အိမ်ထောင် စုံတွဲတိုင်း မိသားစုတိုင်း ယောက်ျားရော မိန်းမသားတွေရောဟာ ဘ၀မှာ လှပတဲ့သာယာချမ်း
မြေ့ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခုကို အသေအချာ ပိုင်ဆိုင် ချင်သူတွေ များပါတယ် ။
ဘယ်လိုအကြောင်းတရားများနဲ့မှ အကွဲကွဲ အလွဲလွဲ ဘ၀တွေကို အကြင် လင်နှင့်မယား ဖြစ်သော
ယောကျာ်းမိန်းမသည် တစိုးတစိမှ အလို မရှိကြပါချေ ။
သို့သော် လူသားလောကကြီးတွင် များစွာသော ကွဲလွဲမူ့များနှင့် အိမ်ထောင်ရေးများ ကွဲလွဲ
လျှက် ရှိပေသည် ။ အဘယ့်ကြောင့် နည်း .......................................။
ထို အဘယ်သို့သော အကြောင်းတရားများစွာကို အသင် အကြင် လင်မယား မိန်းမနှင့် ယောက်ျား
တို့သည် သေချာစေ့စပ်စွာ စဉ်းစားပေးဘူးပါသလား ။ အဖြေရှာ ညှိကြည့်ဖူးပါသလား ။
လော့ အိန်ဂျယ်လိမြို့ ရှိ မိသားစုဆက်ဆံရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဒေါက်တာ ( ပေါ ပိုပီနိုး ) သည်
အမေရိကန်ပြည်တွင် အိမ်ထောင်ရေးကို နားအလည်ဆုံးသော ပါရဂူကြီးများတွင် တစ်ယောက်အပါအ၀င် ဖြစ်ပေသည် ။ သူကိုယ်တိုင် ထောင်ပေါင်းများစွာသော အိမ်ထောင်သည်တို့၏ အကြောင်းကို လေ့စမ်းစစ်ခဲ့ဖူးလေသည် ။ သူ့ အလိုတိုင်းဆိုလျှင် အိမ်ထောင်များ ပျက်စီး ပြိုကွဲရခြင်း အကြောင်း ( လေးရပ် ) ရှိလေသည် ။ ထိုအကြောင်းလေးရပ်မှာ---
( ၁ ) ရာဂ စိတ်ပြေငြိမ်းမူ့ မရရှိခြင်း
( ၂ ) အားလပ်ချိန် အသုံးချရာ၌ လင် နှင့် မယား သဘောထား ကွဲလွဲခြင်း
( ၃ ) ငွေရေး ကြေးရေး ကျပ်တည်းခြင်း
( ၄ ) သူတစ်ပါး နှင့် မတူသော ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်နေသဘောထား ရှိခြင်း
ဤ အကြောင်း ရင်းလေးချက်တွင် လင်မယား ကွာရှင်းမူ့တွင် တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်သော သူများ အားလုံးကပင် ( ရာဂ စိတ် ) ပြေငြိမ်းမူ့မှာ အရေးတကာ့ အရေးဖြစ်ကြောင်း တစ်သံတည်း ထွက်ဆိုကြ၏။
အိမ်တွင်းရေး အမူ့ များကို စီရင်ရသည့် တရားသူကြီး ( ဟော့ ဖမန် ) က လင်မယားကွာရှင်းမူ့ ဆယ်ခု
တွင် ကိုးခုမှာ ရာဂစိတ် ပြေငြိမ်းမူ့ မရခြင်းကြောင့် ဖြစ်လေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ ၏ ။
စိတ်ပညာ ရပ်တွင် ပါရဂုမြောက်ပြီး ( ဂျွန် ဗီဝပ်ဆန်း၃ ) ဆိုသူ ပုဂ္ဂိုလ်ကြီးကလည်း လင်ခန်းမယားခန်း
ပြတ်စဲရာတွင် ရာဂစိတ် ပြေငြိမ်းမူ့သည် လူတို့တွင် အလွန် အရေးကြီးကြောင်း မြွတ်ဟဖူးလေသည် ။
သို့သော် ကျွန်မတို့ မြန်မာ မိန်းကလေးများတွင် ဘာသာတရား နှင့် ယဉ်ကျေးမူ့ တရားတို့ကထိန်းချုပ်
ထားသောကြောင့် ထိုရာဂစိတ်ကို လွန်ကျူးစွာ ခုံမင်တတ်သူ အလွန်နည်း၏ ။ ( ရှိကား ရှိ၏ )
လှပသော ပန်းပွင့် များကို မြင်ရလျှင် စုတ်ချာနေသော ခြံစည်းရိုးကို သတိမရသကဲ့သို့ ( ယဉ်ကျေး
မူ့ ဆိုသည်မှာ လူတစ်ယောက်၏ အပြစ်ကို မကြည့်ပဲ အကောင်းကိုသာ ကြည့်ခြင်းဖြစ်လေသည် ) ဟု ( ဟင်နရီကလေးရစ်ဇနား ) က ပြောဖူးလေသည် ။
