Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 12, 2014

ယောက်ျားကောင်းတစ်ယောက်ပီသပါရဲ့လား


အိမ်ထောင် စုံတွဲတိုင်း မိသားစုတိုင်း ယောက်ျားရော မိန်းမသားတွေရောဟာ ဘ၀မှာ လှပတဲ့သာယာချမ်း
မြေ့ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခုကို အသေအချာ ပိုင်ဆိုင် ချင်သူတွေ များပါတယ် ။

ဘယ်လိုအကြောင်းတရားများနဲ့မှ အကွဲကွဲ အလွဲလွဲ ဘ၀တွေကို အကြင် လင်နှင့်မယား ဖြစ်သော
ယောကျာ်းမိန်းမသည် တစိုးတစိမှ အလို မရှိကြပါချေ ။

သို့သော် လူသားလောကကြီးတွင် များစွာသော ကွဲလွဲမူ့များနှင့် အိမ်ထောင်ရေးများ ကွဲလွဲ
လျှက် ရှိပေသည် ။ အဘယ့်ကြောင့် နည်း .......................................။

ထို အဘယ်သို့သော အကြောင်းတရားများစွာကို အသင် အကြင် လင်မယား မိန်းမနှင့် ယောက်ျား
တို့သည် သေချာစေ့စပ်စွာ စဉ်းစားပေးဘူးပါသလား ။ အဖြေရှာ ညှိကြည့်ဖူးပါသလား ။

လော့ အိန်ဂျယ်လိမြို့ ရှိ မိသားစုဆက်ဆံရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဒေါက်တာ ( ပေါ ပိုပီနိုး ) သည်
အမေရိကန်ပြည်တွင် အိမ်ထောင်ရေးကို နားအလည်ဆုံးသော ပါရဂူကြီးများတွင် တစ်ယောက်အပါအ၀င် ဖြစ်ပေသည် ။ သူကိုယ်တိုင် ထောင်ပေါင်းများစွာသော အိမ်ထောင်သည်တို့၏ အကြောင်းကို လေ့စမ်းစစ်ခဲ့ဖူးလေသည် ။ သူ့ အလိုတိုင်းဆိုလျှင် အိမ်ထောင်များ ပျက်စီး ပြိုကွဲရခြင်း အကြောင်း ( လေးရပ် ) ရှိလေသည် ။ ထိုအကြောင်းလေးရပ်မှာ---

( ၁ ) ရာဂ စိတ်ပြေငြိမ်းမူ့ မရရှိခြင်း
( ၂ ) အားလပ်ချိန် အသုံးချရာ၌ လင် နှင့် မယား သဘောထား ကွဲလွဲခြင်း
( ၃ ) ငွေရေး ကြေးရေး ကျပ်တည်းခြင်း
( ၄ ) သူတစ်ပါး နှင့် မတူသော ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်နေသဘောထား ရှိခြင်း


ဤ အကြောင်း ရင်းလေးချက်တွင် လင်မယား ကွာရှင်းမူ့တွင် တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်သော သူများ အားလုံးကပင် ( ရာဂ စိတ် ) ပြေငြိမ်းမူ့မှာ အရေးတကာ့ အရေးဖြစ်ကြောင်း တစ်သံတည်း ထွက်ဆိုကြ၏။

အိမ်တွင်းရေး အမူ့ များကို စီရင်ရသည့် တရားသူကြီး ( ဟော့ ဖမန် ) က လင်မယားကွာရှင်းမူ့ ဆယ်ခု
တွင် ကိုးခုမှာ ရာဂစိတ် ပြေငြိမ်းမူ့ မရခြင်းကြောင့် ဖြစ်လေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ ၏ ။

စိတ်ပညာ ရပ်တွင် ပါရဂုမြောက်ပြီး ( ဂျွန် ဗီဝပ်ဆန်း၃ ) ဆိုသူ ပုဂ္ဂိုလ်ကြီးကလည်း လင်ခန်းမယားခန်း
ပြတ်စဲရာတွင် ရာဂစိတ် ပြေငြိမ်းမူ့သည် လူတို့တွင် အလွန် အရေးကြီးကြောင်း မြွတ်ဟဖူးလေသည် ။

သို့သော် ကျွန်မတို့ မြန်မာ မိန်းကလေးများတွင် ဘာသာတရား နှင့် ယဉ်ကျေးမူ့ တရားတို့ကထိန်းချုပ်
ထားသောကြောင့် ထိုရာဂစိတ်ကို လွန်ကျူးစွာ ခုံမင်တတ်သူ အလွန်နည်း၏ ။ ( ရှိကား ရှိ၏ )

လှပသော ပန်းပွင့် များကို မြင်ရလျှင် စုတ်ချာနေသော ခြံစည်းရိုးကို သတိမရသကဲ့သို့ ( ယဉ်ကျေး
မူ့ ဆိုသည်မှာ လူတစ်ယောက်၏ အပြစ်ကို မကြည့်ပဲ အကောင်းကိုသာ ကြည့်ခြင်းဖြစ်လေသည် ) ဟု      ( ဟင်နရီကလေးရစ်ဇနား ) က ပြောဖူးလေသည် ။

