Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Wednesday, December 17, 2014

ထာဝရဆက်ချစ်နေမယ်....ယုံ

ခုထိ တမ်းတမိတယ် အရမ်းပဲ
မင်းလေးမျက်ဝန်း
ငါမမေ့သေး
မင်းလေးရှေ့မှောက်
ငါဒူးထောက်ခဲ့ဖူးတယ်..။
စိတ်မာတယ်လို့ ထင်နေတဲ့ငါ့အတွေး
မင်းလေးနဲ့တွေ့မှ မျက်ရည်ကျဖူးတယ်။
အတူပျော်ရွှင်ခဲ့ဖူးတဲ့
အတိတ်ပုံရိပ်တွေ ပြန်မြင်မိတိုင်း
ရင်နစ်အောင် ခံစားရတယ်။
မစခင်ကတည်းကရှုံးပြီးသား
မင်းအနိုင်ယူပါ
မင်းလေးနဲ့တွေ့ရင်
စကားတွေပြောမထွက်
မင်းလေးရဲ့ အမြင်မှာတော့
ငါဟာ အသည်းမာသူ မခံစားတတ်သူပေါ့
ဒါပေမယ့် မင်းလေးထင်သလို
"မဟုတ်ဘူး"
အရမ်းချစ်မိနေတာ
မင်းလေးတစ်ယောက်တည်း
စတွေ့တဲ့နေ့ကတည်းက
ရင်မှာ မင့်ပုံရိပ်ကမ္ပည်းထိုး
ငါ အရမ်းချစ်ခဲ့တယ်
ငါ့ကိုယ်ငါ နားမလည်
မင်းလေးကို မတွေ့လို့ လိုက်ရှာမိရင်
ငါ့ရင်မှာ ဟာသာသာနဲ့
နှလုံးသားမှာ အရမ်းနာကျင်ရတယ်
မဖြစ်နိုင်မှန်း သိနေပေမယ့်
တမ်းတမိနေဆဲ
မျှော်လင့်နေမိဆဲ
မျှော်လင့်ချက်နဲ့ပဲ မင်းလေးကို
ငါ ထာဝရ အဝေးက ဆက်ချစ်နေမယ်....ယုံ။

တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။