မင်းလေးမျက်ဝန်း
ငါမမေ့သေး
မင်းလေးရှေ့မှောက်
ငါဒူးထောက်ခဲ့ဖူးတယ်..။
ငါမမေ့သေး
မင်းလေးရှေ့မှောက်
ငါဒူးထောက်ခဲ့ဖူးတယ်..။
စိတ်မာတယ်လို့ ထင်နေတဲ့ငါ့အတွေး
မင်းလေးနဲ့တွေ့မှ မျက်ရည်ကျဖူးတယ်။
အတူပျော်ရွှင်ခဲ့ဖူးတဲ့
အတိတ်ပုံရိပ်တွေ ပြန်မြင်မိတိုင်း
ရင်နစ်အောင် ခံစားရတယ်။
မစခင်ကတည်းကရှုံးပြီးသား
မင်းအနိုင်ယူပါ
မင်းလေးနဲ့တွေ့ရင်
စကားတွေပြောမထွက်
မင်းလေးရဲ့ အမြင်မှာတော့
ငါဟာ အသည်းမာသူ မခံစားတတ်သူပေါ့
ဒါပေမယ့် မင်းလေးထင်သလို
"မဟုတ်ဘူး"
အရမ်းချစ်မိနေတာ
မင်းလေးတစ်ယောက်တည်း
စတွေ့တဲ့နေ့ကတည်းက
ရင်မှာ မင့်ပုံရိပ်ကမ္ပည်းထိုး
ငါ အရမ်းချစ်ခဲ့တယ်
ငါ့ကိုယ်ငါ နားမလည်
မင်းလေးကို မတွေ့လို့ လိုက်ရှာမိရင်
ငါ့ရင်မှာ ဟာသာသာနဲ့
နှလုံးသားမှာ အရမ်းနာကျင်ရတယ်
မဖြစ်နိုင်မှန်း သိနေပေမယ့်
မစခင်ကတည်းကရှုံးပြီးသား
မင်းအနိုင်ယူပါ
မင်းလေးနဲ့တွေ့ရင်
စကားတွေပြောမထွက်
မင်းလေးရဲ့ အမြင်မှာတော့
ငါဟာ အသည်းမာသူ မခံစားတတ်သူပေါ့
ဒါပေမယ့် မင်းလေးထင်သလို
"မဟုတ်ဘူး"
အရမ်းချစ်မိနေတာ
မင်းလေးတစ်ယောက်တည်း
စတွေ့တဲ့နေ့ကတည်းက
ရင်မှာ မင့်ပုံရိပ်ကမ္ပည်းထိုး
ငါ အရမ်းချစ်ခဲ့တယ်
ငါ့ကိုယ်ငါ နားမလည်
မင်းလေးကို မတွေ့လို့ လိုက်ရှာမိရင်
ငါ့ရင်မှာ ဟာသာသာနဲ့
နှလုံးသားမှာ အရမ်းနာကျင်ရတယ်
မဖြစ်နိုင်မှန်း သိနေပေမယ့်
တမ်းတမိနေဆဲ
မျှော်လင့်နေမိဆဲ
မျှော်လင့်ချက်နဲ့ပဲ မင်းလေးကို
ငါ ထာဝရ အဝေးက ဆက်ချစ်နေမယ်....ယုံ။
တပွင်သားလေး




0 comments:
Post a Comment