုရင်။

ကိုယ့်ချစ်သူကို သ၀န်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ နာရှာပြီး ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေအနေမျိုးက ကြာရင် ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။

၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။

ကိုယ့်ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။ အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ နားလည်ထားလိုက်တော့ပေါ့။

၎။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။

သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့ ဆုံးဖြတ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့ အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက်ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ သေချာသိလာမှာပါ။

၅။သင်ချည်းပဲ တစ်ဖက်သတ်ချစ်နေရတာမျိုးဆိုရင်။

သူကအယူချည်း၊ ကိုယ်ကအပေးချည်း။ ဒါ့အပြင် သင်ကချည်း တစ်ဖက်သက်ချစ်နေရပြီး သူ့ဘက်က ချစ်တယ်သာပြောတယ်၊ ကိုယ့်ကိုအရေးမပေး၊ အဖက်လည်း သိပ်မလုပ်တဲ့ မိန်းမမျိုးဆိုရင်လည်း ကိုယ့်ဘက်က အိမ်ထောင်ဖက် အဖြစ်ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ စဉ်းစားရမှာတွေ အများကြီးပေါ့။

Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

မိန်းကလေးတွေ သူ့ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချတာ ဒီလိုအချက်တွေကြောင့်ပါ



အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။

၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်

သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။

၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

၎။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်

အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။

၅။သင့်မှာ ဘ၀အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်

ဘ၀ကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။

Ref:mensxp.com
Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, December 19, 2014

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ ဘယ်လောက်ချစ်သလဲဆိုတာက ဒီအတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး...

သူ ဖြစ်စေချင်သလို ကိုယ့်ဘက်က ဖြည့်ဆည်းမပေးနိုင်တော့တဲ့အချိန်...
သူနဲ့ကိုယ် ရန်တွေဖြစ်ကြလို့ ကိုယ့်ဘက်က အလျှော့မပေးမိတဲ့အချိန်...
သူနဲ့ကိုယ် အခြေအနေအမျိုးမျိုးကြောင့် ဝေးကွာနေကြချိန်ကျမှပဲ...

သူ ကိုယ့်အပေါ်ကို ဘယ်လောက်ချစ်သလဲ
သူ ကိုယ့်ကို ဘယ်လောက်အလေးအနက်ထားသလဲ
ကိုယ်က အရမ်းကောင်းမှ သူက ပြန်ကောင်းတာလား
ကိုယ့်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ

သင့်ကို သူ ဘယ်လောက်မစွန့်လွှတ်ဘဲ တောင့်ခံထားနိုင်သလဲဆိုတာနဲ့
ဆုံးဖြတ်နိုင်ပါတယ်...

တချို့က အရမ်းပိုင်ဆိုင်ချင်ကြပေမယ့် စိတ်ပျက်စရာကြုံလာတာနဲ့
သင့်ကို အလွယ်တကူပဲ စွန့်ခွာတတ်ကြသလို...

အချို့ကကျတော့လည်း သင့်ဘက်က အလျှော့ပေးနေသရွေ့တော့
အဆင်ပြေနေပေမယ့် သင့်ဘက်က နည်းနည်းလေးအလျော့မပေးလိုက်တာနဲ့ စွန့်ခွာချင်လာသလို...

အချို့က သင့်ထက်သာတဲ့လူတစ်ယောက်နဲ့ တွေ့တဲ့အခါမှာ
အလွယ်တကူပဲ သင့်အပေါ် အေးစက်သွေးအေးသွားတတ်ကြတယ်လေ...

အချို့ကကျတော့ သင့်ဘက်က အချိန်ပေးနေသရွေ့တော့ အဆင်ပြေနေပေမယ့် သင့်ဘက်က ဂရုမစိုက်နိုင်တော့ရင် သင့်ကိုစွန့်ခွာလာချင်တတ်ကြတယ်လေ..

အဲလိုလူတွေနဲ့တွေ့ခဲ့ရင်
သူတို့ဟာ သင့်အပေါ်မှာ တကယ်မချစ်ခဲ့တဲ့လူတွေဆိုတာ သိနိုင်ပါတယ်...

အဲလိုလူတွေနဲ့ လမ်းခွဲရရင်လည်း
တကယ်ဝမ်းနည်းရမှာက သင်မဟုတ်ပါဘူး....
သင့်ကိုမချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာထက်
ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူတို့က ဆုံးရှုံးမှုပိုပြီးများတာပါ..

သင့်ကို တကယ်ချစ်တဲ့လူဆိုတာ
သင် သူ့အပေါ်ဘယ်လောက်ဆိုးဆိုး သူတတ်နိုင်သလောက် သည်းခံပေးသလို သင့်အပေါ်မှာ အပြည့်အ၀နားလည်ပေးတတ်သူပဲဖြစ်ပါတယ်...

တကယ်လို့ အခြေအနေတွေ အကြောင်းဖန်လာလို့
သင့်အပေါ် တကယ်ချစ်ခဲ့တဲ့လူဟာ သင့်ကိုစွန့်လွှတ်ခဲ့ရရင်တောင်
အဲဒါ သူ့ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တခုပဲ ဖြစ်ခဲ့မှာ သေချာပါတယ်...

