Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 12, 2014

အသည်းကွဲစေတတ်သော အချစ်နှင့် သူ၏အကြောင်း




ဒီအရာလေးတွေက ရယ်စရာ ထင်ကောင်း ထင်နိုင်ကြပေမယ့် ယနေ့ လူတရာမှာ ကိုးဆယ့်ကိုးယောက်ဟာ ဘဝမှာ တခါတော့ အသဲကွဲဖူးကြပါသတဲ့။ ရှက်လို့ (သို့မဟုတ်) ၄င်းတို့ သိက္ခာကျမယ် ထင်လို့သာ ထုတ်မပြောကြတာပါတဲ့။ စိတ်ပညာဆိုင်ရာ ပါရဂူကြီး တယောက်က ပြောပါတယ်။ ကဲ… တကယ်လို့သာ ကိုးဆယ်ကိုးယောက်မှာ ကျနော်၊ ကျမတို့များ ပါနေခဲ့မယ်ဆိုရင် ဒီအချက်လေးတွေကို ကြည့်ရှုလိုက်ကြရအောင်လား……….။

အသည်းကွဲခြင်း(heart broken) ဆိုတာ တကယ်တော့ လူ့ကျန်းမာရေးနဲ့လည်း ပတ်သက်နေပါသတဲ့။ အထူးသဖြင့် လူ့ရဲ့စိတ်ကို ပထမ ထိခိုက်စေပါသတဲ့။ စိတ်ကို ထိခိုက်ပြီဆိုမှတော့၊ ခန္ဒာကိုယ်ကိုလည်း ထိခိုက်ပြီပဲပေါ့နော်။ ဆိုရိုးစကားလေးတောင် ရှိသေးတယ် မဟုတ်လား။ ဘာတဲ့ “စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုလား..။ စိတ်ရဲ့ အရေးပါပုံတွေကိုပေါ့။ တကယ်တော့လည်း အချစ်ဆိုတာ လူတယောက်ရဲ့ ကျန်းမာရေးနဲ့ ဆိုင်နေသလို လူတယောက်ရဲ့ ဘဝတခုလုံးနဲ့ ဆိုင်နေပါတယ်၊

ဟုတ်ပြီ။ အဲဒီ ဘဝတခုလုံးနဲ့ ဆိုင်တဲ့ အချစ်ဆိုတာ ဘယ်က စပါသလဲ။ အချစ်ဆိုတာကို ရာစုနှစ် တော်တော်များများ လက်ခံလာခဲ့ကြတာက အသည်းနှလုံးကလို့ ပြောတတ်ကြပါတယ်။ ဒါဟာလည်း စာပေတွေမှာ ဂန္တဝင် မြောက်အောင် ရေးခဲ့တဲ့ အသည်ကွဲ ဇာတ်လမ်းတွေကြောင့်ပါ။ တကယ်တော့ လူ့ရဲ့အသည်းဆိုတာ အမှန်တကယ် ကွဲပြီဆိုရင် ဘာမှလုပ်လို့ မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသည်းရဲ့ တာဝန်က ခန္ဓာကိုယ်ထဲက သွေးတွေကို သန့်စင်ပေးဖို့ပါပဲတဲ့။ လူ့ခန္ဓာကိုယ်မှာ သွေးဟာလည်း မရှိမဖြစ် မဟုတ်လား…။

ကျန်းမာခြင်းဟု ဆိုရာ၌ (ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခ၊)ဆိုတဲ့ အရာတွေ ပြည့်စုံပါမှ လူတယောက်ကို ကျန်းမာရေး ကောင်းသူဟု သတ်မှတ်နိုင်ကြောင်း ဆေးပညာ ဆရာဝန်ကြီး တယောက်က ပြောပြဖူးပါတယ်၊ စိတ္တသုခကို ထိခိုက်စေတာကတော့ (Heart broken)ဆိုတဲ့ အသည်းကွဲခြင်းကလည်း အဓိကလိုလို ပါဝင်နေတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အရွယ်ရောက်ပြီးတဲ့ ယောက်ျား၊ မိန်းမတိုင်းဟာ ကျန်းမာရေး ကောင်းတယ်ဆိုရင် လိင်မဆက်ဆံပဲ မနေနိုင်ကြလို့ပဲ ဖြစ်ပါတယ်တဲ့။ အဲဒါဆေးပညာအရပါ။