မော်တော်ကား အင်ဂျင်စက်တွင် စက်ဆီသည် အရေးကြီးဘိသကဲ့သို့ လင် နှင့် မယား ပေါင်းသင်း
ဆက်ဆံရာတွင်လည်း ( ယဉ်ကျေးမူ့သည် ) အရေးပါလေ၏ ။
အိမ်တိုင်း အိမ်တိုင်းတွင် အိမ်တွင်းသို့ မ၀င်မှီ (((( စီးလာသာ ဖိနပ် )))) ကို ချွတ်ထားခဲ့ရသည့် ထုံးစံရှိ
လေသည် ။ ယင်းထုံးစံကို စံနမူနာထား၍ ကျွန်ုပ်တို့သည် စိတ်ညစ်စရာ များစွာကို အိမ်တွင်းသို့ မ၀င်မှီ ဖိနပ်ချွတ်တွင် စွန့်ပစ်ထားခဲ့ ရန် အမှန်ပင် လိုအပ်လှပေသည် ။
ယောက်ျား အတော်များများသည် မိမိ၏ စီးပွားဖတ် များကိုလည်းကောင်း ဖောက်သည်များကို လည်းကောင်း ခတ်ထန်ထန် မပြောရဲ ........................ သူတို့သည် မိမိတို့၏ သားမယားများအ
ပေါ်တွင်ကား ဟိန်းလိုက်ဟောက်လိုက် ပြုကျင့်တတ်ကြပေသည် ။ သူတို့၏ စိတ်ချမ်းသာရေး၌ စီးပွားရေးထက် အိမ်ထောင်ရေးက ပို၍ အရေးကြီးကြောင်း ကိုမူ မတွေးမိကြချေ ။
သားမယား နှင့် စိတ်ချမ်းချမ်းသာသာ ပေါင်းသင်းနေထိုင်ရသော လူသာမန်တစ်ဦးသည် တစ်ကိုယ်တည်း
နေထိုင်နေရသော ပညာရှိကြီးထက် ပို၍ ပျော်ရွှင်၏ ။
ရုရှား ၀တ္ထုရေးဆရာကြီး ( တူရဂေးညက်၂ ) သည် အကယ်၍ကျွန်ုပ်သည် ညစာ စားရန်နောက်ကျသည်
ဖြစ်စေ မကျသည်ဖြစ်စေ ဂရုစိုက်မဲ့ မိန်းမတစ်ယောက် ကိုသာ ရမယ်ဆိုရင် ကျွနု်ပ်၏ စာအုပ်များ နှင့် စာရေးတတ်သည့် ဥာဏ်တို့ကို စွန့်ပစ်ပါရဲ့ဟု ထုတ်ဖော်ဖူးလေ ၏ ။
(((( ဤဖော်ပြပါ အကြောင်းတရားများကို ထောက်ချင့်၍ သင် ခင်ပွန်းကောင်းတစ်ယောက် ပီသပါရဲ့လား သိချင်လျှင် )))) အောက် ဖော်ပြပါ အကြောင်းတရားများကို ဆန်းစစ်လေ့လာ၍ ဤအချက်များနှင့်ပြည့်စုံစွာ ဇနီးမယားများအပေါ်တွင် ဖြည့်ဆည်းပေးပါလား ဆိုသည်ကို သုံးသပ်ပါ ။
သင်သည် သင်၏ ဇနီးမယားကို မညားမှီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေး အစ လက်ဆောင်ကလေးအစ ပေးလျက်ရှိပါရဲ့လား ။ မညားမှီကဲ့သို့ မယားအပေါ်တွင် ကြင်ကြင်နာနာ ယုယပိုက်ထွေးခြင်း ရှိပါရဲ့လား ။
အခြားလူများ ရှေ့တွင် သင်မယားကို ပြစ်တင်ဆူပူကြိမ်းမောင်းခြင်းမျိုးမှ အထူးဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။ သူသဘောကျသလို သုံးစွဲရန် သင့်မယားကို အိမ်စရိတ်အပြင် ငွေပိုများပေးပါရဲ့လား ။
သင့်မိန်းမ၏ အလိုဆန္ဒကို ကောင်းစွာ သိရှိအောင် သင် ကြိုးစားပါရဲ့လား ။ သင့် မယားပင်ပန်းနွမ်းနယ် နေသောအခါ စိတ်မအီမသာဖြစ်သောအခါ သင်သည် သင့်မယားအားအကူအညီပေးဖူးပါသလား ။
သင်သည် သင်ရသော အားလပ်ချိန်များကို တစ်ဝတ်ခွဲ၍ သင့်မယားနှင့် အတူကြည်ဖြူစွာနေထိုင်ပါသလား။
သင့် မယား၏ အချက်အပြုတ်နှင့် အိမ်ထောင် ထိန်းသိမ်းမူ့သည် သင့် ၏ မိခင် ( သို့ ) ကိုဖြူမိန်းမ ထက် အချက်အပြုတ်ညံ့သည်ဟု မပြောဘဲ ပိုကောင်းပါသည် ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား ။
သင့် မိန်းမဖတ်သော စာအုပ်များ အပေါင်းအဖော်များကို အသေအချာ စိတ်ဝင်စားပါရဲ့လား ။
