Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label ရင်တွင်းခံစားချက်. Show all posts
Showing posts with label ရင်တွင်းခံစားချက်. Show all posts

Friday, January 16, 2015

Post Type: Love

ဆုံးရှုံးရမှာ ကြောက်လို့  မာနကို မေ့ပစ်ထားလိုက်တယ်......

ထားရစ်ခဲ့မှာ ကြောက်လို့ အားလုံးကို နားလည်ပေးလိုက်တယ်...

ပိုင်ဆိုင်ထားတဲ့ အချစ် ပျက်ဆီးသွားမှာကြောက်လို့ အရှုံးပေးနေမိတယ်...

တွဲထားတဲ့လက် ခိုင်မြဲဖို့ အတွက် အရာရာကို ငါ့အမှားလို့ ခံယူလိုက်တယ်...

ငါမဟုတ်တဲ့ သူ ပိုင်ဆိုင်သွားမှာကြောက်လို့  နင့်ကို မစွန့် လွှတ်ချင်တဲ့
အတ္တတွေတော့ ငါ့ မှာ ရှိနေတတ်တယ်......

နင့်ကို မြတ်နိုး တန်ဖိုးထားလွန်းတဲ့ ငါလေ တစ်ခါတလေတော့
နင့်ရဲ့ ဥပေက္ခာတွေကြောင့် နာကျင်စွာ ခံစားနေရတတ်တယ် .....

အရာရာကို နင့်အတွက် နင့်အတွက် ဆိုပီးဖြစ်နေတတ်တဲ့ ငါ
နင့်ရဲ့ ဂရုစိုက်မှုလေးတွေကိုမျှော်လင့်ရင်း ပျော်နေတတ်တာပါ....

( ကျေးဇူးပြုပီးငါ့ အချစ်တွေကိုနားလည်ရင်း အရင်ကထက်တိုး တိုးပီး
ချစ်ပေးပါနော်ချစ်သူ........ ငါ နင့်ကို အရမ်းချစ်တယ် ချစ်သူရယ် )

Shared from Today Myanmar Page (FB)

မျှဝေခံစားမိသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

တကယ်ချစ်တဲ့ ယောင်္ကျားတစ်ယောက်ဟာ....

ဘယ်လောက်ပဲ ခက်ခဲမူတွေကို ရင်ဆိုင်နေရပါစေ...
ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ အခြေနေဖြစ်နေပါစေ...
ဘယ်လောက်ပဲ ပြင်းထန်တဲ့ ပင်ပန်းမူတွေဖြစ်နေပါစေ...
သူချစ်တဲ့ မိန်းခလေးအနားကနေ ထွက်ခွာမသွားတက်ကြဘူး....။


တကယ်ချစ်တဲ့ မိန်းခလေးတစ်ယောက်ဟာ....


ဘယ်လောက်ဘဲ ကိစ္စများများမှာစိတ်ဆိုးစိတ်ကောက်နေပါစေ။
ဘယ်လောက်ဘဲ အကြောင်းရင်းများများမှာသဝန်တိုနေပါစေ။
ဘယ်လောက်ဘဲ အခြေနေများများမှာ စိတ်သဘောထား မတိုက်ဆိုင်လို့ ဒေါသဖြစ်နေပါစေ....

သူချစ်တဲ့ ကောင်လေးအပေါ်
ကလေးဆိုးတယောက်လို နွဲ့ ဆိုးဆိုးပြီး သစ္စာရှိနေတတ်ကြတယ်။

Shared from Ingyin Htay Aung (FB)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

ပျော်ရွှင်ခြင်းဆိုတာ ဘယ်အရာမှန်းမသိတော့ဖူး

ငါချစ်တဲ့သူတစ်ယောက်ကို ငါသာဆို စိတ်ညစ်အောင် လုပ်မိမှာမဟုတ်ဘူး

ဘာကြောင့် ငါကရော စိတ်ညစ်နေရတာလဲ


နင့်ကြောင့်လား......???
မဟုတ်ပါဘူး......ငါကိုယ်တိုင် မိုက်မဲလို့
ငါအချစ်တွေ အကုန်ပေးပြီ ချစ်မိလို့
ငါကိုယ်ငါအပြစ်ပေးရမှာ.........


