Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၂၃



ဘာ !

ငါက မလွမ်းတတ်ဘူး ဟုတ်လား?

မင်းကို တစ်ခါလွမ်းလို့ တစ်ကျပ်ပဲရရင်တောင်

ငါ သန်းကြွယ်သူဌေး ဖြစ်နေတာ ကြာရောပေါ့။

= = = = =



သူငယ်ချင်း.....

မင်းရဲ့ အချစ်တွေကို ငြင်းပယ်ခံလိုက်ရလို့

စိတ်မကောင်း ဖြစ်မနေပါနဲ့။

မင်းရဲ့ရည်းစားက မုန်းသွားလို့လည်း

သိပ်ဝမ်းနည်းမနေပါနဲ့။

မင်းရဲ့ချစ်သူကထားသွားလို့လည်း

သိပ်ခံစားမနေပါနဲ့။

မင်းရဲ့ဘ၀လက်တွဲဖော် ဖြစ်မယ့်သူဆိုတာ

မင်းကို ဘယ်လိုအကြောင်းမျိုးနဲ့မှ

နာကျင်စေမှာမဟုတ်သလို

ဘယ်လိုအကြောင်းမျိုးနဲ့မှလည်း ထားသွာမှာ

မဟုတ်ပါဘူး။

သူဟာ မင်းရဲ့ ဘ၀လက်တွဲဖော် မဖြစ်ထိုက်ဘူးလို့ပဲ

သဘောထားလိုက်ပါ သူငယ်ချင်း....။

Writer - Aye Min Soe(Online)

= = = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။