ကိုယ်မင်းကို သတိရတယ်လို့
ပြောတာကို မင်းလေး ဘာလို့ မယုံတာလဲ
ဖုန်းမဆက်တာနဲ့ မေ့နေတယ်လို့များ
မင်းလေး ထင်နေတာလား?
Message လေး မပို့တာနဲ့ နောက်တစ်ယောက်
ရနေပြီလို့ ထင်နေတာလား?
မဟုတ်ရပါဘူးကွာ....
မင်လေးများ ကိုယ့်ကို စပြီး
ဆက်သွယ်မလားဆိုပြီး
မျှော်နေတာပါကွာ.....။
= = = = =
အချစ်သံသရာ
မင်းချစ်မိတဲ့အခါ
မင်းနာကျင်ရတယ်
မင်းနာကျင်ရတဲ့အခါ
မင်းမုန်းမိမယ်
မင်းမုန်းမိတဲ့အခါ
မင်းမေ့ဖို့ကြိုးစားတယ်
မင်းမေ့ဖို့ကြိုးစားတဲ့အခါ
မင်းလွမ်းစပြုလာတယ်
မင်းလွမ်းစပြုမိတဲ့အခါမှာပဲ
မင်းထပ်ချစ်မိသွားပြန်တယ်။
= = = =
0 comments:
Post a Comment