လွမ်းတတ်ဖို့
ချစ်ခဲ့တာ မဟုတ်ပေမယ့်
ချစ်မိလာတော့လည်း
နေ့တိုင်းပဲ လွမ်းနေရတယ်...။
= = = =
ငါ့ဘေးမှာ
နင်ရှိနေပြီး သူ့ကို
လွမ်းတာထက် သူ့ဘေးမှာ
နင်ရှိနေပြီး ငါ့ကို
မေ့ပစ်လိုက်တာက ပိုပြီး
သင့်တော်ပါတယ်။
= = = =
“မေ့လိုက်ပါတော့”တဲ့
မင်းနှုတ်ဖျားက လွယ်လွယ်နဲ့ထွက်တဲ့စကား
တကယ်မေ့ဖို့ရာ လွယ်တယ်လို့
မင်းထင်လို့လား....
မင်းမချစ်ချင်နေပါ ငါ့ကိုမမေ့ခိုင်းပါနဲ့
တိုက်ဆိုင်မှုရှိရင်
သတိရခွင့်လေးတော့ပေးပါ....။
= = = =
0 comments:
Post a Comment