အသည်းကွဲသူများအတွက်
သူ သင့်ကို
ချစ်သေးလား မချစ်တော့ဘူးလားဆိုတာကို အချိန်ကုန်ခံပြီး
ဘယ်တော့မှ မစဉ်းစားပါနဲ့....
ဖြေမှာမဟုတ်တဲ့သူတစ်ယောက်ကိုလည်း အပင်ပန်းခံပြီး
ဘယ်တော့မှ မမေးနေပါနဲ့....
တကယ့်အဖြေမှန်က ရိုးရှင်းပါတယ်...
သူ သင့်ကို တွေ့ချင်ရင် မတွေ့တွေ့အောင် လိုက်ရှာလိမ့်မယ်...
သူ သင့်အသံကြားချင်ရင် သင့်ဖုန်းကို ဆက်လိမ့်မယ်....
သူ သင့်ကို မြင်ချင်ရင် သင်ရှိရာကို လာလိမ့်မယ်...
သူ သင့်ကို ချစ်သေးတယ်ဆိုရင်
သင့်လက်ကို နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆုပ်ထားပါလိမ့်မယ်...
အဖြေက အဲဒီလောက်ရိုးရှင်းပါတယ်..
သင်သာ ထပ်ပြီး ရှုပ်ထွေးမနေမိပါစေနဲ့...
သင်ဘယ်လောက်ပဲ ခေါ်နေနေ
သင့်ခေါ်သံကို မကြားချင်တဲ့သူဟာ နားစုံပိတ်ထားဦးမှာပါပဲ...
သင်ဘယ်လောက်ပဲ လက်ကမ်းနေနေ
သင့်လက်ကို မတွဲနိုင်တဲ့သူဟာ မျက်လုံးစုံမှိတ်ထားဦးမှာပါပဲ...
သင်ဘယ်လောက်ပဲ စောင့်စားနေနေ
သင်ရှိရာကို မလာချင်တဲ့သူဟာ ဆက်လက်ပြီး သင့်ကို
ကျောခိုင်းနေဦးမှာပဲမဟုတ်လား....
ဘယ်တော့မှမမေ့ပါနဲ့.....
သင့်ကို တကယ်ချစ်နိုင်သူဟာ
သင့်လက်ကို ဘယ်တော့မှလွှတ်ချထားခဲ့မှာ မဟုတ်သလို
အကြောင်းကြောင်းကြောင့် လွှတ်ချခဲ့ရတယ်ဆိုရင်လည်း
သင့်လက်ကို နောက်တစ်ကြိမ် ပြန်လည်ဆုပ်ကိုင်ထားဖို့
ဘယ်သောအခါမှ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာကိုပေါ့.....
= = = = = =
0 comments:
Post a Comment