ချစ်တတ်မှန်းသိရင်
အနိုင်ယူချင်ကြတယ်...
လွမ်းတတ်မှန်း သိရင်
လွမ်းစရာတွေ ပေးချင်ကြတယ်..
မရှိရင် မနေတတ်မှန်း သိလျှက်
အဝေးမှာ နေချင်ကြတယ်...
နားမထောင်ရဲမှန်း သိလျှက်
လမ်းခွဲစကား ပြောချင်ကြတယ်...
အသွားအပြန် မရှိတဲ့
တစ်လမ်းသွား ချစ်ခြင်းရဲ့
ဝဠ် ကျေပါစေတော့.......
= = = = = =
ထားသွားပါလို့ ပြောနေတဲ့
စကားသံရဲ့နောက်မှာ
ခွဲမသွားပါနဲ့လို့
ပြောနေတဲ့
ငါ့ ရင်ထဲက
စကားတစ်ခွန်းကိုတော့
မင်းမှ မကြားခဲ့ပဲလေ။
= = = = =
0 comments:
Post a Comment