-----------------------------------------------------

" In the version of 37"
Credits: ကောင်မလေးရဲ့ကောင်ကလေး
posted by: We live in Philosophy

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ဖောက်ပြန်ချင်နေသော ယောက်ျားများအား ဆုံးမရန်




(မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ်)

မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား

မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ

မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။

မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

မယားငယ် - သူမကွာရှင်းဘဲနဲ့ ကျွန်မက သူနဲ့ ဘယ်လိုလက်ထပ်လို့ရမှာလဲ

မိန်းမ - Sorry. အဲဒါသူ့ကိစ္စပါ

မယားငယ် - သူကရှင့်ကိုတောင် မချစ်တော့တဲ့ဟာ ရှင်မကွာပေးဘူးလား။ ရှင့်နေရာမှာ ကျွန်မသာဆို အစောတည်းက ကွာပေးလိုက်ပီ

မိန်းမ - သြော်ဟုတ်လား။ ကွာတာမကွာတာ ကျွန်မကိစ္စပါ

မယားငယ် - ရှင်ငကြောင်ပဲ

မိန်းမ - သူခိုးကလူဟစ်လို့ရှင်

မယားငယ် - ရှင်မကွာပေးဘဲ နေတော့ရော သိသိကြီးနဲ့ ရှင်ဒီလို နေရတာကောင်းမလားရှင့်

မိန်းမ - ဒါကျွန်မကိစ္စပါ။ ကျွန်မကျေနပ်တယ်။ ဘာဖြစ်လဲ

မယားငယ် - ကျွန်မသူနဲ့ နေ့တိုင်းတွေ့တယ်။ အရမ်းချစ် အရမ်းကို ယုယကြင်နာတာ နေ့တိုင်းပဲ

မိန်းမ - အဲဒါရှင်တို့ကိစ္စလေ။ ကျွန်မကို အစီရင်ခံနေစရာမလိုပါဘူး။ ဒါပေမယ့် ရှင်အစီရင်ခံမှတော့ ကျွန်မက ခွင့်ပြုပေးရမှာပေါ့။ တစ်ခုပဲ သတိပေးလိုက်မယ်။ နောက်ကလေးရှိမှ မီးဖွားစရိတ်မရှိဖြစ်နေအုံးမယ်နော့

မယားငယ် - ကျွန်မတို့မှာ ကလေးမွေးစရာ ပိုက်ဆံမရှိဘူးလို့ ရှင့်ကို ဘယ်သူပြောလဲ။

မိန်းမ - သိတာပေါ့။ ကျွန်မယောက်ျားရဲ့ ပိုက်ဆံတွေအကုန် ကျွန်မကို သူအပ်ရတာလေ။ ရှင့်ကို ပေးတာရှိခဲ့မယ်ဆိုရင်တောင် အဲဒါ ကျွန်မ နှုတ်ဆိတ်ခွင့်ပြုခဲ့တဲ့ ပိုက်ဆံပဲ။ ယောက်ျားတွေဆိုတာ ဒီလိုပဲလေ ထမင်းစားရတာ များတော့လည်း အချို အချဉ်လေး ပြောင်းစားချင်ကြတာပေါ့။ အမှိုက်တွေမှန်း သိပေမယ့်လည်း ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ကြတာမဟုတ်ဘူးလေ။ ဒီတော့ ကျွန်မကလည်း သူ့ကို အဲဒီ အမှိုက်စားဖို့ မုန့်ဖိုးလောက်တော့ ပေးရတော့တာပေါ့။ နောက်ပြီး ရှင်ကရော သူရှင်နဲ့ တကယ် ကလေးမွေးချင်ပါတယ်လို့ ရှင်ထင်နေတာလား

မယားငယ် - ကျွန်မမွေးကို မွေးဦးမယ်။ ရှင်ကွာမလား မကွာမလား စောင့်ကြည့်ကြတာပေါ့။

မိန်းမ - မကွာပါဘူး။ ရှင်မွေးပီးတဲ့ အခါမှသာ။ ကျွန်မကို ဖုန်းဆက်လိုက်။ ကျွန်မ တရားရုံးကသူတွေနဲ့ လာခဲ့မယ်။ လင်ခိုးမှုနော်။ ရှင်သုံးခဲ့တဲ့ ပိုက်ဆံတွေ အကုန်ကျွန်မကို ပြန်ပေးရမှာ......ရှင့်ကလေးကို မွေးပီးမှ ကျွေးမွေးစောင့်ရှောက်တဲ့သူမရှိ ဖြစ်မှာမကြောက်ဘူးဆိုရင် မွေးသာမွေး။ အဲဒါ ရှင့်ကိစ္စပဲ

မယားငယ် - ရှင့်ယောက်ျား အခြားမိန်းမနဲ့ အတူတူနေတာကို ရှင်လက်ခံနိုင်လို့လား။

မိန်းမ - လက်ခံနိုင်တာပေါ့။ ပိုက်ဆံမပေးရတဲ့ကြက်က ပိုက်ဆံပေးရတဲ့ကြက်ထက် အများကြီးသက်သာတယ် မဟုတ်လား။ ကျွန်မ ယောက်ျားက အဲလိုချွေတာလိုက်လို့ ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ကျွန်မလည်း ကြက်ကလေး ဘာလေးဝယ်ပေါင်း ပြီး ကိုယ့်ကိုကိုယ် အားဖြည့်လို့ရတာပေါ့

ဒီမှာတင်ပဲ မယားငယ်ဟာ ငိုပြီးဖုန်းချသွားသတဲ့ကွယ်


(This is How You Talk My Sisters )


Credit To Yu Hninn Liu
Jay Ki
Zuri's Beauty Hub

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။