တခါတလေ စဉ်စားမိတယ်
လောကမှ ကိုယ်ကလဲချစ်ပြီ ကိုယ်ကိုလဲ ပြန်ချစ်သွားတဲ့ ချစ်သူစုံတွဲဆိုရောရှိသေးရဲ့လားလို့

အမြဲတဖက်သတ်ကြီးဘဲ ပေးဆပ်နေရတဲ့ ဘ၀ကြာတော့ ငါလဲ လောဘကြီးမိချင်တယ်


웃❤유

✿✿✿ Poem ✿✿✿

Shared from Poem Page (FB)

မျှဝေခံစားသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

နင်နဲ့  ဝေးသွားတဲ့အချိန်မှာ ငါ့ အကောင့်လေးရဲ့ 
status တိုင်းက အလွမ်းအဆွေးတွေနဲ့ ငါ့ရဲ့  wall ကလဲ
ရင်ဖွင့်စရာနေရာလေး ဖြစ်နေခဲ့တယ်...

ငါ တင်သမျှ posts တွေရဲ့  like & comments
တွေထဲမှာ နင့် အကောင့်လေးများပါမလားလို့ ငါ
အသည်းအသန်ရှာနေမိတယ်.........

နင့်အတွက်ဆိုပီး တင်နေတတ်တဲ့ ငါ့ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေအချစ်ခံစားချက်လေးတွေလဲ နင်
သိနိုင်ပါစေလို့  ဆုတောင်းနေမိတယ်.....

ငါလေ အခုချိန်ထိ နင့် wall လေးကို ပုံမှန်ဝင်ကြည့်ရင်း
ငါ မဟုတ်တဲ့တစ်ခြားသူတွေရဲ့ like & comments
တွေနဲ့ ပျော်နေတာမြင်တိုင်း ငါ အရမ်းခံစားနေရတယ်ဆိုတာ
နင် ကတော့ မသိနိုင်တော့ပါဘူး ချစ်သူရယ်...


khin myo aye

Shared from Poem Page (FB)

မျှဝေခံစားသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

အချစ်ဆိုတာတိုင်းတာပြလို့ ရနိုင်တဲ့ အရာမဟုတ်ပေမဲ့ နင့်အပေါ်ဂရုစိုက်တတ်တဲ့  ငါ့အပြုအမူတွေက
နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ နားလည်နိုင်မှာပါ ချစ်သူ.....

ငါ့ အချစ်တွေ နင့်ကို ပိုင်ဆိုင်ခွင့်ပေးထားတဲ့ အချိန်ထဲက
ငါ့ အချစ်တွေအားလုံးက ဘယ်သူအတွက်မှမဟုတ်ပဲ
နင့်တစ်ယောက်ထဲအတွက်ပဲရှိနေတယ်ဆိုတာယုံကြည်နေပါ ချစ်သူ....

ငါ အချိန်တိုင်း နင့်နဲ့ အတူတူ လက်တွဲခွင့်ရမဲ့နေ့ ကို သစ္စာရှိရှိနဲ့ 
စောင့်နေတယ်ဆိုတာ ယုံကြည်နေရင်း နင်လဲငါ့ တစ်ယောက်ထဲကို
ချစ်နေရင်း ငါ့ အတွက် သစ္စာရှိပေးပါနော် ချစ်သူ...........

( ပြန်ဆုံရမဲ့ နေ့ ရက်လေးကို လက်ချိုးရေတွက်နေရင်းနဲ့  ငါ နင့်ကို
အရမ်းလွမ်းတယ် ချစ်သူရယ် )

khin myo aye

Shared from Poem Page (FB)

မျှဝေခံစားသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

အရမ်းချစ်ရင် အရမ်းခံစားရတတ်တယ်တဲ့
ရှိပါစေတော့ ချစ်သူ...
ငါမင်းကို အရမ်းချစ်မိနေပြီ....

အရမ်းယုံကြည်မိရင် တနေ့ကျထားခဲ့ခြင်းခံရမယ်တဲ့
ရှိပါစေတော့ ချစ်သူ...
ငါ့နှလုံးသားကို မင်းအတွက်ပုံအပ်မိပြီ...

အရမ်းတွယ်တာမိရင် အရမ်းနာကျဉ်ရတတ်တယ်တဲ့
ရှိပါစေတော့ ချစ်သူ...
မင်းကိုယ်ငါအရမ်း မြတ်နိုးနေမိပြီ...

နင့်ကို ချစ်မိမှတော့နင်ပေးတဲ့ကောင်းခြင်းဆိုးခြင်းတွေ
ကို ငါခံရတော့မှာပေါ့..ချစ်သူရယ်

phoe phyu

Shared from Poem Page (FB)

မျှဝေခံစားသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ငါ့အနားကိုရောက်လာရင်း
ခဏတာအချစ်တွေပေးပီး ထားခဲ့ရက်ပေမဲ့....ငါကတော့
ဘ၀တစ်ခုလုံးပေးဆပ်ဖို့ ကြိုးစားရင်း ချစ်ခဲ့လိုက်မိတာပါ.....