မော်တော်ကား အင်ဂျင်စက်တွင် စက်ဆီသည် အရေးကြီးဘိသကဲ့သို့ လင် နှင့် မယား ပေါင်းသင်း
ဆက်ဆံရာတွင်လည်း ( ယဉ်ကျေးမူ့သည် ) အရေးပါလေ၏ ။

အိမ်တိုင်း အိမ်တိုင်းတွင် အိမ်တွင်းသို့ မ၀င်မှီ (((( စီးလာသာ ဖိနပ် )))) ကို ချွတ်ထားခဲ့ရသည့် ထုံးစံရှိ
လေသည် ။ ယင်းထုံးစံကို စံနမူနာထား၍ ကျွန်ုပ်တို့သည် စိတ်ညစ်စရာ များစွာကို အိမ်တွင်းသို့ မ၀င်မှီ ဖိနပ်ချွတ်တွင် စွန့်ပစ်ထားခဲ့ ရန် အမှန်ပင် လိုအပ်လှပေသည် ။

ယောက်ျား အတော်များများသည် မိမိ၏ စီးပွားဖတ် များကိုလည်းကောင်း ဖောက်သည်များကို လည်းကောင်း ခတ်ထန်ထန် မပြောရဲ ........................ သူတို့သည် မိမိတို့၏ သားမယားများအ
ပေါ်တွင်ကား ဟိန်းလိုက်ဟောက်လိုက် ပြုကျင့်တတ်ကြပေသည် ။ သူတို့၏ စိတ်ချမ်းသာရေး၌ စီးပွားရေးထက် အိမ်ထောင်ရေးက ပို၍ အရေးကြီးကြောင်း ကိုမူ မတွေးမိကြချေ ။

သားမယား နှင့် စိတ်ချမ်းချမ်းသာသာ ပေါင်းသင်းနေထိုင်ရသော လူသာမန်တစ်ဦးသည် တစ်ကိုယ်တည်း
နေထိုင်နေရသော ပညာရှိကြီးထက် ပို၍ ပျော်ရွှင်၏ ။

ရုရှား ၀တ္ထုရေးဆရာကြီး ( တူရဂေးညက်၂ ) သည် အကယ်၍ကျွန်ုပ်သည် ညစာ စားရန်နောက်ကျသည်
ဖြစ်စေ မကျသည်ဖြစ်စေ ဂရုစိုက်မဲ့ မိန်းမတစ်ယောက် ကိုသာ ရမယ်ဆိုရင် ကျွနု်ပ်၏ စာအုပ်များ နှင့် စာရေးတတ်သည့် ဥာဏ်တို့ကို စွန့်ပစ်ပါရဲ့ဟု ထုတ်ဖော်ဖူးလေ ၏ ။

(((( ဤဖော်ပြပါ အကြောင်းတရားများကို ထောက်ချင့်၍ သင် ခင်ပွန်းကောင်းတစ်ယောက် ပီသပါရဲ့လား သိချင်လျှင် )))) အောက် ဖော်ပြပါ အကြောင်းတရားများကို ဆန်းစစ်လေ့လာ၍ ဤအချက်များနှင့်ပြည့်စုံစွာ ဇနီးမယားများအပေါ်တွင် ဖြည့်ဆည်းပေးပါလား ဆိုသည်ကို သုံးသပ်ပါ ။

သင်သည် သင်၏ ဇနီးမယားကို မညားမှီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေး အစ လက်ဆောင်ကလေးအစ ပေးလျက်ရှိပါရဲ့လား ။ မညားမှီကဲ့သို့ မယားအပေါ်တွင် ကြင်ကြင်နာနာ ယုယပိုက်ထွေးခြင်း ရှိပါရဲ့လား ။

အခြားလူများ ရှေ့တွင် သင်မယားကို ပြစ်တင်ဆူပူကြိမ်းမောင်းခြင်းမျိုးမှ အထူးဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။ သူသဘောကျသလို သုံးစွဲရန် သင့်မယားကို အိမ်စရိတ်အပြင် ငွေပိုများပေးပါရဲ့လား ။

သင့်မိန်းမ၏ အလိုဆန္ဒကို ကောင်းစွာ သိရှိအောင် သင် ကြိုးစားပါရဲ့လား ။ သင့် မယားပင်ပန်းနွမ်းနယ် နေသောအခါ စိတ်မအီမသာဖြစ်သောအခါ သင်သည် သင့်မယားအားအကူအညီပေးဖူးပါသလား ။

သင်သည် သင်ရသော အားလပ်ချိန်များကို တစ်ဝတ်ခွဲ၍ သင့်မယားနှင့် အတူကြည်ဖြူစွာနေထိုင်ပါသလား။
သင့် မယား၏ အချက်အပြုတ်နှင့် အိမ်ထောင် ထိန်းသိမ်းမူ့သည် သင့် ၏ မိခင် ( သို့ ) ကိုဖြူမိန်းမ ထက် အချက်အပြုတ်ညံ့သည်ဟု မပြောဘဲ ပိုကောင်းပါသည် ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား ။

