Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Friday, August 28, 2015

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း



Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်။ ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို max လောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်း ကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုး
Mail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… 

အဲ့မှာ ကံဆိုးတာက Hacked သွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…
ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Step ခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်းဆိုတော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ဘဲ တစ်နေ့တခြား User Security ကို အလေးနည်းနည်းပေးလာတာကို တွေ့ရပါတယ်။

ကျွန်တော်မှတ်မိသလောက်ကတော့ G-mail ရဲ့ Feature တွေ Themesတွေ ပြောင်းလာပြီး ကတည်းကပေါ့။ ဒီအကောင့်အတွက် ကံကောင်းတာတစ်ခုလို့ ဆိုရမလား Hack သွားတဲ့ သူရဲ့ ပေါ့ဆမှုတစ်ကွက်လွတ်သွားတဲ့ အပေါက်တစ်ပေါက်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ ထိုပါသွားတဲ့ မေးလ်ပိုင်ရှင်ရဲ့မလေးရှားနိုင်ငံမှာ ကိုင်တဲ့ ဖုန်းနံပါတ် SIM တစ်ခုက မြန်မာပြည်မှာ ရှိနေလို့
ဖြစ်ပါတယ်။ ဘယ်လို ပြန်ယူသလဲဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။


ထုံးစံအတိုင်းအရင်ဆုံး ကျွန်တော်တို့ G-mail login Page ကိုသွားပြီး
ပါသွားတဲ့ Mail နဲ့ Old Password ကို ရိုက်ထည့်လိုက်ပါမယ်

ထိုအခါမှာ Password မှားတယ်လို့ပြောမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အကောင့်ကပါသွားပြီး Password ပြောင်းခံလိုက်ရပြီလေ။ ဒီတော့ ကျွန်တော်တို့က Forgot Password? ကိုနှိပ်လိုက်ပါမယ်။ ဒါဆို ရင်တော့ အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာ သင့်ရဲ့ သုံးနေကျ Password (Old Password)ကို ရိုက်ထည့်လိုက်ရပါမယ်။ ဒီနေရာမှာ အရေးကြီးပါတယ်။ သင့်အကောင့်ကို Recovery ပြန်ဆွဲဖို့အတွက် G-mail Security Team ရဲ့ Informationလိုအပ်ချက်ထဲမှာ အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့က Continue ကို နှိပ်လိုက်ပါမယ်။ ထိုအခါအောက်ပါပုံအတိုင်းပေါ်လာမှာ
ဖြစ်ပါတယ်


ဒီနေရာမှာ ကျွန်တော်တို့က အကောင့်မပါသွားခင်တုန်းက မိမိရဲ့ အကောင့်ကို 2 Step မခံထားခဲ့ပါဘူး။ ယူသွားတဲ့ လူက ခံသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Info ကို အတိအကျ သေချာထည့်ပါမယ်။ ဒါကြောင့် မပါခင်က 2 Step မခံထားဘူးဆိုပြီး ရွေးချယ်ပြီး Continue ကို နှိပ်လိုက်ပါမယ်


ဒါဆိုရင် အထက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ကပါသွားတဲ့ Mail ကို ပြန်လိုက်ဖို့အတွက် ဆက်သွယ်ရန် E-mail နေရမှာ မိမိ ပြန်လိုက်မယ့် Mailကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့မေးလ်တစ်ခုဖြစ်တဲ့ Mr.zarnithannwynn@gmail.com ဆိုတာကိုရိုက်ထည့်လိုက်ပါတယ်။ နောက်တစ်ခုကတော့ မိမိ အကောင့်ကို ပြန်လိုက်ဖို့အတွက် လက်ခံထားတဲ့ ဖုန်းကို ဖြုတ်ဖို့နဲ့ မိမိကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၂လုံးကို ထည့်လိုက်မှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Continue ကိုနှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း


ပေါ်လာပြီဆိုရင် ကျွန်တော်တို့က မိမိအကောင့်ကို နောက်ဆုံး ၀င်သွားတဲ့ နေ့၊ လ၊ ခုနှစ်ကို အတိအကျထည့်ပါမယ်။ ဒီနောက် မိမိအကောင့်ကို ဘယ်လ ၊ ဘယ်နှစ်က ဖွင့်ခဲ့တာလည်း ဆိုတာကိုလည်း ခန့်မှန်း အနီးစပ်ဆုံးဖြစ်
အောင်ထည့်ပါမယ်။ ပြီးသွားရင်တော့ Continue ကို နှိပ်လိုက်ပါမယ်။ ပြီးသွား


အောက်ပါပုံအတိုင်းပေါ်လာရင် ကျွန်တော်တို့ ယခင်က တော်တော်များများလက် လျော့သွားကြတဲ့ နေရာပါ။ ဒီနေရာမှာ တစ်ခု ကျွန်တော် အထူးသတိပေးချင်ပါတယ်။ ဒီနည်းလမ်းက Security အရ Recovery ပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့် မိမိတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကလေးတွေကို လမ်းကြောင်းပြောင်းသွားပြီး မကောင်းတဲ့ဘက်ကို မရောက်သွားမိစေဖို့ပါပဲ။ အထူးသဖြင့် တကယ် အခက်အခဲရှိတဲ့ လူတွေကို ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းကြောင်းမမှားကြဖို့ အထူး သတိပေးပါတယ်။ ကဲဆက်သွားမယ်။ အောက်မှာ အနီရောင်လိုင်းတားထားတဲ့ နေရာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့


I Don’t Known My Password နဲ့ မိမိ ပါသွားတဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါမယ်။
ဒီနေရာမှာ အပေါ်ကလုပ်ဆောင်ချက်တွေအတိုင်းပြန်လုပ်ရမှာဖြစ်ပါတယ်။ စာမရေး
တော့ပဲ ပုံလေးတွေအစဉ်လိုက်ပြသွားပါ့မယ်


ဒီ့နောက်တော့ ကျွန်တော်တို့က လက်မလျှော့ပါနဲ့ မိမိ အကောင့်ထဲကို တစ်ချက်လောက်
ပြန်စစ်ကြည့်လိုက်ပါဦး။ ဒီနေရာမှာ လက်ရှိ G-mail ရဲ့ Weak Point လေးတစ်ခုပါပဲ…


ခုနက ဆွဲလိုက်တဲ့အကောင့်ကို Reset Link ပြန်ချပေးလိုက်ပါတယ်။ဒီကနေပဲ
တစ်ဆင့်ရှေ့ဆက်ပီးလုပ်သွားပါမယ်။ ဒီနေရာမှာ ကျွန်တော်က Privacy တွေ
ပါနေလို့ ပုံတွေမချပြတော့ပါဘူး ခိုးသွားတဲ့သူရဲ့ Info တွေတော့ပြောပေးပါ့မယ်။
ထိုသူက လက်ရှိအကောင့်ရဲ့ Recovery Mail ကို သူ့ရဲ့ mrbrillianto@yahoo.com
ဆိုတဲ့မေးလ်နဲ့ ပြောင်းသွားပြီး သူ့ဖုန်းနံပါတ် +6282257801076 ဆိုတဲ့ ဖုန်းတွေနဲ့
ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့်ပိုင်ရှင်ကံကောင်းတာက သူ့ရဲ
မလေးနိုင်ငံမှာသုံးတဲ့ဖုန်းတစ်လုံး ကျန်ခဲ့တာဖြစ်ပါတယ်။ ထိုနံပါတ် +60 13 XXXXXX
ဆိုတဲ့ နံပါတ်ကို ပြန်ထည့်ပီး Confirm Code ကို ပြန်ယူတာဖြစ်ပါတယ်။ Confirm Code
ကို ပြန်ယူတဲ့အခါမှာလည်း မိမိက နိုင်ငံခြားက ဖုန်းကို မြန်ာမပြည်ထဲမှာ သုံလို့မရဘူးလို့
အများက သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ကသတိမထားမိတာက မိမိဖုန်း
မှာ Dual SIM ဆိုရင် နှစ်သက်ရာ SIM Slot တစ်ခုခုမှာထည့်ပြီး မြန်မာပြည်ရဲ့ ဖုန်းမှ
အင်တာနက်ကိုဖွင့် Mobile Setting မှာ Roaming Services ကိုဖွင့်ပေးထားရင်
ထို နိုင်ငံခြားကဒ်က SMS လာဖို့အတွက် အလုပ်လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ ခုနက
မလေးက ဖုန်းနံပါတ်ကို Confirm Code လာတော့ အလွယ်တကူပင်ပြန်လည်
ရယူပြီးတော့မိမိ အကောင့်ကို ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့မှ ကျွ်နတော်
တို့က မိမိအကောင့်ကို ဘယ်သူ၊ ဘယ်နေရာကနေ ၊ ဘာ Devices သုံးသွားလည်း
ဆိုတာကို ဆက်လက်ကြည့်လိုက်ပါတယ်။ဒီလိုကြည့်ဖို့က မိမိ Mail ရဲ့အောက်ဆုံး
ထောင့်နားမှာရှိသော Details ဆိုတာကိုနှိပ်လိုက်ပြီး ကြည့်တာဖြစ်ပါတယ်။ ဒီအခါမှာ




အထက်ပါပုံအတိုင်း မိမိ အကောင့်ကို ဘယ်အချိန် ဘယ်နေရာကနေ ဘယ် IP သုံးပီးဝင်သွားသလဲ ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ IP သိပြီဆိုတော့မှ
ကျွန်တော်တို့က ထို IP အရ Location ကဘယ်နားကဆိုတာကို ခန့်မှန်းသိ
နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထို 139.228.88.79 ဆိုတဲ့ IP ကိုကူးယူပြီးတော့
www.whatismyipaddress.com မှာ IP Lookback နဲ့ ကြည့်လိုက်ပါမယ်။
ဒါဆိုရင် သူ့ရဲ့ Location



အထက်ပါပုံအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုသူက IP ကို Hide ထားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ……နောက်ပြီး ဒီအကောင့်ကို hack သွားတဲ့သူကလည်း ပါသွားတဲ့လူထံကို "မင်းအကောင့် ပြန်လိုချင်ရင် USD 50 ပေးရင်ပြန်ရမယ်" ဆိုပြီး ပြောလာတာဖြစ်ပါတယ်။ ဒါကြောင့် ပါပြီးပြီးချင်း မိမိရဲ့ Information အတိအကျကို တတ်သိနားလည်တဲ့လူထံ အကူညီတောင်းပြီး ပြန်လည်ရယူနိုင် ပါတယ်။.......ကဲ ဒီလောက်ဆို အဆင်ပြေမယ်ထင်တယ်။ ကျွန်တော် ထပ်ပီး အသေးစိတ်ရေးလိုက်ရင် စာဖတ်သူအချို့မှာ ကောင်းသော အမြင်ကို ရနိုင်သလို အချို့မှာလည်း မကောင်းသော အမြင်
ကိုရသွားမှာပါ။ စိုးရိမ်တာက အချို့နေရာလေးတွေ Hide ထားခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ လမ်းမှားကိုရောက်သွားမှာစိုးလို့ပါ။ ထို Hide ထားတာ
လေးတွေကို သိလိုပါက ကျွန်တော့ရဲ့ Official account ဖြစ်တဲ့ www.facebook.com/CZarni.86 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မရှင်းလင်းမှုများအတွက်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်


Cristiano Zarni@ဦးဇာနည်


တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု




Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေ ရှာဖွေရာမှာFacebookကို အသုံးဝင်ကောင်း ၀င်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းတော့ အဲ့ဒီလိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ 

လူတော်တော်များများအတွက် Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likes ရဖို့အတွက် Postတွေတင်ကြတယ်။ အခြားသူတွေ ဘာလုပ်နေမလဲ Facebook ပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့် အသုံးပြုနေကြပါတယ်။

မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့ စသိပြီး သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebook သုံးကြပါတယ်။ 

သင်ရော အဲ့ဒီအထဲ ပါနေပြီလား? 

ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခဏခဏ သုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ သင့်ဘ၀ ပြန်လည်အသက်ဝင်လာလိမ့်မယ်။
‘ပြန်လည်အသက်ဝင်လာမယ်’ဆိုတဲ့ စကားကိုသုံးရတာ အကြောင်းရှိပါတယ်။ သင်Facebookကို ကြည့်တဲ့ အကြိမ်ရေကို ပြန်တွက်ဖူးပါသလား? တစ်နေ့မှာ၂၄နာရီ ရှိပါတယ်။ ၈နာရီက အိပ်ပါတယ်။ ၈နာရီက အလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebook ကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebook ကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေးရဲ့လား၊ ပြန်စဉ်းစားဖို့လိုပါပြီ။ 

Facebook မပေါ်ခင်တုန်းကရော သင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။ သူငယ်ချင်းနဲ့ ဖုန်းပြောမယ်၊ သူငယ်ချင်း (သို့) မိသားစုနဲ့ မုန့်သွားစားမယ် (သို့) တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ် (သို့) စာဖတ်မယ် ဒါမှမဟုတ် သင်ဝါသနာပါတာ တစ်ခုခုလုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ 

တစ်ချို့က Facebookကို အလကားသုံးတာ မဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ Facebookပေါ်မှာ အဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေးပါတယ်။ 

ဒါပေမယ့် သင်တကယ်ရော စာအကြာကြီး ဖတ်ဖြစ်လို့လား? 
More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးက ရှည်နေရင် သင်ဖတ်ဖြစ်လို့လား? 
သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာ များပါလိမ့်မယ်။ သင်Facebookကို ခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကို စောင့်နေတဲ့ သင့်ရဲ့ခွေးလေးလည်း ရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူ တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်း ရှိချင်ရှိမယ်။ 

သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းက သင်အတုအယောင်လောကတစ်ခုမှာ ပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။ 

သင့်ဘေးက သင့်အပေါ် မေတ္တာရှိတဲ့အရာအားလုံး၊ သင့်အတွက် တကယ်အကျိုးရှိတဲ့ အရာအားလုံးကို သင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကို တကြည့်ကြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ Facebook ခဏခဏသုံးနေတာကို ရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ခါလောက် စေ့စေ့စပ်စပ်လေး ကြည့်လိုက်ပါ။ သင်အများကြီး တိုးတက်လာလိမ့်မယ်။ 

သင့်ရဲ့ သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့ မိသားစုအတွက် Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။ 


၂။ အလုပ်တွေပိုပြီးလာလိမ့်မယ်။ ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။ စာတွေကို အင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက် Facebook ကိုကြည့်လိုက်နဲ့ အလုပ်ပေါ် အာရုံစူးစိုက်မှု အားနည်းလာပါတယ်။ Facebookကို ခဏလေးဆိုပြီး ကြည့်ရာကနေ ၁၅မိနစ်လောက် ကြည့်ဖြစ်တဲ့အခါ ကြည့်ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ Productivity က သိသိသာသာ ကျသွားပါတယ်။ 

စာဖတ်နေရင်းနဲ့ Facebookကို ကြည့်ချင်စိတ်တွေ ပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stress များလာပါတယ်။ အရာရာ အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ Facebookကို ဖွင့်မယ်ဆိုတာကို အချိန်ဇယား လုပ်လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်း အလုပ်တွေ ပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebook သုံးတာကို ဖြစ်နိုင်ရင် ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။ 

၃။ အခြားအရာတွေမှာ အာရုံစူးစိုက်မှု ပိုကောင်းလာပါလိမ့်မယ်။ 
Facebook ကတက်လာမယ့် Update Status တွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက် စောင့်ဖူးပါသလား? အဲဒီအချိန်တွေကို အခြားမှာသုံးဖို့ရော စဉ်းစားဖူးပါသလား? 
အဲ့ဒီ New Status တွေတက်တာကို စောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်ဖတ်ဖို့ဖြစ်ဖြစ် စဉ်းစားဖူးပါသလား? 
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာ သင့်ရဲ့ အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။ 

၎။ သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။ Facebookပေါ်မှာ ခင်ရတာ အရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး comment ပေးတယ်ဆိုတာ ပြောပလောက်အောင် အချိန်မကုန်ပါဘူး။ သင်Facebook မသုံးဘဲ နေကြည့်လိုက်ပါ။ သင့်ကို ဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့ အပြင်မှာ ဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။ 

၅။ သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာ သင်သိလာလိမ့်မယ်။ Facebookပေါ်မှာ Like တယ်ဆိုတာ တကယ်တော့ Likeရဲ့ Meaning တောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင် Likeမယ်။ Likeပြန်ရချင်လို့ Likeတာလည်း ဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရ လုပ်ပေးတဲ့အရာ တစ်ခုတောင်ဖြစ်နေပါပြီ။ 

ဒါပေမယ့် လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူး ဖြစ်နေကြပါတယ်။ ဒါကြောင့်Facebookနဲ့ နည်းနည်းခွဲနေကြည့်လိုက်ပါ။ Facebookပေါ်က Likeဆိုတာ ဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။ 

၆။ လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။
Facebookကပေးတဲ့ အဓိကပြဿနာကတော့ ဘယ်တော့မှ Facebookပေါ်မှာ လုပ်စရာတွေ မကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေ သူငယ်ချင်းအသစ်တွေ၊ comment ပေးစရာတွေ၊ Share စရာတွေနဲ့ သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင် ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခု ပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။ ပန်းကန်တွေ ကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာ တစ်ခုခု ပြီးမြောက်အောင် လုပ်ဆောင်ကြည့်ပါ။ 

၇။ Facebook မလိုလားအပ်တဲ့ပြဿနာတွေ အေးသွားပါလိမ့်မယ်။ Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကို စောင့်ကြည့်နေတဲ့သူ ရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ ဓာတ်ပုံတွေ၊ သင်ရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ အားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့ သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က သင့်ကို `မနက်ဖြန် Junction Sqareသွားကြမယ်လို့´ tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friend ဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့် သိနိုင်ပါတယ်။ ဒီတော့ သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန် ဘယ်သွားမလဲ သိသွားပြီပေါ့။ ဒါပေမယ့် သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒီလိုပြဿနာတွေ ကြုံတော့မှာမဟုတ်ပါဘူး။ 

၈။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။ 
လေ့လာတွေ့ရှိချက်တွေအရတော့ Facebookက လူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။ သင်postတစ်ခုတင်လို့ Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင် ယုံကြည်မှုတွေပါ ကျဆင်းလာတတ်ပါတယ်။ သင့်ကို စိတ်ဓာတ် ကျလာစေပါတယ်။ ခဏလောက် Facebook နဲ့ ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။ 

၉။ သင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။ 
ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebookအသုံးပြုသူ တော်တော်များမျာဟာ ၀န်တိုစိတ်တွေ များလာကြပါတယ်လို့ ဆိုပါတယ်။ Facebookပေါ်မှာ သူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ်လို့ ဆိုပါတယ်။ သူများတွေတင်ထားတဲ့ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေ တွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေ ပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့က မနာလိုဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာ အရမ်းကြွားလို့ ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ 

ဒီတော့ သင်အဲဒီလိုမနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေ ခဏလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားကြည့်လိုက်ပါ။ 

၁၀။ Facebook ဆိုတာ ကြော်ငြာတွေအများကြီး မြင်နိုင်တဲ့နေရာတစ်ခုထက် မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။ Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။ Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။ 

ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အခုတော့ သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့ မိတ်ဆွေကောင်း အသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊ စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။ Facebookကနေ ကောင်းတဲ့အချက်တွေ အများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့ အချိန်အများစုကို အရေးမကြီးတဲ့ ကိစ္စတွေမှာ မဖြုန်းဖို့ ပြောချင်တာပါ။ Facebok စွဲလမ်းခြင်းရောဂါ အမြန်ဆုံး ပျောက်ကင်းကြပါစေ 

Credit: မိုးရှင်း { I.M.T }

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Thursday, August 20, 2015

ဘယ်သူ့အတွက်အသက်ရှင်မလဲ





*******************************


လူရယ်လို့ ဖြစ်လာရင်…..


သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။

သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။

ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်

သင်ဘယ်လောက်ပဲ အနှစ်နာခံ ကြိုးစားကြိုးစား..


လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊


ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့…


သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။


သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။


————————–———–


သိထားဖို့က…


သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…


ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ


သင်အစစ်အမှန် မဟုတ်ပါဘူး။


————————–———


လူဆိုတာ…….


မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊


နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊


ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊


ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊


လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊


————————–———


ဒီအတွက်ကြောင့်….


သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ…


သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..


သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ..


သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…


————————–———–


နောက်ဆုံးတော့…


သိတာလည်း အားလုံးမပြောနဲ့…


မြင်တာလည်း အားလုံးမယုံနဲ့….


သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို


ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့……….။


Credit: Sayar Aung Ko Latt


တစ်ဆင့်မျှသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, August 18, 2015

အနည်းဆုံးတော့ ပြုံးလိုက်ပါ




၁။ စိတ်ကောင်းထားပါ။


စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။
ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်တယ်။

၂။ ဒေါသနဲ့ ဝေးဝေးနေပါ။

ဒေါသက နာကျင်မှုတွေကို ပေးလို့ပါ။
သင့်ကိုယ်တိုင်ကိုရော၊ သင့်ပတ်ဝန်းကျင်ကိုရောပေါ့။
၁-မိနစ်ဒေါသထွက်ရတိုင်း စက္ကန့် ၆၀စာ ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။

၃။ ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ။
တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း ကိုယ်က ဘာမှ စိတ်ဆိုးပိုင်ခွင့် မရှိတာကို နားလည်လိုက်ပါ။

၎။ မိသားစုဝင်တွေအပေါ် သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်။
တခြားသူတွေအပေါ် သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်။
ကိုယ့်ကိုယ်ကို သည်းခံနိုင်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုရှိတာကို ဖော်ညွှန်းတယ်။
အခြေအနေတွေကို အလိုက်သင့် သည်းခံခြင်းဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းကို ဖော်ညွှန်းတယ်။

၅။ အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့။
မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ၀မ်းနည်းရမှာလေ။

အနာဂတ်အကြောင်းကိုလည်း သိပ်မတွေးပါနဲ့။
စိုးရိမ်ကြောက်ရွံ့မှုတွေ၊ အားငယ်မှုတွေက သင့်ကို နှိပ်စက်လာလိမ့်မယ်။

ပစ္စုပ္ပန် လက်ရှိအချိန်မှာ အကောင်းဆုံးစိတ်ထား အကောင်းဆုံးအလုပ်တွေနဲ့ နေထိုင်ပါ။

ကောင်းချီးသြဘာတွေဆိုက်ရောက်လာပါလိမ့်မယ်။
ဒါက လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်။

၆။ ဘ၀ရဲ့ စမ်းသပ်ချက်တိုင်းက ပိုမိုကောင်းမွန်လာစေသလို ပိုပြီး ခါးသီးသွားစေနိုင်တာလည်း ရှိတတ်တာကို မေ့မထားပါနဲ့။
ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ အတွေ့အကြုံကောင်းကို တည်ဆောက်ပေးနိုင်သလို၊ အမှားအဖြစ်လည်း အမှားအဖြစ်လည်း သင့်ကို ချိုးဖျက်နိုင်ပါတယ်။
ဒူးထောက်မလား၊ ဆက်လျှောက်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။

၇။ လှတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းနိုင်ပေမယ့် ကောင်းတဲ့အရာတိုင်းကတော့ အမြဲတမ်း လှနေပါတယ်။
ဆိုလိုချင်တာက လှတာထက် ကောင်းတာကို ဦးစားပေးဖို့ပါ။

၈။ ပျော်ရွှင်မှုဟာ သင့်ကို ချစ်ဖွယ်သော အရာတွေကို ယူဆောင်လာပေးတယ်။
ဒါ့ကြောင့်.... အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်ပါတယ်။

အနည်းဆုံးတော့ ပြုံးလိုက်ပါ။

Credit to ငြိမ်းလဲ့

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ယောက်ျားလေးတွေ သိထားသင့်သော ၁၂-ချက်






(၁) ဦးနှောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ(ကြီး)ဘူးလို့ အပြစ်မဆိုပါနဲ့။


ရင်သားရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက်မရှိဘူးလို့ အပြစ်မဆိုပါနဲ့။
ဦးနှောက်လည်းရှိ၊ ရင်သားလည်းရှိ(ကြီး)တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူးလို့ အပြစ်မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ ယောက်ျားမရှိသလို ခြောက်ပစ်ကင်းတဲ့မိန်းမလည်း မရှိပါဘူး။

(၂) မိန်းမတွေက သင့်ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူးဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့ သူသိနိုင်မှာ မဟုတ်ဘူး။

(၃) မိန်းကလေးတွေ ချွဲနွဲ့တဲ့အချိန် သူ့ကိုလျစ်လျူမရှူလိုက်ပါနဲ့။ သူ့ချွဲနွဲ့တာကို လျစ်လျူရှူရင် သူ့ကို သင်အရေးမစိုက်ဘူး၊ သင်ရင်ထဲမှာ သူမရှိဘူးလို့ သူထင်လိမ့်မယ်။

(၄) ကာမဆိုတာ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေ ထင်ထားသလောက် အရေးမပါဘူး။ ဒါကြောင့် ကိုယ့်ကို သူချစ်တိုင်း သူလိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ်လို့ မယူဆလိုက်နဲ့။ ဒီလိုထင်ခြင်းက သင်ဟာ ကာမကို သူ့ထက်ပိုကြိုက်တယ်လို့ သူထင်လိမ့်မယ်။

(၅) သူအင်္ကျီသစ်ဝတ်ထားရင် သင့်လျော်တဲ့ချီးမွမ်းစကားကို ပြောပေးပါ။ အင်္ကျီ ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊ တိုလိုက်တာလို့ပဲ အပြစ်မဆိုတတ်ပါနဲ့။ တကယ်လို့ ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေးဝတ်ထားရင် “ဒီအင်္ကျီ ခင်ဝတ်တာလှတယ်။ ဒါပေမယ့် မောင့်ကိုပဲ ၀တ်ပြရမယ်နော်”လို့ ပြောပါ။ ထက်မြတ်တဲ့သူ သင့်အပြောကို သဘောပေါက်ပါလိမ့်မယ်။

(၆) “မင်း ဘာနားလည်လို့လဲ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့” လို့ မကြာခဏ မပြောပါနဲ့။ မိန်းကလေးမှာလည်း မိမိကိုယ်ကိုယ်လေးစားမှု (Self-respect)ဆိုတာရှိတယ်။ သူအရမ်းချစ်တဲ့ ယောက်ျားလေးရှေ့မှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်လေးစားမှု သူ့မှာရှိတယ်။

(၇) သူတစ်ယောက်တည်း နေနေတဲ့အချိန် သူ့ကိုလွတ်လပ်ခွင့်ပေးပါ။ “နင် ဒီနေ့ ဘာဖြစ်နေတာလဲ? ထူးဆန်းလိုက်တာ” လို့ မပြောပါနဲ့။ သူငြိမ်နေတဲ့အချိန် သူ့ကိုပွေ့ဖက်ပေးထားလိုက်ပါ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့။

(၈) သူ့မှာလည်း လိင်ကွဲသူငယ်ချင်းတွေ ရှိလိမ့်မယ်။ စိတ်တူ သူငယ်ချင်းတွေရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့… မိန်းကလေးတွေဟာ ချစ်သူနဲ့သူငယ်ချင်းကို ယောက်ျားလေးတွေထက်တောင် ရှင်းရှင်းလင်းလင်း ခွဲထားတတ်ကြတယ်။

(၉) အပြင်ထွက်လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့။ သဘောထားကြီးပြီး မိမိကိုယ့်ကိုယ်ဘယ်လောက်ပဲ ယုံကြည်မှုရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် သူနဲ့သင် အတူမသွားချင်လို့၊ သူ့ကိုစိတ်ကုန်နေပြီလို့ သူထင်တတ်တယ်။

(၁၀) မနာလို၊ ၀န်တိုတယ်ဆိုတာ မိန်းကလေးရဲ့မွေးရာပါ အတတ်ပညာဖြစ်တယ်။ သင့်အပေါ် မ၀န်တိုတတ်တဲ့မိန်းကလေးဆိုတာ သင့်ကိုတကယ်မချစ်လို့ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက်၊ ခံစားရလေမို့ နောက်ဆုံးမှာ သူချစ်တဲ့သင့်ကို ခွဲသွားနိုင်ပါတယ်။

(၁၁) မိန်းကလေးတွေ လိုအပ်တဲ့အချစ်က ယောက်ျားလေးတွေလိုအပ်တဲ့အချစ်နဲ့ တူတူဖြစ်တယ်။ ဒါကြောင့် အချစ်တွေလိုအပ်တဲ့သူကို “လွန်ကဲ”တယ်လို့ အပြစ်မဆိုပါနဲ့။

(၁၂) ခိုးစားတဲ့ကိုယ့်ချစ်သူ/ယောက်ျားကို ခွင့်လွတ်နိုင်တဲ့မိန်းကလေးက အနည်းစုဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစုထဲထည့်ဖို့ မမျှော်လင့်ပါနဲ့။ တကယ်လို့ သူခွင့်လွှတ်နိုင်ရင်လည်း ကိုယ်သာသူ့နေရာမှာဆိုရင် ဆိုတာကို တွေးပြီး စာနာကြည့်ပေးပါ။

Credit To Original Writer

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Monday, August 17, 2015

အမျိုးသားတွေ ချစ်သူကို ဖွင့်ဟလေ့မရှိတဲ့ သိမ်ငယ်သည့်အရာများ

ကိုယ်အားကိုးရတဲ့ ကိုယ့်ချစ်သူဟာ တစ်ခါတစ်လေ သူ့စိတ်ထဲ ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေနဲ့ ပူလောင်နေရတယ်ဆိုတာ သင်သိပါသလား။ ကိုယ့်ချစ်သူရှေ့မှာ ယောက်ျားလေးတစ်ယောက်ဖြစ်တာမို့ ဘာမှမကြောက်သလို၊ ဘာမှမဖြစ်သလို ဟန်ဆောင်နေကြရတဲ့ အမျိုးသားတွေဆီမှာလည်း ကြောက်ရွံ့တတ်တဲ့အရာတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ အရင်ရည်းစားက သူ့ကိုထားသွားခဲ့ဖူးတာမို့ လက်ရှိချစ်သူလည်း သူ့ကိုပစ်သွားမှာ စိတ်ထဲ စိုးရွံ့နေတယ်။


ကိုယ်နဲ့မတိုင်ခင် အရင်တွဲခဲ့ဖူးတဲ့ ကောင်မလေးက သူ့ကို သစ္စာဖောက်သွားတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲစကားစပြောသွားတာမျိုးပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ ဒါကို စွဲနေတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီကောင်မလေးကို သူက သိပ်ချစ်ခဲ့တာမျိုးဆိုရင်ပေါ့။ ဒီလိုအချိန်မျိုးမှာ လက်ရှိရည်းစားနဲ့တွေ့ပြီး သိပ်ချစ်မိနေပြီဆိုရင် သူ့တို့စိတ်ထဲ ကြောက်ရွံ့စိတ်တစ်မျိုးလည်း ရှိနေတတ်ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ချစ်သူကို လက်လွှတ်ရမလားဆိုတာပါပဲ။ အရင်လို လမ်းခွဲစကား အပြောခံရမလားဆိုတဲ့ စိတ်က တစ်ထောင့်တစ်နေရာမှာ ခိုအောင်းနေတတ်ပါတယ်။



၂။ လက်ရှိကိုယ့်ချစ်သူလောက် ငွေကြေးမတောင့်တင်းတဲ့အခါ သူတို့စိတ်ထဲ သိမ်ငယ်နေတတ်ပါတယ်။


ဒါကတော့ အထူးပြောစရာကို မလိုအပ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ထက်ပို ပိုက်ဆံသုံးနိုင်တယ်။ သူ့အသိုင်းအ၀ိုင်းက ပိုချမ်းသာတယ်။ ကိုယ်က တစ်ခါတစ်လေ ပိုက်ဆံပြတ်နေတဲ့အချိန် ကောင်မလေးဘက်က ပိုက်ဆံစိုက်ပေးထားရတာမျိုး၊ ဒါမှမဟုတ် ကောင်မလေးကို လက်ဆောင်ဝယ်ပေးဖို့တောင် တစ်ခါတစ်လေ ပိုက်ဆံပြတ်နေတတ်တာမျိုးတွေ ကြုံလာရတဲ့အခါ သူတို့စိတ်ထဲ မသိမသာ သိမ်ငယ်တတ်ကြပါတယ်။


