အချစ် မရှိတော့ဘူး.....
အလွမ်းတွေချည်းပဲ ကျန်နေခဲ့တယ်....
အသည်းနှလုံးလည်း မရှိတော့ဘူး...
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
အသက်ရှင်နေရတယ်....
ဝေဒနာကို ဖြေသာမယ့်ဆေးလည်း မရှိဘူး....
ဒီဒဏ်ရာက ထာဝရမကျက်ပဲ သေရာပါနေတော့မယ်....
ရေးသူ - မြ၀ဏိုးစံ(စာပေဥယျာဉ်)
= = = = =
အထီးကျန်သူရဲ့ဆုတောင်း
အချိန်တိုင်းမဟုတ်ပေမယ့် နေ့တိုင်းသတိရမိတယ်
လွမ်းတဲ့စိတ်တွေနဲ့မွမ်းကြပ်လာတဲ့အခါ
ချစ်သူဆီမှာရင်ဖွင့်ချင်ပေမယ့် သက်ဆိုင်ခွင့်မရှိတော့တဲ့
အေးချမ်းနေတဲ့ သူ့ဘ၀လေးကို မီးမမြှုက်လိုပြန်ဘူး
ချစ်သူရေ ပျော်ရွှင်ပါစေ ချမ်းမြေ့ပါစေ ကျန်းမာလန်းဖြာပါစေ
ဖြူစင်တဲ့စေတနာ မှန်ကန်တဲ့စိတ်ထားတွေနဲ့ ဆုတောင်းရင်း
အလွမ်းမီးတောက်တွေနဲ့အတူ ကာရန်မဲ့ အထီးကျန်ညများစွာ
ငါ ဖြတ်သန်းရဦးမှာပါလေ။
ရေးသူ - မြ၀ဏိုးစံ(စာပေဥယျာဉ်)
= = = = =
0 comments:
Post a Comment