ကဲ…. အချစ်စိတ်ဆိုတာ ဘယ်က လာသလဲ။ ဆေးပညာအရတော့ အချစ်စိတ်ဆိုတာ အသည်းနှလုံးက မဟုတ်ပါဘူးတဲ့၊ အချစ်စိတ် ဘယ်က စသလဲဆိုရင် အချစ်စိတ်ဟာ လူတဦးနဲ့တဦး မေတ္တာသက်ဝင်ပြီဆိုရင် ဦးနှောက်ရဲ့ အနောက်ဖက်ခြမ်း (VTA လို့ခေါ်တဲ့ Ventral tegemental Area) မှ မျက်ရည်စက် ပုံသဏ္ဌာန်လေးကနေ စပါသတဲ့။ (FMRI) နဲ့ စမ်းသပ်ချက်အရ လူတယောက်ဟာ အချစ်စိတ် ပေါက်ဖွားပြီဆိုရင် (VTA)နေရာ စတင်လင်းလက်သလို Stress လို့ခေါ်တဲ့ စိတ်ဖိစီးမှုတွေ၊ Anxiety လို့ခေါ်တဲ့ စိတ်သောက ရောက်မှုတွေ ရှိတဲ့အခါမှာ လည်း အဲဒီနေရာက (nucleus Acumens ) နေရာက လင်းလက်နေတာကို တွေ့ရသတဲ့။ အဲဒီနေရာကတဆင့် လူ့ခန္ဓာကိုယ် ကလပ်စီးတွေထဲကို ပို့ပေးသတဲ့။ ဒါဆိုရင် အသည်းကွဲ သီချင်းတွေ၊ အသည်းကွဲ ဇာတ်လမ်းတွေ ရေးကြတဲ့သူများ သိလောက်မယ်လို့ ထင်ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်မှာ အသည်းကွဲခြင်း ဝေဒနာဆိုတာကို မကြာခဏ ခံစားကြရတာကတော့ လူတကာက ပယ်ထားကြတဲ့ ဂျီထီး၊ ဂျီမ၊ လက်ထီး လက်မတွေဟာ မကြာခဏ ဆိုသလို ကြုံကြရလို့ မသနားပဲ ပတ်ဝန်းကျင်ရဲ့ ဟားတိုက်လှောင်ပြောင်မှုကို ခံနေကြရစမြဲပေါ့။ အသည်းမကွဲချင်လို့ အမ်းကြ၊ ပမ်းကြတဲ့ ဂျီမ တွေလည်း မနည်းမနော။ တဦးနဲ့တဦး မေတ္တာပြခြင်းမှာ ကောင်းပေမယ့် ရလိုလို့ ပေးခြင်းဟာလည်း မေတ္တာစစ် မဖြစ်လာနိုင်ပါဘူးတဲ့။ လူတိုင်းဟာ ဘဝမှာ တခါတော့ မေတ္တာစစ်ကို ကြုံရကြမှာပါတဲ့။ အဲဒီမေတ္တာစစ် ကြုံလာတဲ့အခါမှသာ ချစ်သူအပေါ် သစ္စာရှိနိုင်အောင် ကိုယ့်ဘက်က ကြိုးစားရမှာပါတဲ့လေ။

မေတ္တာစစ် ရဖို့ဆိုတာကလည်း မခက်ခဲပါဘူးတဲ့။ မိမိတို့ရဲ့ “နှုတ်ဖျား”မှာသာ မူတည်ကြောင်းကို စိတ်ပညာ ပါရဂူကြီးတယောက်က ပြောပါတယ်။ ဘယ်လိုပဲဖြစ် လူတယောက်နဲ့ တယောက် ချစ်ကြိုက်ကြပြီဆိုရင် တယောက်ကို တယောက် တန်ဖိုးထားတတ်ဖို့ဆိုတာလည်း အရေးပါလှပါတယ်။ ဒါမှသာ သူ့နောက်ကွယ်မှာ သစ္စာရှိစွာ စောင့်ထိန်းပေးနိုင်မှာလို့ ဆိုပါတယ်။ ဒီပြဿနာက လိင်တူချစ်သူတွေကြားမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လိင်တူချစ်သူတွေရဲ့ အခြေအနေပါ။ ဘာကြောင့်လဲ ဆိုတော့ တင်းကျပ်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ရှေးရိုးစွဲအယူအဆတွေက လိင်တူချစ်သူတွေကို ထွက်ခွင့် မရအောင် ဘောင်ခတ် သတ်မှတ်ထားသလို ဥပဒေရှုထောင့်အနေနဲ့ကလည်း (၃၇၇)ဆိုတဲ့ ဥပဒေ (သဘာဝ မကျသော လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသော ဥပဒေ)နဲ့ ကန့်သတ်ချိုးနှိမ်ထားတဲ့အတွက် လိင်တူချစ်သူတွေဟာ ဟန်ဆောင်ပြီး ယောင်္ကျားယူ မိန်းမယူစသည်ဖြင့် ၄င်းတို့ ဘဝအမှန်ကို ဖုံးဖိထားရင်းက နောက်ဆုံးတော့ တောင့်မခံနိုင်ကြလို့ ဖောက်ထွက်ကြရင်းက သစ္စာမဲ့တဲ့ ဘဝကို ရောက်ကြတယ်။

တချို့ဆိုတာကလည်း ဘယ်လို ပြောမလဲ။ စပယ်ယာဘတ်ပါလား ထင်ရအောင် ပြောင်းချင်နေတတ်ပါတယ်။ အဓိကကတော့ (Heart broken ) မဖြစ်ချင်ရင် လိင်တူချစ်သူတွေ အချင်းချင်းမှာ ပိုပြီးသစ္စာရှိဖို့ လိုအပ်လှပါ တယ်။ ဘာကြောင့်မို့လဲဆိုတော့ လိင်ကွဲထက်စာရင် လိင်တူချင်းဆိုတာက ပိုပြီး အနေနီးနိုင်လို့ပါတဲ့လေ…...



ချစ်ခင်လေးစားလျက်

နိုင်ထက်ခိုင်

တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။