၃။ ကိုယ့်အပြင် ကိုယ့်ချစ်သူကို စိတ်ဝင်စားနေတဲ့ အခြားအမျိုးသားတွေက ရာထူး၊ အလုပ်အကိုင် ကိုယ့်ထက် မြင့်နေတဲ့အခါမှာလည်း စိတ်မကောင်းဖြစ်တတ်ကြပါတယ်။


တစ်ခါတစ်လေ ကိုယ့်ရဲ့အလုပ်နဲ့ လစာက ကိုယ့်ကောင်မလေးကို စိတ်ဝင်စား၊ ပိုးပန်းနေတဲ့အခြားအမျိုးသားတွေလောက် မမြင့်တဲ့အခါ စိတ်မကောင်းဖြစ်တာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါတွေကို ဖွင့်မပြောပေမယ့် အလုပ်အဆင်မပြေတဲ့အခါ၊ စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့အချိန်ဆို ဒါတွေကို ပိုခံစားတတ်ကြပါတယ်။


၎။ သူငယ်ချင်း၊ မိသားစုနဲ့ အဆင်မပြေချိန် ကိုယ့်ချစ်သူကပါ ကိုယ့်ကို အချိန်မပေးနိုင်တဲ့အခါ ၀မ်းနည်းစိတ်ဝင်တတ်ပါတယ်။


သူတို့ဘယ်လောက် သန်မာတဲ့ ယောက်ျားတွေ ဖြစ်ပါစေ။ သူတို့မှာလည်း စိတ်ခံစားချက်တွေ ကိုယ်စီနဲ့ပါ။ တစ်ခါတစ်လေ ငိုတတ်တဲ့ ယောက်ျားမျိုးတွေတောင် ရှိပါတယ်။ ဥပမာ သူငယ်ချင်းတွေနဲ့ အဆင်မပြေဖြစ်တဲ့အချိန်၊ မိသားစုဝင်တွေနဲ့ပါ ပြဿနာတက်နေတဲ့အချိန် ဒါတွေတိုက်ဆိုင်သွားတဲ့အခါ ချစ်သူကို တမ်းတတတ်ကြပါတယ်။ ချစ်သူနဲ့စကားလေးပြောပြီး ချစ်သူရဲ့ဖေးမနှစ်သိမ့်တာမျိုး လိုချင်တတ်ကြတယ်။ အဲ့ဒီလိုအချိန်မျိုး ကိုယ့်ချစ်သူကပါ ကိုယ့်ကိုအချိန်မပေးနိုင်ဘူးဆိုရင်တော့ သူတို့ ၀မ်းနည်းမျက်ရည်ကျတဲ့အထိ ဖြစ်တတ်ပါတယ်တဲ့။



၅။ ကိုယ့်ချစ်ရတဲ့သူက တစ်ခါ၊ နှစ်ခါမက ပြဿနာတက်တိုင်း လမ်းခွဲမယ်ချည်း ပြောလာတဲ့အခါ စိတ်ထဲကြောက်ရွံ့လာတတ်ပါတယ်။


ဘာရယ်မဟုတ်တဲ့ ပြဿနာလေးတစ်ခုဖြစ်တိုင်း လမ်းခွဲမယ် ဆိုတဲ့စကားကို ပြောတတ်တဲ့ ချစ်သူကိုလည်း ရေရှည်ငါ့ကို ချစ်ပါတော့မလား၊ လမ်းခွဲသွားမှာလားဆိုပြီး စိတ်ထဲမယုံကြည်မှုနဲ့အတူ ကြောက်ရွံ့မှုကို ဒွန်တွဲခံစားတတ်လာကြပါတယ်။ အထူးသဖြင့် အဲ့ဒီလိုပြောတဲ့ချစ်သူက သူချစ်ရတဲ့ချစ်သူဆိုရင်ပေါ့။


TrendMyanmar


တစ်ဆင့်မျှဝေသူ - တပွင်သားလေး






>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

မြန်မာလူမျိုးအများစု ဘာလို့ ဆင်းရဲသလဲ ???

{ ကောင်းလိုက်တဲ့ အဖြေ }


မြန်မာလူမျိုးတွေ စေတနာကောင်းတယ်၊ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???
ကောင်းလိုက်တဲ့ မေးခွန်း။ ဒါကို လူတစ်ယောက်က ဒီလို ဖြေသွားပါတယ်။
***********************************************

မြန်မာအများစုက ( TEAM WORK ) အားနည်းတယ်။

မညီညွတ်ဘူး။ ဘေးကနေ သွေးခွဲရလွယ်တယ်။ မနာလိုစိတ် များတယ်။

အချင်းချင်းထဲ ကိုယ့်ကို သာသွားမှာ မလိုလားဘူး။ သာရင်လည်း မနာလိုဘူး။

သူများကို ချီးကျူးရင် မကြိုက်ဘူး။

ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူးစေချင်တယ်။

မုဒိတာ မပွါးနိုင်ဘူး။

ကြိုးစားရမယ့်နေရာ တက်တက်ကြွကြွ မရှိဘူး။

သူများမလုပ်ရင် မလုပ်ချင်ဘူး။ အချောင်ခိုချင်တယ်။

ပိုက်ဆံရရင် အဖြုန်းများတယ်။ ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။


ကိုယ်နဲ့အသုံးတည့်တည့် မတည့်တည့် သူများဝယ်ရင် လိုက်ဝယ်ချင်တယ်။

စီးပွားရေးလုပ်ရမှာ ကြောက်တယ်။

ရေရှည် အကျိုးစီးပွါးကို မမျှော်ကိုးတတ်ဘူး။


ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်။

ဝန်ထမ်း ပိုလုပ်ချင်တယ်။

အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှု နည်းတယ်။

မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။

အများလုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံး ၀ိုင်းလုပ်တတ်တယ်။ ဒါကြောင့် ရေရှည် မခံဘူး။

ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။

ဗဟုသုတ လေ့လာဖို့ အားနည်းတယ်။ စိတ်မ၀င်စားဘူး။

ဝေဖန်တာကို အားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်။

အကြံပြုတာကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။

ပုတ်ခတ်တာကို မတရား ကြိုက်တယ်။

ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင်ရှိတယ်။


ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။


မအောင်မြင်ရင် ကံကို ပုံချတယ်။


ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုတည်းနဲ့ အရာတော်တော်များများကို တစ်ဖက်သတ်သုံးသပ်တယ်။

ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရား ရှုံ့ချတယ်။


ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။


ပြီးတော့ ပုံမှန်ဘ၀ထဲမှာ ခပ်ပျော်ပျော်နေတယ်။


ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတယ်။


လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။


ပိုဆိုးတာက ပိုက်ဆံတော့ ရှိပါရဲ့။ တိုးပွါးအောင် လုပ်ဖို့ စိတ်ကူးနည်းတယ်။


ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အကျိုးရှိအောင် မရင်းနှီးတတ်ဘူး။


ဘ၀မှာ ပိုက်ဆံတစ်ခုပဲ ရှိအောင် လုပ်တယ်။ အောင်မြင် ကျော်ကြားဖို့၊ အများအတွက် ဆောင်ရွက်ဖို့ စိတ်မ၀င်စားဘူး။


ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။


ပညာရှင်တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။


လူတော်တွေပေါ်ထွက်လာအောင် မမွေးမြူချင်ဘူး။


“ဒါတွေက ဆင်းရဲစေတာပါပဲ”

ကဲ မှန်နေသလားလို့.......။


Credit to Kumara Ashin


တစ်ဆင့်မျှဝေသူ - တပွင်သားလေး

7-8-2015



>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, January 27, 2015

အချစ်အကြောင်း (4) မျိုး

လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း ကိုယ့်ချစ်သူပေါ်မှာ ချစ်တဲ့အချစ်တွေလည်းအမျိုးမျိုးရှိကြမှာပါ..


ဘယ်သူမဆို ကိုယ့်ချစ်သူကိုကိုယ်သာ အချစ်နိုင်ဆုံးထင်တတ်ကြမှာပါ ... ခုလည်းအဲ့လိုချစ်ကြတဲ့ အချစ်တွေအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ် ဟေဇွန်ဖတ်ဖူးတဲ့စာအုပ်လေးထဲကပေါ့ သူငယ်ချင်းတချို့လည်းသိပြီးသားဖြစ်မှာပါ
အချစ်မှာ လေးမျိုးရှိတယ်တဲ့

(1) Ego Love
(2) One sided Love
(3) Bind Love
(4) True Love ဆိုတာရယ်

(1) Ego Love ဆိုတာကတော့ ကိုယ်ကပဲ ရယူချင်တယ် ပိုင်ဆိုင်ချင်တယ် ဆိုတဲ့ အချစ်မျိုးပေါ့ ဘယ်သူနဲ့မှလည်းစိတ်မချဘူး တစ်ယူသန်ပေါ့နော် ဒါကြောင့်ချစ်သူနဲ့ အဆင်ပြေနိုင်ဖို့ခက်ခဲပါလိမ့်မယ်

(2) One sided Love ဆိုတာကျ Ego Love နဲ့ ပြောင်းပြန် ကိုယ်ကပဲ ကိုယ့်ချစ်သူကိုပေးဆပ်ချင်တယ် အနစ်နာခံချင်တယ် အသေးအမွှားလေးက အစ လိုက်လုပ်ပေးတယ် တစ်ခါတစ်လေကျ အဲ့လိုမျိုးကြောင့် တစ်ဖက်လူကမနေတတ်ဖြစ်ပြိး ကိုယ့်ချစ်သူနဲ့သိပ်အဆင်မပြေနိုင်ပါဘူး

(3) Bind Love ဆိုတာကျတော့ အချစ်အတွက် အသက်ပဲသေသေဆိုတာမျိုး ဘာမဆိုလုပ်လိုက်မယ်ဆိုပြီးစိတ်ရူးပေါက်တဲ့အချစ်မျိုး ဒါပေမဲ့ အဲ့ဒီအချစ်မျိုးတွေဟာ ရေရှည်မတည်မြဲနိုင်ပါဘူး ကောက်ရိုးမီးလိုပဲ ဖြစ်တတ်တာများပါတယ်

(4) True Love ကတော့ ရယူခြင်းတွေ ပေးဆပ်ခြင်းတွေ မရှိဘူး ကိုယ်သူ့ကိုချစ်တာ တစ်ခုတည်းပဲ အသည်းကွဲတာတွေဘာတွေလည်းမရှိဘူး သူနဲ့မပေါင်းရလည်းကိစ္စမရှိဘူး သက်ဆုံးတိုင်သူ့ကိုပဲ စိတ်ထဲမှာထားတယ်ဆိုတာ မျိုးပေါ့


ကဲ ခုလောက်ဆို သူငယ်ချင်းတွေလည်း ကိုယ့်ချစ်သူကိုဘယ်လိုအချစ်မျိုးတွေနဲ့ ချစ်ကြလည်းဆိုတာ စဉ်းစားကြည့်ပေါ့နော် ကိုယ်နဲ့အဆင်ပြေတဲ့အချစ်မျိုးကိုလည်း ကိုယ့်ချစ်သူနဲ့တိုင်ပင်ကြည့်ကြပေါ့


ချစ်သူတိုင်းပေါင်းဖက်နိုင်ပါစေ...............


hay zun naing
[Reference: Myanmar Friends Group Website]

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, January 16, 2015

ဘယ်သူတွေ မစိမ်းကားနိုင်ဘူးလဲ???

