Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Wednesday, December 10, 2014

မင်းလေးသိစေဖို့-၃၃


အချစ်တစ်မျိုးရှိတယ်....

အရမ်းချစ်နေလျက်နဲ့ လှပပြည့်စုံအောင် ထုတ်ဖော်မပြတတ်ဘူး...

အချစ်တစ်မျိုးရှိတယ်....

ဆုံးရှုံးရမယ်မှန်းသိနေလျက်နဲ့ အဲဒီနားကခွဲခွါမသွားနိုင်ဘူး....

အချစ်တစ်မျိုးရှိတယ်....

ကြေကွဲရမယ်မှန်းသိနေလျက်နဲ့ သူ့ကို ရှောင်ပုန်းလို့မရနိုင်ဘူး...

အချစ်တစ်မျိုးရှိတယ်....

အနာဂတ်အတွက် မရေရာပေမယ့် သူ့အတွက်

ပေးလိုက်ရတဲ့နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး.....

အချစ်တစ်မျိုးရှိတယ်....

အဆုံးသတ်မရှိမှန်းသိနေလျက်နဲ့

အဲဒီအိပ်မက်ကို ဆက်မက်နေချင်သေးတယ်....။

= = = = = =


အနားက လူအယောက်(၁၀၀၀)

ဖြတ်သွားရင်တောင်

မင်းခြေသံကို မှတ်မိနေတုန်းပဲ

ဘာဖြစ်လို့လဲဆိုတော့

(၉၉၉)ယောက်က

မြေကြီးကိုနင်းသွားပြီး...

မင်းလေးကတော့ ငါ့ရင်ဘက်နှလုံးသားကို

နင်းသွားလို့ပဲ.....။

-= = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။