Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Wednesday, December 17, 2014

ကြံကြံဖန်ဖန် တွေးတတ်သူ

  • လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-
  • အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
  • အမျိုးသမီး- ဟင်းနော်....ထားသွားလိုက်ရမလား?
  • အမျိုးသား- အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
  • အမျိုးသမီး-- တကယ် ချစ်ရဲ့ လားဟင်?
  • အမျိုးသား- ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
  • အမျိုးသမီး- ကျွန်မကို အရူးလုပ်မှာလား
  • အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
  • အမျိုးသမီး- ကျွန်မကို နမ်းချင်သလား ဟင်?
  • အမျိုးသား- အချိန်မရွေးပဲ
  • အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
  • အမျိုးသား- မင်းရူးများရူးနေလားကွာ
  • အမျိုးသမီး- ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
  • အမျိုးသား- အင်း
  • အမျိုးသမီး- မောင်ရယ်...
  • လက်ထပ်ပြီးတဲ့အခါ....
  • အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ
သဘောကျလို့ ပြန်မျှဝေလိုက်တာပါ။ ရေးသူတော့ မသိပါ။ ဖတ်ပြီး ပြုံးနိုင်ကြပါစေ။
တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။