Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 19, 2014

Love


တစ်ချို့အချစ်တွေက ပေးဆပ်နေမှန်းသိရင်
တန်းဖိုးမထားဘဲ လုပ်ချင်ရာလုပ်တတ်ကြတယ်...

တစ်ချို့အချစ်တွေက အခုလက်ရှိပိုင်ဆိုင်ထားတဲ့
အချစ်ကို မျက်ကွယ်ပြုပြီး အဝေးကအရာတွေကို
မြတ်နိုးနေတတ်ကြတယ်...

တစ်ချို့အချစ်တွေက ပြန်မရနိုင်မှန်းသိပေမယ့်
မျှော်လင့်နေမိတတ်ကြတယ်...

တစ်ချို့အချစ်တွေက သူ့ကြောင့်နာကျင်ခံစားနေ
ရတာတောင် ရူးမိုက်စွာနဲ့ဖက်တွယ်နေမိတုန်းပါပဲ...

တစ်ချို့အချစ်တွေက လူနှစ်ယောက်ပျော်ရွှင်ရဖို့
အတွက် လူတစ်ယောက်ကမျက်ရည်ကျခံပေးလိုက်
ရတဲ့အခါလည်း ရှိတတ်ပါတယ်....

Phoe Phyu

Aye Chan Mon# Credit To : Poem> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။