တခါတလေ သင်အတ္တကြီးလိုက်ပါ
သင့်ဘက်ကစမခေါ်ပဲ အချိန်အတော်ကြာနေတဲ့အခါ
သင့်ကိုဘယ်သူတွေက စခေါ်မလဲဆိုတာကိုပေါ့

တခါတလေ သင်လစ်လျူရှုကြည့်လိုက်ပါ
သင့်ဘက်က ဂရုမစိုက်ရင် သင့်ကို
ဘယ်သူတွေက ဂရုစိုက်လာမလဲဆိုတာကိုပေါ့

တခါတလေ သင်ဆိုးလိုက်ပါ
သင်မကောင်းတဲ့အခါ
သင့်ကိုဘယ်သူတွေက သည်းခံနိုင်မလဲဆိုတာကိုပေါ့

တခါတလေ ဘယ်သူမှအသိမပေးပဲ
အဝေးဆုံးကို ထွက်သွားကြည့်လိုက်ပါ
သင့်ကိုမမြင်တဲ့အခါ ဘယ်သူတွေက လိုက်ရှာနေမလဲဆိုတာကိုပေါ့

တခါတလေ သင်အားတင်းပြီး
အာလုံးနဲ့ အဆက်အသွယ်ဖြတ်နေကြည့်လိုက်ပါ
သင့်ကိုဘယ်သူတွေက တကယ်လိုအပ်ပြီး
ဘယ်သူတွေက အရင်ဆုံးရှာဖွေမလဲဆိုတာကိုပေါ့

တခါတလေ ဘဝမှာ ကိုယ်ကစိမ်းကားကြည့်မှသာ
ကိုယ့်ကို ဘယ်သူတွေက မစိမ်းကားနိုင်လည်းဆိုတာကို သိနိုင်တာမလား??

Shared from Myawady News (FB)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, December 26, 2014

ဘယ်သူနဲ့ မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သန့် ရှင်းရေးသုံးပစ္စည်း ခြောက်မျိုး


ကျွန်တော်တို့ အားလုံးနဲ့ အခုလို အခြေအနေမျိုးနဲ့ ကြုံဖူးပါလိမ့်မယ်။ သူငယ်ချင်းက ချွေးနံ့ ပျောက်ဆေး မေ့ခဲ့တာမျိုး ဒါမှမဟုတ် အခန်းဖော်က ဆပ်ပြာကုန်သွားတာမျိုးပေါ့။ အဲ့လိုအချိန်တွေမှာ သူတို့ ကို မကူညီ ဘူးဆိုရင်တော့ တော်တော်ရိုင်းသွားလိမ့်မယ်လို့ ခံစားမိမှာပေါ့။ ဒါပေမယ့် တစ်ချို့ ပစ္စည်းတွေကတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးသင့်ပါတယ်။ သူငယ်ချင်းကို ဘယ်လောက်ချစ်ချစ် အောက်မှာဖော်ပြထားတဲ့ သန့်  ရှင်းရေးပစ္စည်း ခြောက်မျိုးကိုတော့ ဘယ်သူနဲ့ မှ မျှမသုံးသင့်ပါဘူး။

၁။ ဆပ်ပြာတောင့်

၂၀၀၈ ခုနှစ်၊ ဖလော်ရီဒါတက္ကသိုလ်က ဘောလုံးသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆပ်ပြာတုံး တွေ မျှသုံးတဲ့လူတွေမှာ MRSA လို့ ခေါ်တဲ့ ဆေးယဉ်ပါးနေတဲ့ဘက်တီးရီးယားပြည်တည်နာ ရောဂါပိုး ပြန်လည် ဖြစ်နိုင်ခြေများပါတယ်။ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကို အသုံးပြုဖို့  အကြံပေးခဲ့ပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ ရပါတယ်။

၂။ ကိုယ်နံ့ ပျောက်ဆေး

ကိုယ်နံ့ ပျောက်ဆေးတွေဆိုတာ ဘက်တီးရီးယားပိုးတွေရဲ့ အနံ့ အသက်ဆိုးရွားမှုကို နှိမ်နှင်းပေးတာပါ။ ဒီတော့ ဒီအဏုဇီဝပိုးတွေကိုသတ်ပစ်နိုင်တဲ့ အရာတွေပါဝင်မှာပါ။ ချွေးနံ့ ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကို သာ လျော့နည်းစေပြီး ဒီ ချွေးနံ့ ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။ တစ်ခု ကောင်းတာက ဒီနည်းနဲ့ ရောဂါကူးစက်မှုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အရေပြားဆဲလ်တွေ၊ အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို့ ကောင်းမှာပါ။

၃။ မုတ်ဆိတ်ရိတ်ဓား

အမျိုးသမီးအရေပြားကျန်းမာရေးအစီအစဉ် ရဲ့ ဒါရိုက်တာ၊ အရေပြားအထူးကုသမားတော် Bethanee J.Schlosser ရဲ့ အဆိုအရ မုတ်ဆိတ်ရိတ်ဓားတွေဟာ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနဲ့ HIV တို့ ကူးစက်မှု မှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီး အထူးသဖြင့် ပွေးနာတွေ အဖြစ်များတယ်လို့ သူမက ဆိုပါတယ်။

၎။ မျက်နှာသုတ်ပ၀ါ

ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပ၀ါတွေ၊ အထူးသဖြင့် စိုစွတ်နေတဲ့ ပ၀ါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ ဟိုတယ်၊ တည်းခိုခန်းတစ်ခုခုမှာ တည်းပြီဆိုရင် ကိုယ့်ပ၀ါကို ကိုယ်မှတ်ထားပေတော့။

၅။ သွားတိုက်တံ

ကိုယ်အမြဲနမ်းနေတဲ့ ကိုယ့်ချစ်သူနဲ့ ပဲဖြစ်ဖြစ်၊ သွားတိုက်တံကို မျှသုံးတာကတော့ တော်တော်ရွံဖို့  ကောင်းပါတယ်။ သွေးကတဆင့်ကူးစက်ရောဂါ တွေ ကူးစက်ခံရဖို့ များတယ်လို့  ဆိုပါတယ်။ သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေကဆင့် ကြောက်စရာရောဂါတွေ ကူးစက်နိုင်ပါတယ်။

၆။ လက်သည်းညှပ်

လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်း အပြင် သွေးကတဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် လက်သည်း၊ခြေသည်းညှပ်နေရင်းနဲ့ အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေါ့။ ဒါကြောင့် သင့်သူငယ်ချင်းက လက်သည်းညှပ်ဌားပါအုန်းလို့ ပြောလာခဲ့ရင် လက်သည်းခြေသည်းညှပ်တဲ့ အလှပြင်ခန်းမဆီ သွားဖို့ အကြံပေးလိုက်ပါ။


Credit: Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

လက်မထပ်သင့်တဲ့ ယောင်္ကျား (၅) မျိုး

ကဲ ကိုယ်ချစ်တဲ့သူက ဘယ်လိုယောင်္ကျားအမျိုးအစားလဲဆိုတာ တွဲလာတဲ့သက်တမ်းကို ကြည့်ပြီး ပျိုမေတွေ သိလောက်ပြီပေါ့နော်။ သူတို့ဟာ လက်ထပ်ဖို့ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာ ခွဲခြားနိုင်ဖို့ ဟောဒီအချက်ကလေး တွေကို ဖတ်ကြည့်လိုက်ပါ။

၁။သူ့အလုပ်ကို သေမလောက် မုန်းနေတဲ့ ယောင်္ကျားမျိုး။

တစ်ရက်တစ်ရက် အလုပ်ကြောင့် စိတ်ပျက်လက်မှိုင်ချနေတတ်ပြီး အလုပ်ကိုလည်း မရှိလို့သာ လုပ်နေရတာ၊ သေမလောက် မုန်းနေတယ်ဆိုရင်တော့ ဒီလိုယောင်္ကျားမျိုးကို ကိုယ့်အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ သေချာစဉ်းစားပါ။ ဒီလို ယောင်္ကျားမျိုးဟာ ဒီ့ထက်ကောင်းတဲ့အလုပ်မျိုးကိုလည်း မရှာချင်ဘူး။ အလုပ်ကိုလည်း လက်ကြောတင်းအောင် မလုပ်ချင်တဲ့သူမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ကြာရှည် သင့်အချစ်ရေးကိုပါ ထိခိုက်စေလာနိုင်တာဖို့ သင်ပါ စိတ်ဆင်းရဲ ရမှာ အသေအချာပါပဲ။

၂။အလုပ်မှအလုပ် ဖြစ်နေတဲ့ ယောင်္ကျားမျိုး။

ပထမအချက်နဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမှာပေါ့။ သူဟာ အလုပ်ကြိုးစားတယ်ဆိုတာမျိုးထက်ကို ပိုပြီး အလုပ်ကို နေ့မအား၊ ညမအားလုပ်တတ်တဲ့သူ ဖြစ်နေမယ်။ ကိုယ်လိုချင်တာတွေကို သူဝယ်ပေးလို့ ကိုယ်ပိုင်ဆိုင်နိုင်မယ်ဆိုပေမယ့် ကိုယ့်အတွက် သီးသန့် အချိန်မပေးနိုင်တဲ့ ယောင်္ကျားမျိုးကလည်း အိမ်ထောင်ရေး သာယာစေဖို့ စွမ်းဆောင်နိုင်မယ်လို့ မမျှော်လင့်ပါနဲ့။