သင့် မိန်းမဖတ်သော စာအုပ်များ အပေါင်းအဖော်များကို အသေအချာ စိတ်ဝင်စားပါရဲ့လား ။

သင်သည် သ၀န်ကြောင်သော စကားကို မသုံးဘဲ သင့်မယားအား အခြားယောကျာ်းများနှင့်အတူ စကားပြောဆိုသည်ကို လည်းကောင်း မိတ်ဆွေတို့ဘ၀ ဂရုစိုက်ပြုစုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား ။

အခွင့်အလမ်းများပေါ်တိုင်း သင့်မယားအပေါ် ချီးမြှောက်ရန်နှင့် မြှောက်စားရန်အတွက်အသင့်ရှိပါရဲ့လား ။
သင့် အကျီင်္ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း သင့်ခြေအိတ်ပေါက်နေသည်ကိုဖားထေးပေးခြင်း သင့်အ၀တ်အစားများကို လျော်ဖွပ်ပေးခြင်းစသော အလုပ်ကလေးများအတွက် သင်သည် သင့်မိန်းမကို ကျေးဇူးတင်စကားပြောကြားပါရဲ့လား။

ယောကျာ်းသားများ ၏ စိတ်ယူဆချက်သည် အိမ်ထောင်သည်ဖြစ်လာလျှင် ငွေကြေးပြည့်စုံစွာ ရှာဖွေပေး
လျှင် အိမ်ထောင်တစ်ခု၏ ခင်ပွန်းတာဝန်ကျေပွန်သည်ဟု ယူဆသူကများလေသည် ။

အိမ်ထောင်တစ်ခုအတွက် မိန်းမသား ဇနီးမယား တစ်ယောက်၏ စိတ်ခံစားမူ့တွင် ဘ၀ရဲ့ လင်ရေးသားရေး ဆွေရေး မျိုးရေး ပေါင်းသင်းဆက်ဆံရေးများတွင် စိတ်ဖိစီးမူ့ များ ဖြစ်ပေါ်ခံစားရလျှင် မိန်းမသားများ၏ ပျော့ညံ့သောသဘာဝအရ ငိုလွယ် မျက်ရည်ကျလွယ်လေ ၏ ။ ထိုဘ၀ အမောများကို အလုံးစုံပုံ၍ မိမိ၏ ခင်ပွန်းယောကျာ်းသား ရင်ခွင်တွင် မှီခို၍ ဖြေလျော့ချင် ၏ ။ ထိုအချိန်တွင် သင်တို့ ရှာပေးသော ငွေများထက် သူမ၏ မျက်ရည်တစ်စက်ကို ကြင်နာစွာ ဖေးမသုတ်ပေးခြင်းကိုသာ တန်ဘိုးထားမြတ်နိုးတတ်လေ၏ ။

သင်တို့ ငွေကြေးရရှိရန်အတွက်သူတစ်ဖတ်သားတို့ကို ရိုကျိုးခယ ရှာဖွေသော်လည်း သင်တို့၏ ဇနီးမယားအပေါ်တွင် ပျော့ပြောင်း နူးညံ့စွာ ဆက်ဆံခြင်းကို အလိုရှိလေ ၏ ။

သင်တို့ သူတစ်ဖတ်သားကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံသလို လင်နှင့်မယားသည်လည်း တစ်ဦးနှင့်တစ်ဦး
ယဉ်ကျေးပျူငှာဆက်ဆံမူ့ကို အလိုရှိလေ၏ ။

ရှေးပညာရှိများအဆို လင် နှင့် မယား လျှာ နဲ့သွားကဲ့သို့ တခါတရံ ကိုက်မိတတ်သော်လည်း မဖြစ်
လောက်သော အကြောင်းတရားလေးများကြောင့် လင်မယားများ ရန်ဖြစ်စကားများ ကွဲပြဲရခြင်းသည် တစ်ဦး နှင့်တစ်ဦိး သဘောကို မဆန်းစစ်တတ်ခြင်း နှင့် ဒေါသကို ရှေ့တန်းတင်တတ်ခြင်းများကြောင့် အဖြစ်များရလေသည် ။

ထို့ကြောင့် သင်သည် အိမ်ထောင်တစ်ခု၏ ခင်ပွန်း ကောင်းတစ်ယောက်တာဝန် ကျေပွန်စေဖို့ အထက်
ပါ နည်းလမ်းကောင်းများကို အသုံးချအတုယူ၍ သာယာ လှပသော ဘ၀ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်သော အမျိုးကောင်းသားဖြစ်၍ မိမိကြင်ဖက်၏ သဘောတရား စိတ်ခံစားမူ့ကို အလေးထားစောကြောနိုင်သော ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေလို့...............................................................။


မူရင်းလင့် - http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1421152&xgs=1&xg_source=msg_share_post

တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။