တဖက်သတ်အချစ်..................
***********
ချစ်တတ်ဖို့ရာ
လွယ်ပါတယ်
မုန်းမေ့ဖို့ရာ
ခက်လှပါတယ်....................
မင်းကိုချစ်မိနေတဲ့ နှလုံးသားက
မင်းလေးကိုမုန်း
မေ့ဖို့ရာမစွမ်းသာပြီ
မင်း .............ငါ့ကို မချစ်ခဲ့ပေမယ့်လည်း
ငါကတော့မင်းကိုချစ်နေတဲ့စိတ်နဲ့ပဲ
အသက်ဆက်ရှင်သန်နေတာပါချစ်သူ.......
မင်းရဲ့ရင်ထဲမှာ ငါ ဆိုတဲ့ကောင်လေး
တစ်ယောက်မရှိခဲ့ပေမယ့်
ငါ့ရင်ဘက်ကြီးထဲမှာတော့
မင်းဆိုတဲ့ ငါချစ်နေရတဲ့ မင်းလေး
တစ်ယောက်ရှိနေတုန်းပဲ ချစ်သူ..............
ဒါကို တဖက်သတ်အချစ်လို့
ခေါ်လေမလား ။
Posted by Lwan Lay
0 comments:
Post a Comment