၃။အမေကို တုန်နေအောင် ကြောက်ရတဲ့ယောင်္ကျားမျိုး။

တစ်ချို့ယောင်္ကျားတွေဟာ အမေချစ်တဲ့ သားမျိုးတွေ ဖြစ်နေတတ်ပါတယ်။ အမေမှအမေ၊ အမေဘာပြောပြော အမေ့စကားနားထောင်မယ်။ ပြီးမှ ချစ်သူဖြစ်မယ် ဆိုတဲ့ ယောင်္ကျားမျိုးပေါ့။ အမေက သွားဆိုသွား၊ လာဆိုလာ၊ အသက်ရတဲ့အထိ အမေရဲ့ထိန်းကွပ်မှုအောက်မှာ ပိပြားလွန်းနေတဲ့ ယောင်္ကျားမျိုးဆိုရင်လည်း ဒါရှောင်သင့်တာပဲ။ စဉ်းစားကြည့်လေ။ ချစ်သူများနေ့မှာတောင် ကိုယ့်အတွက်ရော၊ အမေ့အတွက်ပါ ရေမွှေးအမျိုးအစားတစ်ခုတည်းကို တစ်ယောက်တစ်ပုလင်း လက်ဆောင်ဝယ်ပေးတတ်တဲ့ ယောင်္ကျား အိမ်ထောင်များကျရင် ဘယ်လိုဖြစ်မလဲလို့။

၎။သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ဘယ်တော့မှ မဆုံပေးချင်တဲ့ ယောင်္ကျားမျိုး။

လူတစ်ယောက်ကို လေ့လာတော့မယ်ဆိုရင် သူ့ရဲ့အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆက်ပုံကိုကြည့်ရင် ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိပါတယ်။ သူကတော့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့မပြောနဲ့ ကိုယ့်ဘက်က တွေ့ဖို့ပြောရင်တော့ ထားလိုက်ပါကွာ ဆိုပြီး ငြင်းဆန်တတ်သူဆို၇င်တော့ ဒါဟာ တစ်ခုခုမှားနေပြီမို့ ယူဖို့အထိ မတွေးဖို့လိုပါပြီ။

၅။ကိုယ်သူ့ကို ရွေးချယ်ခဲ့တာဆိုတာကို မယုံကြည်နိုင်တဲ့ ယောင်္ကျားမျိုး။

ဒါကို မြင်လိုက်ရင် ဟယ် ဒီလိုယောင်္ကျားမျိုးက ဘာများ မရွေးချယ်စရာရှိလို့လဲ။ ကိုယ့်ကိုတော်တော်ချစ်လို့ ဒီလိုတွေးတာပေါ့လို့ ထင်နိုင်ပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူမှသာ ဒီလိုစကားမျိုး ထပ်ခါထပ်ခါ ပြောတတ်တာပါ။ ကိုယ်ယူမယ့် ယောက်ျားဟာ ယုံကြည်မှုလွန်ကဲနေတာမျိုး မဖြစ်သင့်သလို ကိုယ်ကိုယ့်ကိုယ် လုံးဝယုံကြည်မှုမရှိတာမျိုးလည်း မဖြစ်သင့်ပါဘူး။


Credit: Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, December 23, 2014

လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမ (၅) မျိုး



မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီတော့ ဘ၀တစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက်ကို ရွေးချယ်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။

၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။

သင်ဟာ ယောင်္ကျားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ၀ယ်ပေးခဲ့ရတယ်။ နှစ်ယောက်သွား အပြင်သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း အဲ့ဒီအချိန်အလုပ်ကထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်းဝယ်တဲ့အခါ သူ့နာမည်နဲ့ ၀ယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးဟာ ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့ လိုပါပြီ။

၂။ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿ နာရှာတတ်တဲ့ လူမျိုးဆိုရင်။

ကိုယ့်ချစ်သူကို သ၀န်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ နာရှာပြီး ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေအနေမျိုးက ကြာရင် ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။

၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။

ကိုယ့်ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။ အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ နားလည်ထားလိုက်တော့ပေါ့။

၎။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။

သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့ ဆုံးဖြတ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့ အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက်ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ သေချာသိလာမှာပါ။

၅။သင်ချည်းပဲ တစ်ဖက်သတ်ချစ်နေရတာမျိုးဆိုရင်။

သူကအယူချည်း၊ ကိုယ်ကအပေးချည်း။ ဒါ့အပြင် သင်ကချည်း တစ်ဖက်သက်ချစ်နေရပြီး သူ့ဘက်က ချစ်တယ်သာပြောတယ်၊ ကိုယ့်ကိုအရေးမပေး၊ အဖက်လည်း သိပ်မလုပ်တဲ့ မိန်းမမျိုးဆိုရင်လည်း ကိုယ့်ဘက်က အိမ်ထောင်ဖက် အဖြစ်ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ စဉ်းစားရမှာတွေ အများကြီးပေါ့။

Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အမျိုးသားများက လုပ်နေပေမယ့် ဘယ်တော့မှ ဝန်မခံချင်ကြတဲ့အရာ (၉)မျိုး


အမျိုးသားအားလုံး (ယောင်္ကျားစိတ်အပြည့်ရှိတဲ့သူများသာ) က အခြားဘယ်သူမှ မသိစေချင်တဲ့ သူတို့အကြောင်းတွေရှိပါတယ်။ မသင့်တော်တဲ့အပြုအမူတွေမဟုတ်ပဲ ဝန်ခံရမှာရှက်ကြတဲ့ သေးမွှားတဲ့ဖြစ်ရပ်လေးတွေပါ။

၁။ ပုံမှန် မျက်နှာဂျီးချွတ်တတ်ကြတယ်။

ဒါယောင်္ကျားအများစုလုပ်တဲ့အရာပေါ့ ဒါပေမယ့် ဝန်မခံတတ်ကြပါဘူး။ သူတို့ ပါးသိုင်းမွှေးရိုတ်ကြတယ် ဒီလောက်ထိပဲ ပြောရင်ပြောကြလိမ့်မယ်။ သူတို့တွေကလည်း အလှကုန်ပစ္စည်းတွေနဲ့ နှုတ်ခမ်းအဆီတွေ ဆောင်ထားတတ်ကြပါတယ်။ ပြီးတော့ ပုံမှန် အလှပြင်ဆိုင်မသွားရင်တောင်မှ အိမ်မှာ ကိုယ့်မျက်နှာလေးကို ဂရုတစိုက်နဲ့ မျက်နှာနူးညံ့စေတဲ့အလှကုန်တွေ အသုံးပြုကြပါတယ်။ သူတို့လည်း အသားအရေကို ဂရုစိုက်ကြပါတယ်... ဒါသူတို့ အမှန်တကယ်လုပ်ကြပါတယ်။

၂။ မိန်းကလေးတွေသောက်တတ်တဲ့အအေးတွေကို မှာသောက်တတ်ကြတယ်။

ယောင်္ကျားလေးတွေကလည်း တချိန်လုံး ဘီယာခပ်အေးအေးကိုပဲ သောက်နေကြတာမဟုတ်ဘူး… တခါတလေ ပေါ့ပါးပြီး ပြင်ပြင်ဆင်ဆင်ရှိတဲ့ ခွက်ကလေးနဲ့ သောက်ရတဲ့အချိုရည်၊ ဝိုင်တွေကိုလည်း မှာသောက်တတ်ကြပါတယ်။

၃။ အမျိုးသမီးတွေနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းနဲ့ ဟာသအချစ်ဇာတ်လမ်းတွေကိုလည်း ကြည့်ကြတယ်။

အမျိုးသမီးတွေပဲ အဓိကမဟုတ်ပါဘူး။ အမျိုးသားတွေကလည်း ခေါင်းအုံးဖက်ပြီး ပေါက်ပေါက်ဗူးနဲ့ ဒီလိုဇာတ်လမ်းတွေကိုလည်း ကြည့်တတ်ကြပါတယ်။ “The Notebook” လို ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေကိုလည်း သူတို့ ညနက်ထိထိုင်ကြည့်တတ်ကြတာ ဘယ်တုန်းက ဝန်ခံဖူးလို့လဲ။

၎။ ငိုကြတယ်။

အမျိုးသားတွေက ဘေးနားမှာ လူတွေများနေရင် သူတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ရည်ကို ဘယ်တော့မှ ကျခွင့်ပေးကြမှာ မဟုတ်ပါဘူး။ သင် လက်ခံချင်မှ လက်ခံပေါ့။ သူတို့ အလွန်ဆုံးမှ ရှိုက်ရုံလောက်ပဲရှိမှာပါ။ နှလုံးသားတစ်ခုလုံးခါဝါချပြီး ငိုပစ်လိုက်တာမျိုးက ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို့လည်း ငိုကြတယ်ဆိုတာကို သင်သိထားသင့်ပါတယ်။

၅။ မြတ်မြတ်နိုးနိုးဖက်ထားတာ ခံချင်ကြတယ်။

ဒီလိုပြောရင် မထူးဆန်းပါဘူးဆိုပြီး သင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ချစ်တဲ့ကောင်မလေးရဲ့ မြတ်မြတ်နိုးနိုးဖက်ထားတာမျိုးကိုလည်း သူတို့နှစ်သက်ကြတယ်… ဆိုလိုချင်တာကတော့ ဖက်တဲ့သူပဲ တချိန်လုံးဖြစ်မနေချင်ဘူး ခံရတဲ့သူလည်း ဖြစ်ချင်တာပေါ့။ အချစ်တွေနဲ့ ခဏခဏပွေ့ဖက်တတ်ကြတဲ့စုံတွဲဟာ ပိုပြီးနီးစပ်ကြပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေတယ်။

၆။ ဈေးဝယ်ထွက်ကြတယ်။

အဝတ်အစားဝယ်တာကတော့ မထူးဆန်းပါဘူး။ ယောင်္ကျားလေးတွေကလည်း အိမ်သာသုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးတွေ ဝယ်တဲ့အကျင့်ရှိကြတယ်။ ဒီလိုပစ္စည်းတွေဝယ်တော့မယ်ဆိုရင်တော့ သူတို့မိဘ၊ ချစ်သူကောင်မလေး တွေကို လိုက်ခဲ့ဖို့ မဖိတ်ခေါ်ဖူးကြပါဘူး။ ဒီကိစ္စဟာလည်း သူတို့ဘဝရဲ့ တစိတ်တပိုင်းမှာ နေရာယူထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

၇။ အခြားယောင်္ကျားလေးတွေရဲ့ ပုံစံတွေကို အကဲခတ်ကြတယ်။

မေးရင်တော့ သူတို့ဝန်ခံမှာ မဟုတ်တာသေချာတယ်။ ဂရုမစိုက်သလိုအေးစက်စက်နေပေမယ့် ကွယ်ရာကနေ သဘောကျတဲ့စတိုင်ကို အကဲခတ်ပြီး မသိမသာအတုခိုးတတ်ကြတယ်။

၈။ ပိုပြီးခန့်ညားသွားအောင် ဗိုက်သားကို ကျုံ့ထားတတ်ကြတယ်။

ဒါကတော့ ရယ်စရာကောင်းပေမယ့် တကယ်မှန်ပါတယ်။ ယောင်္ကျားလေးတွေ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် မမြင်နိုင်တဲ့အင်္ကျီအောက်ကနေ ဗိုက်သားကို ကျုံ့ထားပြီး အသက်ရှူအောင့်ထားကြပါတယ်။ အဖေ၊ အဖိုးအရွယ်ထိ ဖြစ်ခဲ့တဲ့ ရှေးရိုးစဉ်ဆက် ခုချိန်ထိ ယောင်္ကျားတိုင်းလိုလို လုပ်လျက်ရှိကြတဲ့ ရယ်စရာအကျင့်လေးတစ်ခုပါပဲ။

၉။ ကွယ်ရာမှာ အတင်းတုပ်ကြတယ်။

ဘယ်သူက အမျိုးသမီးတွေပဲ အတင်းပြောတယ်ဆိုပြီး ပြောနိုင်လဲ။ သူငယ်ချင်းအုပ်စု အတူထိုင်ကြပြီဆိုရင် ယောင်္ကျားတွေလည်း သူတို့အနီးအနားမှာ ဖြစ်နေတဲ့ အတင်းတွေ ပြောတတ်တယ်ဆိုတာ ယုံလိုက်ပါ။ ဒီအမှန်တရားကို ဘယ်လိုယောင်္ကျားတွေကမှ ဝန်ခံချင်ကြမယ်လို့ မထင်ပါဘူး။

Ref:mensxp.com
Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ



လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးကသေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှည်းကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေပဲ မဟုတ်ပါလား...

အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်နိုင်မလဲ၊ ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ...

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်တယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရတယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ၊ အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား။

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြတယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)

နိုင်းနိုင်းစနေ (Saturday, November 28, 2009)

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အမေ့အတွက် သားလိမ္မာ ဖြစ်စေဖို့



ကလေးအရွယ်တုန်းကတော့ သားကိုချီပိုးဆော့ပေးနိုင်ခဲ့တယ်။ သားအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင် အမေ့ကို လက်ညှိုးထိုးပြတတ်တဲ့ သားယောင်္ကျားလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ အမေတွေနဲ့ ဝေးကွာလာသလို အလုပ်ခွင်ထဲရောက်၊ အိမ်ထောင်ကျတဲ့အခါ အမေနဲ့ရော မိဘအတွက်ပါ အချိန်မပေးနိုင်ကြတော့ဘူး။ အလုပ်တွေ ရှုပ်၊ စိတ်တွေရှုပ်လာတဲ့အချိန် အမေ့ကိုပါ အော်ငေါက်တတ်လာသလို ဆူပူတာမျိုးတွေပါ လုပ်လာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဘယ်သူမှမသိအောင် သားသမီးတွေအတွက် တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ရတဲ့ အမေတွေ၊ ကိုယ့်သားသမီးက ပြန်ပြောဆိုတာခံရလို့၊ အော်ငေါက်တာခံရလို့ စိတ်မကောင်းဖြစ်ကြရတဲ့ အမေတွေ အများကြီးပါ။ သူတို့မှာ လိုအပ်နေတာ ငွေကြေးဆိုတာထက် သားသမီးတွေရဲ့ မေတ္တာတွေပါ။ အသက်ကြီးလို့ အားငယ်လာတတ်ကြတဲ့ မိခင်အတွက် သားလိမ္မာတစ်ယောက်ဖြစ်အောင် ဘယ်လိုအချက်ကလေးတွေ ဖြည့်ဆည်းပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အမေ့ကိုချစ်တယ်ဆိုတာ သူသိပါစေ။

အချိန်အားတိုင်း အမေ့ကို သိပ်ချစ်တာပဲလို့ အားလုံးကြားအောင် အော်ပြနေတာထက်စာရင် အမေ့ဘေးမှာ သူလိုအပ်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေ ကူလုပ်ပေးခြင်းကလည်း သူ့ကိုချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ သူ ဟင်းချက်တဲ့အခါ ဘေးနားက တစ်ခါတစ်လေ အချိန်ရရင်ရသလို ကူညီပေးတတ်တာမျိုးဟာ ကိုယ့်သူ့ကိုချစ်တယ်ဆိုတာ ပြသတာတစ်မျိုးပါပဲ။ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုးလုပ်ပေးပါ။ ကော်ဖီအတူတူ သောက်၊ စကားပြောတာမျိုးတွေ လုပ်ပေးပါ။ သူနားမလည်တာတွေကို အချိန်ယူရှင်းပြပါ။ အော်ငေါက်တာမျိုး မလုပ်မိပါစေနဲ့။

အမေ့စကားကို တတ်နိုင်သလောက် နားထောင်ပါ။

ကိုယ်က အသက်အရွယ်ရနေပြီ။ လူကြီးဖြစ်နေပြီဆိုပေမယ့် အမေ့အတွက်တော့ ကိုယ်ဟာ ကလေးတစ်ယောက်ပါပဲ။ သူဆုံးမတာတွေ မှတ်သားပါ။ နာခံပါ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ဒါတော့ ဘာ့ကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း သူ့ကို ပြန်ရှင်းပြပါ။ အမေက အိမ်ကို ည၁၀နာရီနောက်ဆုံး ပြန်ရောက်စေချင်တယ်ဆိုရင် ရောက်နိုင်အောင် ကြိုးစားပါ။ မဖြစ်နိုင်ဘူးထင်ရင် ပြန်ညှိပါ။ အမေဆိုတာ ကိုယ့်ကို ကလေးဘ၀ကတည်းက လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်လာအောင် သွန်သင်ဆုံးမပေးတဲ့သူဆိုတာ ခေါင်းထဲထည့်ပြီး တလေးတစား ဆက်ဆံပါ။

စကားပြော ဆင်ခြင်ပါ။

အမေကလည်း ဘာမှမသိပဲနဲ့။ ခုခေတ်အခြေအနေကို အမေဘာမှ မသိပဲ ၀င်မပြောနဲ့။ အမေက အာရုံနောက်စရာကြီးဗျာ စသဖြင့် သူတို့တွေ ၀မ်းနည်းစေမယ့် စကားမျိုးမပြောပါနဲ့။ ကိုယ်က ခုချိန်မှာ တော်တတ်နေတယ်ဆိုတာကလည်း အမေ့ရဲ့ပံ့ပိုးမှုတွေ အများကြီး ပါတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။

အမေနားမလည်တာတွေကို စိတ်ရှည်လက်ရှည်သင်ပေးပါ။

အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမျိုးမှာ အိမ်မှာပဲနေရတဲ့အမေတွေဟာ ဗဟုသုတနည်းမှာ အမှန်ပါပဲ။ နောက်ဆုံးပေါ် ဖုန်းကို ဘယ်လိုသုံးရသလဲဆိုတာမျိုး၊ အင်တာနက်သုံးတဲ့အခါ ဘာတွေလိုတယ်ဆိုတာမျိုး သူစိတ်ဝင်စားတယ်ဆိုရင် စိတ်ရှည်လက်ရှည်သင်ပေးပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ။

အမေက အသက်ကြီးနေပြီမို့ ညာပြောတာမျိုး၊ အရေးမထားတာမျိုးတွေ မလုပ်ပါနဲ့။ အမေရေ ကျွန်တော်ကတော့ ဘယ်လိုဖြစ်နေပြီ စသဖြင့် သူ့ကို အရေးထား တိုင်ပင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

အမေ့အတွက်ဆိုပြီး မှတ်မှတ်ရရ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားပါ။

တစ်ပတ်မှာတစ်ခါ၊ ဒါမှမဟုတ် တစ်လမှာတစ်ခါ အမေ့အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ ဖန်တီးပေးပါ။ အမေကြိုက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ အမေသွားချင်တဲ့နေရာကို လိုက်ပို့ပေးတာမျိုးပဲဖြစ်ဖြစ်၊ အမေ့အတွက် အချိန်ပေးပြီး တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။

ဂရုစိုက်စောင့်ရှောက်ပါ။

အမေဆိုတာ သားသမီးတွေအတွက် ၂၄နာရီလုံး၊ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို အဆင်သင့်ရှိနေသူတွေပါ။ သူတို့အလှည့်ကျရင်ရော။ သူတို့နေထိုင်မကောင်းဖြစ်တဲ့အခါ မအားလို့ ဂရုမစိုက်ပဲ ပစ်ထားတာမျိုး၊ အနားမှာ မရှိတာမျိုးတွေ မလုပ်ပါနဲ့။ အမေဆိုတာ သားသမီးတွေအတွက် ဘယ်လိုမှ အစားမထိုးနိုင်ဘူးဆိုတာ သိထားပါ။ တန်ဖိုးထားချစ်ပါ။

အမေကို ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။

သူနားမလည်ပဲ ပြောလိုက်တဲ့ အရာတစ်ခုကို သင်က ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ ရှောင်ပါ။ အိမ်မှာ ကိုယ့်အိမ်သားတွေရှေ့မှာ သူ့ကိုဟာသလုပ်တာမျိုးက ပျော်စရာကောင်းပေမယ့် တခြားအမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေရှေ့မှာ ပြောဆိုတာမျိုးဆိုရင်တော့ သူစိတ်မကောင်းဖြစ်သွားမှာ အမှန်ပါပဲ။

Ref:mensxp.com
Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

မိန်းကလေးတွေ သူ့ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချတာ ဒီလိုအချက်တွေကြောင့်ပါ



အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။

၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်

သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။

၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

၎။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်

အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။

၅။သင့်မှာ ဘ၀အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်

ဘ၀ကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။

Ref:mensxp.com
Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အပူ သောက ငြိမ်းစေရန် နည်းလမ်း

မနက်ရုံးသွားဖို့ ပြင် ဘတ်စ်ကား အလာ နောက်ကျတဲ့ အခါ

၁။ ဒီကားကတော့ အမြဲ ဒီလိုဖြစ်နေတယ်။ ပြဿနာပဲ၊ ရုံးတော့ နောက်ကျပါပြီ။ စိတ်ညစ်ပါတယ်။

(သို့မဟုတ်)

၂။ ‘တစ်ခါ တစ်လေ ကျတော့လည်း ဖြစ်တတ် တာပဲလေ။

(အကယ်၍ ခဏခဏ ဖြစ်ပါက)

၃။ အော် ဒီလို ဖြစ်နေတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ။ နောက်တစ်နည်း စဉ်းစားပြီး သွားရတာပေါ့။ လခ အဖြတ်ခံရလည်း တစ်နာရီ စာပါပဲလေ။ တစ်လစာမှ မဟုတ်တာ’

ယင်း သုံးမျိုးထဲမှာ မိမိရဲ့ စိတ်ထဲ ဘယ်လို အတွေးဝင်မိ ပါသလဲ။ ပထမ တစ်မျိုး ဖြစ်နေပြီ ဆိုပါက မသင့်လျော်ပါ။

(ရှောင်လွဲ မရတဲ့) ပြဿနာ အခက်အခဲ တစ်ခု ကြုံတဲ့အခါ ယင်း အခက်အခဲ နဲ့ ဖြစ်ရပ် အပေါ် အခြေခံပြီး လူတိုင်းမှာ အကောင်းလဲ မြင်နိုင် ခံစား နိုင်သလို၊ အဆိုးလည်း မြင်နိုင် ခံစား နိုင်ပါတယ်။ အားလုံး သိထားကြတဲ့ ဒဿန တစ်ခုလိုပါပဲ ရေတစ်ဝက် ထဲပဲ ကျန်တော့တယ်နဲ့ ရေတစ်ဝက်ကြီးတောင် ကျန်သေးတယ် ဆိုတဲ့ သိမြင်မှု နှစ်ခုထဲမှာ မိမိ စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိပါတယ်။