နင်ရဲ့ အချစ်တွေကို ပိုင်ဆိုင်ခွင့်ပြန်ရဖို့ မျှော်လင့်နေတတ်တဲ့ငါ
ချစ်သူရှိနေပါပီဆိုတဲ့စကားလုံးကို နင် ကိုယ်တိုင်ပြောလာခဲ့တာ
ငါ့ရင်တွေပွင့်ထွက်လောက်အောင်ခံစားရတယ်ဟာ....

တကယ်ဆို ငါကသူ့ လောက်ပြည့်စုံတဲ့သူ မဟုတ်ပေမဲ့ နင့်ကို
ချစ်တဲ့ အချစ်တွေကတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတဲ့အချစ်တွေနဲ့ 
ချစ်နေခဲ့တာကြောင့် ခုချိန်ထိငါ ဘယ်လိုမှမေ့လို့ မရနိုင်သေးဘူး....

နင်နဲ့ ပါတ်သက်ရင် အမုန်းဆိုတာလဲ ငါ့ မှာမရှိနိုင်သေးလို့ 
နင့်ရဲ့ အဝေးမှာ အားငယ်ဝမ်းနည်းတဲ့ စိတ်နဲ့ နင့်ကို အခုထိ
မျှော်လင့်နေမိသေးတယ်.....ချစ်သူရယ်

( ညီမလေးတစ်ယောက်တောင်းထားတဲ့ ကဗျာလေးပါ )


khin myo aye

Shared from Poem Page (FB)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Post Type: Love

ကိုယ့်ချစ်သူကို အရမ်းချစ်မီသွားပီဆိုရင်.....

ယောက်င်္ကျားလေးက သ၀န်တိုရင် တည်ငြိမ်တတ်ပေမဲ့
မိန်းကလေးက သ၀န်တိုရင် စိတ်မထိန်းနိုင်တတ်ဘူး....


ယောက်င်္ကျားလေးကအရမ်းချစ်လဲ တစ်ခြားသူတွေရှေ့ ဆို တည်ငြိမ်သလိုနေတတ်ပေမဲ့
မိန်းကလေးက အရမ်းချစ်ရင်တစ်ခြားသူတွေရှေ့ မှာဆို သည်းနေသလိုဖြစ်နေတတ်တယ်

ယောက်င်္ကျားလေးက အပေါင်းအသင်းနဲ့ တစ်ခါတရံပျော်နေတတ်ပေမဲ့
မိန်းကလေးကတော့ ချစ်သူကိုပဲအချိန်တိုင်း စိတ်နှစ်ထားတတ်တယ်

ယောက်င်္ကျားလေးက ကိုယ့်ချစ်သူအတွက်အနစ်နာခံတတ်ပေမဲ့
မိန်းကလေးက ကိုယ့်ချစ်သူအတွက်ဆိုပေးဆပ်ဖို့ ဝန်မလေးတတ်ပါဘူး..

( ယောက်င်္ကျားလေး အများစုနဲ့  မိန်းကလေးအများစုရဲ့ ချစ်သူအပေါ်
ဖြစ်တတ်တဲ့ စိတ်ခံစားချက်လေးတွေပါ )


khin myo aye

Shared from Poem Page (FB)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ဘယ်သူတွေ မစိမ်းကားနိုင်ဘူးလဲ???

တခါတလေ သင်အတ္တကြီးလိုက်ပါ
သင့်ဘက်ကစမခေါ်ပဲ အချိန်အတော်ကြာနေတဲ့အခါ
သင့်ကိုဘယ်သူတွေက စခေါ်မလဲဆိုတာကိုပေါ့

တခါတလေ သင်လစ်လျူရှုကြည့်လိုက်ပါ
သင့်ဘက်က ဂရုမစိုက်ရင် သင့်ကို
ဘယ်သူတွေက ဂရုစိုက်လာမလဲဆိုတာကိုပေါ့

တခါတလေ သင်ဆိုးလိုက်ပါ
သင်မကောင်းတဲ့အခါ
သင့်ကိုဘယ်သူတွေက သည်းခံနိုင်မလဲဆိုတာကိုပေါ့

တခါတလေ ဘယ်သူမှအသိမပေးပဲ
အဝေးဆုံးကို ထွက်သွားကြည့်လိုက်ပါ
သင့်ကိုမမြင်တဲ့အခါ ဘယ်သူတွေက လိုက်ရှာနေမလဲဆိုတာကိုပေါ့

တခါတလေ သင်အားတင်းပြီး
အာလုံးနဲ့ အဆက်အသွယ်ဖြတ်နေကြည့်လိုက်ပါ
သင့်ကိုဘယ်သူတွေက တကယ်လိုအပ်ပြီး
ဘယ်သူတွေက အရင်ဆုံးရှာဖွေမလဲဆိုတာကိုပေါ့

တခါတလေ ဘဝမှာ ကိုယ်ကစိမ်းကားကြည့်မှသာ
ကိုယ့်ကို ဘယ်သူတွေက မစိမ်းကားနိုင်လည်းဆိုတာကို သိနိုင်တာမလား??