သင်သည် သ၀န်ကြောင်သော စကားကို မသုံးဘဲ သင့်မယားအား အခြားယောကျာ်းများနှင့်အတူ စကားပြောဆိုသည်ကို လည်းကောင်း မိတ်ဆွေတို့ဘ၀ ဂရုစိုက်ပြုစုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား ။
အခွင့်အလမ်းများပေါ်တိုင်း သင့်မယားအပေါ် ချီးမြှောက်ရန်နှင့် မြှောက်စားရန်အတွက်အသင့်ရှိပါရဲ့လား ။
သင့် အကျီင်္ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း သင့်ခြေအိတ်ပေါက်နေသည်ကိုဖားထေးပေးခြင်း သင့်အ၀တ်အစားများကို လျော်ဖွပ်ပေးခြင်းစသော အလုပ်ကလေးများအတွက် သင်သည် သင့်မိန်းမကို ကျေးဇူးတင်စကားပြောကြားပါရဲ့လား။
ယောကျာ်းသားများ ၏ စိတ်ယူဆချက်သည် အိမ်ထောင်သည်ဖြစ်လာလျှင် ငွေကြေးပြည့်စုံစွာ ရှာဖွေပေး
လျှင် အိမ်ထောင်တစ်ခု၏ ခင်ပွန်းတာဝန်ကျေပွန်သည်ဟု ယူဆသူကများလေသည် ။
အိမ်ထောင်တစ်ခုအတွက် မိန်းမသား ဇနီးမယား တစ်ယောက်၏ စိတ်ခံစားမူ့တွင် ဘ၀ရဲ့ လင်ရေးသားရေး ဆွေရေး မျိုးရေး ပေါင်းသင်းဆက်ဆံရေးများတွင် စိတ်ဖိစီးမူ့ များ ဖြစ်ပေါ်ခံစားရလျှင် မိန်းမသားများ၏ ပျော့ညံ့သောသဘာဝအရ ငိုလွယ် မျက်ရည်ကျလွယ်လေ ၏ ။ ထိုဘ၀ အမောများကို အလုံးစုံပုံ၍ မိမိ၏ ခင်ပွန်းယောကျာ်းသား ရင်ခွင်တွင် မှီခို၍ ဖြေလျော့ချင် ၏ ။ ထိုအချိန်တွင် သင်တို့ ရှာပေးသော ငွေများထက် သူမ၏ မျက်ရည်တစ်စက်ကို ကြင်နာစွာ ဖေးမသုတ်ပေးခြင်းကိုသာ တန်ဘိုးထားမြတ်နိုးတတ်လေ၏ ။
သင်တို့ ငွေကြေးရရှိရန်အတွက်သူတစ်ဖတ်သားတို့ကို ရိုကျိုးခယ ရှာဖွေသော်လည်း သင်တို့၏ ဇနီးမယားအပေါ်တွင် ပျော့ပြောင်း နူးညံ့စွာ ဆက်ဆံခြင်းကို အလိုရှိလေ ၏ ။
သင်တို့ သူတစ်ဖတ်သားကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံသလို လင်နှင့်မယားသည်လည်း တစ်ဦးနှင့်တစ်ဦး
ယဉ်ကျေးပျူငှာဆက်ဆံမူ့ကို အလိုရှိလေ၏ ။
ရှေးပညာရှိများအဆို လင် နှင့် မယား လျှာ နဲ့သွားကဲ့သို့ တခါတရံ ကိုက်မိတတ်သော်လည်း မဖြစ်
လောက်သော အကြောင်းတရားလေးများကြောင့် လင်မယားများ ရန်ဖြစ်စကားများ ကွဲပြဲရခြင်းသည် တစ်ဦး နှင့်တစ်ဦိး သဘောကို မဆန်းစစ်တတ်ခြင်း နှင့် ဒေါသကို ရှေ့တန်းတင်တတ်ခြင်းများကြောင့် အဖြစ်များရလေသည် ။
ထို့ကြောင့် သင်သည် အိမ်ထောင်တစ်ခု၏ ခင်ပွန်း ကောင်းတစ်ယောက်တာဝန် ကျေပွန်စေဖို့ အထက်
ပါ နည်းလမ်းကောင်းများကို အသုံးချအတုယူ၍ သာယာ လှပသော ဘ၀ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်သော အမျိုးကောင်းသားဖြစ်၍ မိမိကြင်ဖက်၏ သဘောတရား စိတ်ခံစားမူ့ကို အလေးထားစောကြောနိုင်သော ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေလို့...............................................................။
မူရင်းလင့် - http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1421152&xgs=1&xg_source=msg_share_post
တစ်ဆင့်မျှဝေသူ - တပွင်သားလေး
0 comments:
Post a Comment