Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 23, 2014

မင်းလေးသိစေဖို့-၄၀

လွမ်းတယ်

“လွမ်းတယ်” ဆိုတဲ့...စကားကိုပြောဖို့ထက်...
သတိရတိုင်းမင်းလေးထံ...အပြေးလာခဲ့ချင်တာ ..


“ကျန်းမာရေး ဂရုစိုက်နော်” ဆိုတဲ့...စကားကို ပြောဖို့ထက်...မင်း
နေမကောင်းတဲ့အချိန်မှာ မင်းကို ပြုစုစောင့်ရှောက်ချင်တာ ..


“ပျော်ရွှင်ပါစေ”လို့...ဆုတောင်းပေးဖို့ထက်...မင်း ပျော်ရွှင်အောင်ထားချင်တာ ..

ဒါပေမယ့်...

နှလုံးသားရဲ့အလိုကို လိုက်ဖို့...ဦးနှောက်က

ခွင့်မပြုတဲ့အခါ...မင်းကိုနှုတ်ဆိတ်ငေးနေမိတာ

မဆန်းပါဘူး ..

မမြင်ရတဲ့မေတ္တာ...ဖြတ်မရတဲ့ သံယောဇဉ်...မေ့မရတဲ့ စိတ်နဲ့
...ခြောက်ကပ်ကပ်အခန်းထဲမှာ

ရင်ခုန်သံတွေ နှုတ်ဆိတ်...ဝေးဝေးကသာ လွမ်းရင်းပေါ့

Posted by Lwan Lay

ထပ်တူခံစားမျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။