Shared from Myawady News (FB)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, December 19, 2014

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ ဘယ်လောက်ချစ်သလဲဆိုတာက ဒီအတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး...

သူ ဖြစ်စေချင်သလို ကိုယ့်ဘက်က ဖြည့်ဆည်းမပေးနိုင်တော့တဲ့အချိန်...
သူနဲ့ကိုယ် ရန်တွေဖြစ်ကြလို့ ကိုယ့်ဘက်က အလျှော့မပေးမိတဲ့အချိန်...
သူနဲ့ကိုယ် အခြေအနေအမျိုးမျိုးကြောင့် ဝေးကွာနေကြချိန်ကျမှပဲ...

သူ ကိုယ့်အပေါ်ကို ဘယ်လောက်ချစ်သလဲ
သူ ကိုယ့်ကို ဘယ်လောက်အလေးအနက်ထားသလဲ
ကိုယ်က အရမ်းကောင်းမှ သူက ပြန်ကောင်းတာလား
ကိုယ့်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ

သင့်ကို သူ ဘယ်လောက်မစွန့်လွှတ်ဘဲ တောင့်ခံထားနိုင်သလဲဆိုတာနဲ့
ဆုံးဖြတ်နိုင်ပါတယ်...

တချို့က အရမ်းပိုင်ဆိုင်ချင်ကြပေမယ့် စိတ်ပျက်စရာကြုံလာတာနဲ့
သင့်ကို အလွယ်တကူပဲ စွန့်ခွာတတ်ကြသလို...

အချို့ကကျတော့လည်း သင့်ဘက်က အလျှော့ပေးနေသရွေ့တော့
အဆင်ပြေနေပေမယ့် သင့်ဘက်က နည်းနည်းလေးအလျော့မပေးလိုက်တာနဲ့ စွန့်ခွာချင်လာသလို...

အချို့က သင့်ထက်သာတဲ့လူတစ်ယောက်နဲ့ တွေ့တဲ့အခါမှာ
အလွယ်တကူပဲ သင့်အပေါ် အေးစက်သွေးအေးသွားတတ်ကြတယ်လေ...

အချို့ကကျတော့ သင့်ဘက်က အချိန်ပေးနေသရွေ့တော့ အဆင်ပြေနေပေမယ့် သင့်ဘက်က ဂရုမစိုက်နိုင်တော့ရင် သင့်ကိုစွန့်ခွာလာချင်တတ်ကြတယ်လေ..

အဲလိုလူတွေနဲ့တွေ့ခဲ့ရင်
သူတို့ဟာ သင့်အပေါ်မှာ တကယ်မချစ်ခဲ့တဲ့လူတွေဆိုတာ သိနိုင်ပါတယ်...

အဲလိုလူတွေနဲ့ လမ်းခွဲရရင်လည်း
တကယ်ဝမ်းနည်းရမှာက သင်မဟုတ်ပါဘူး....
သင့်ကိုမချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာထက်
ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူတို့က ဆုံးရှုံးမှုပိုပြီးများတာပါ..

သင့်ကို တကယ်ချစ်တဲ့လူဆိုတာ
သင် သူ့အပေါ်ဘယ်လောက်ဆိုးဆိုး သူတတ်နိုင်သလောက် သည်းခံပေးသလို သင့်အပေါ်မှာ အပြည့်အ၀နားလည်ပေးတတ်သူပဲဖြစ်ပါတယ်...

တကယ်လို့ အခြေအနေတွေ အကြောင်းဖန်လာလို့
သင့်အပေါ် တကယ်ချစ်ခဲ့တဲ့လူဟာ သင့်ကိုစွန့်လွှတ်ခဲ့ရရင်တောင်
အဲဒါ သူ့ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တခုပဲ ဖြစ်ခဲ့မှာ သေချာပါတယ်...

-----------------------------------------------------

" In the version of 37"
Credits: ကောင်မလေးရဲ့ကောင်ကလေး
posted by: We live in Philosophy

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။