ဘယ်ဖြစ်ရပ်ပဲ ကြုံကြုံ ဒေါသလျော့၊ သောကလျော့ ဖြည့်တွေးမယ် မရှိပဲ ငါသေပြီ ငါသေပြီ လို့သာ ငြီးငြူ နေတတ်မယ် ဆိုရင်၊ တစ်ဖက်ကို ဒေါသ နဲ့ ပြန်တုန့်ပြန်နေ ရင် တော့ ဒါဟာ အဆိုးမြင့်တဲ့ ဝါဒ ဖြစ်ပါတယ်။ အကောင်းဘက်ကနေ တွေးပြီး ဥပေက္ခာ ပြုသင့်တဲ့ အမုန်း၊ အာကာသ များကိုလည်း ဥပေက္ခာ ပြုပေး နိုင်မှသာ ဒါဟာ မှန်ကန်တဲ့ နှလုံးသွင်း လက်ခံမှု (ယောနိသော မနသိကာရ) ဖြစ်ပါတယ်။ ပုထုဇဉ် လူသားမှန်ရင် အားလုံးကို အကောင်းမြင်ပေး နိုင်ဖို့ ဆိုတာ ကတော့ အင်မတန် ခက်ခဲ ပါတယ်။ သို့ပေမယ့် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ မဟုတ်ရင် နှိုင်းယှဉ်လို့ မရအောင် ပူလောင်တဲ့ ဒေါသ၊ သောက မီးတွေထဲမှာ နေ ရရ တယ် ဆိုတာကို ကြုံတွေ့ဖူးသူများ ခံစား သိရှိမှာပါ။ ဒါကြေင့်မို့ အပူသောက ငြိမ်းပြီး ဘဝကို အေးချမ်းစေတဲ့ နည်းလမ်းက အရာရာကို အကောင်းဆုံး ရှုမြင်ပေးနိုင်တဲ့ စိတ်ထား ရှိအောင် မွေးမြူခြင်း ဖြစ်ပါတယ်။

Yoyarlay

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Saturday, December 20, 2014

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်




သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

တစ်ည ခုနစ်နာရီ အိပ်စက်ပါ...

အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။

ထောပတ်အတု လျှော့စားပါ...

ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။

credit to နှင်းဆီဖူးလေးများ-Love BUDS
todaymyanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ



အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက် အကောင်းဆုံးသောနည်းလမ်းတခုမှာ
အောင်မြင်ကျော်ကြားသူများ၏ ဘ၀ဖြတ်သန်းပုံများကိုလေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်အထည်ဖော် ရန်ဖြစ်သည်။

အောင်မြင်လိုသောစိတ်ရှိသူတော်တော်များလည်း ဘ၀တွင်ကျရှုံးမှုများ ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်သူများ၏သာယာလှပသော ဘ၀ကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘ၀ကို ရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင်၊မသိနိုင်ခဲ့ကြလို့ပါ။

အောင်မြင်သော သူများ၏ ဘ၀ဖြတ်သန်းပုံကိုသိရှိခြင်းအားဖြင့် သင်လည်းပဲဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်ကောဘယ်လိုအခွင့်အရေးတွေရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ဘယ်လိုလျှောက်လမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။

ကျွန်တော်ဝေမျှလိုသော အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားသူများ၏ အတိုချုန်းထားတဲ့ဘ၀သင်ခန်းစာလေးတွေပါ။ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အများလေးစားဂုဏ်ယူတဲ့ဘ၀ကိုရောက်ရှိခဲ့ပုံလေးပေါ့။

Soichiro Honda – ဟွန်ဒါကုမ္ပဏီကိုတည်ထောင်ထားသူပေါ့။ ဟွန်ဒါလို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်ဖြစ်တဲ့ကမ္ဘာကျော်ကားအမျိုးအစားပါ။ တချိန်ကဟွန်ဒါ မတည်ထောင်ခင် တိုယိုတာကားကုမ္ပဏီမှာဝန်ထမ်းအဖြစ်အလုပ်လျှောက်စဉ် မိမိနှင့်သင့်တော်သောနေရာမရှိဟု အငြင်းခံလိုက်ရသူတဦးဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်မကျတဲ့အပြင် မခံချင်စိတ်ဖြင့်ကြိုးစားသဖြင့်ယခုအချိန်မှာ တိုယိုတာနှင့်အပြိုင်ကုမ္ပဏီတခုအဖြစ် ရပ်တည်နေနိုင်ပါပြီ။ သင်လည်းပဲဘယ်လိုပဲအငြင်းခံရပါစေ သင်ရောက်လိုသော ပန်းတိုင်ကို ရောက်အောင်သွားပါ။

Stephen King- နာမည်ကြီးစာရေးဆရာတဦးလို့ လူသိများတဲ့စတီဗင်ကင်းဟာဆိုရင်လည်းပဲ ပထမဦးဆုံးဝတ္တုကိုဖြန့်ချီရန်ကြိုးစားရာတွင်ဘယ်လိုမှ အစဉ်မပြေခဲ့ပဲ အမှိုက်ပုန်းထဲအထိမိမိစာအုပ်ကိုစွန့်ပစ်ခဲ့ပြီး ဇနီးမယား၏ အားပေး၊တိုက်တွန်းမှုဖြင့် အမှိုက်ပုန်းထဲကပြန်လည်ကောက်ယူ
ကာနောက်တကြိမ်ဖြန့်ချီရန် ကြိုးစားရာမှ အစပြုကာအောင်မြင်ကျော်ကြားသူ တဦးဖြစ်လာခဲ့သည်။ သင်ခန်းစာအနေဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်ပါ ဘယ်သူမှလက်မခံသေးခင်ကာလမှာ စိတ်ရှည်၊ဇွဲရှိစွာကိုယ်သွားလိုသော ခရီးကိုရောက်အောင်သွားပါ။

Thomas Edison- သောမတ်စ်အဲဒီစင် လို့ဆိုလိုက်ရင်တော့လူအများသိပြီးတဲ့အတိုင်း မီးသီးတလုံးထွန်းလင်းဖို့အတွက် မီးသီးပေါင်း ၉၉၉လုံးကိုအရင်စမ်းသပ်ခဲ့ရာ မအောင်မြင်သေးပဲ အလုံးတထောင်ရောက်မှပင်အောင်မြင်စွာတည်ထွင်နိုင်ခဲ့တာပါ။ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အံအားသင့်စရာကောင်းပေမယ့် သူ့ရဲ့တုံ့ပြန်မှုကတော့ မအောင်မြင်ခဲ့သောမီးသီးတလုံးကိုစမ်းသပ်တိုင်းဒါဟာနည်းလမ်းအမှန်မဟုတ် မီးသီး မီးထွန်းလို့ရတဲ့အထိထပ်ကာတလဲလဲ ကြိုးစားခဲ့သူ တဦးဖြစ်သည်။ သင်လည်းပဲ ဘ၀တွင်ဘယ်လိုကျရှုံးမှုများစွာကြုံတွေ့နေပါစေ သောမတ်စ်အဲဒီစင်ရဲ့ ဘ၀သင်ခန်းစာကိုယူက သင်လိုချင်သောဘ၀မျိုးဖြစ်အောင် ကြိုးစားပါ။

Oprah Winfrey- ကမ္ဘာ့အချမ်းအသာဆုံး အမျိုးသမီးတွေထဲကတဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ အိုပရာဟာ ဆိုရင်လည်းပဲသူမရဲ့ဘ၀ ယခုလိုမဖြစ်ခင်စဉ်က အလုပ်မှတကြိမ်အထုတ်ခံရဖူးပြီး ရုပ်သံလောကကိုဝင်စ က သူမနဲ့ မကိုက်ညီနိုင်ဟုအပြောခံခဲ့ရဖူးသူဖြစ်သည်။ သူမလည်းမည်သို့သောအခါကမျှအရှုံးသမားလို့ မခံယူပဲရုန်းကန်ကြိုးစားရာမှ ယခုလိုအများအထင်ကြီးလေးစားရတဲ့လူတဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

Bill Gates – ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မိုက်ကရိုဆော့ဖ်ကို တည်ထောင်သူဘေးလ်ဂိတ်ဟာဆိုရင်လည်း တချိန်ကအခြားကုမ္ပဏီတခုမှာပရောဂျက်တခုအ
တွက်၎င်း၏အိုင်ဒီယာကိုအဆိုတင်သွင်းရာ အငြင်းခံခဲ့ရဖူးပါတယ်။ သူလည်းပဲလူတကာအထင်ကြီးလေးစားတဲ့ ဘေးလ်ဂိတ်ဖြစ်လာပြီ မဟုတ်ပါလော။

ထိုအောင်မြင်ကျော်ကြားသူများရဲ့ ဘ၀သင်ခန်းစာများကိုအမိအရ ရယူပြီး သင့်ဘ၀အတွက် အကျိုးရှိအောင် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင်လည်းပဲ သင်လိုချင်သော အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။

ကျွန်တော်အတွက်တော့ဘ၀သင်ခန်းစာများအဖြစ်ရရှိလိုက်တာကတော့……………….

၁) အငြင်းခံရခြင်းများစွာရှိခဲ့သော် ကိုယ့်ဘ၀အတွက်အရှုံးသမားအဖြင့်မခံယူရန်
၂) ရှုံးနိမ့်ခဲ့ဖူးခြင်းကို ပြသနာတခုဟု မထင်မှတ်ရန်
၃) ကိုယ့်ကိုလက်မခံသူများဟာ ကိုယ့်အကြောင်းကိုမသိသောသူများအဖြစ်သာ မှတ်ယူရန်
၎) ဘယ်သူလက်ခံခံ မခံခံ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲတမ်းရှိရန်

ဘ၀တွင်ဘယ်လိုပင်ခက်ခဲကြမ်းတမ်းပါစေ မလျှော့သောဇွဲဖြင့်ပန်းတိုင်ကိုအရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

Ref: M.Farouk Radwan, MSc

Mr. Guy
World Myanmar (world-myanmar.com)

Mr. Guy ရေးသားသောဆောင်းပါးများနှင့်ပတ်သတ်၍ အကြံပေး ဆွေးနွေးလိုသူများ အောက်ပါလင့်ခ်တွင်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးလိုပါတယ်။

https://www.facebook.com/profile.php?id=100005524216303&fref=ts

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။
ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။
ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိက အကြောင်းအရာ တွေလို့ လေ့လာတွေ့ရှိရပါတယ်။
ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့ စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။
ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။
- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
By: Good Health

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။