Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 19, 2014

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ ဘယ်လောက်ချစ်သလဲဆိုတာက ဒီအတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး...

သူ ဖြစ်စေချင်သလို ကိုယ့်ဘက်က ဖြည့်ဆည်းမပေးနိုင်တော့တဲ့အချိန်...
သူနဲ့ကိုယ် ရန်တွေဖြစ်ကြလို့ ကိုယ့်ဘက်က အလျှော့မပေးမိတဲ့အချိန်...
သူနဲ့ကိုယ် အခြေအနေအမျိုးမျိုးကြောင့် ဝေးကွာနေကြချိန်ကျမှပဲ...

သူ ကိုယ့်အပေါ်ကို ဘယ်လောက်ချစ်သလဲ
သူ ကိုယ့်ကို ဘယ်လောက်အလေးအနက်ထားသလဲ
ကိုယ်က အရမ်းကောင်းမှ သူက ပြန်ကောင်းတာလား
ကိုယ့်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ

သင့်ကို သူ ဘယ်လောက်မစွန့်လွှတ်ဘဲ တောင့်ခံထားနိုင်သလဲဆိုတာနဲ့
ဆုံးဖြတ်နိုင်ပါတယ်...

တချို့က အရမ်းပိုင်ဆိုင်ချင်ကြပေမယ့် စိတ်ပျက်စရာကြုံလာတာနဲ့
သင့်ကို အလွယ်တကူပဲ စွန့်ခွာတတ်ကြသလို...

အချို့ကကျတော့လည်း သင့်ဘက်က အလျှော့ပေးနေသရွေ့တော့
အဆင်ပြေနေပေမယ့် သင့်ဘက်က နည်းနည်းလေးအလျော့မပေးလိုက်တာနဲ့ စွန့်ခွာချင်လာသလို...

အချို့က သင့်ထက်သာတဲ့လူတစ်ယောက်နဲ့ တွေ့တဲ့အခါမှာ
အလွယ်တကူပဲ သင့်အပေါ် အေးစက်သွေးအေးသွားတတ်ကြတယ်လေ...

အချို့ကကျတော့ သင့်ဘက်က အချိန်ပေးနေသရွေ့တော့ အဆင်ပြေနေပေမယ့် သင့်ဘက်က ဂရုမစိုက်နိုင်တော့ရင် သင့်ကိုစွန့်ခွာလာချင်တတ်ကြတယ်လေ..

အဲလိုလူတွေနဲ့တွေ့ခဲ့ရင်
သူတို့ဟာ သင့်အပေါ်မှာ တကယ်မချစ်ခဲ့တဲ့လူတွေဆိုတာ သိနိုင်ပါတယ်...

အဲလိုလူတွေနဲ့ လမ်းခွဲရရင်လည်း
တကယ်ဝမ်းနည်းရမှာက သင်မဟုတ်ပါဘူး....
သင့်ကိုမချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာထက်
ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူတို့က ဆုံးရှုံးမှုပိုပြီးများတာပါ..

သင့်ကို တကယ်ချစ်တဲ့လူဆိုတာ
သင် သူ့အပေါ်ဘယ်လောက်ဆိုးဆိုး သူတတ်နိုင်သလောက် သည်းခံပေးသလို သင့်အပေါ်မှာ အပြည့်အ၀နားလည်ပေးတတ်သူပဲဖြစ်ပါတယ်...

တကယ်လို့ အခြေအနေတွေ အကြောင်းဖန်လာလို့
သင့်အပေါ် တကယ်ချစ်ခဲ့တဲ့လူဟာ သင့်ကိုစွန့်လွှတ်ခဲ့ရရင်တောင်
အဲဒါ သူ့ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တခုပဲ ဖြစ်ခဲ့မှာ သေချာပါတယ်...

-----------------------------------------------------

" In the version of 37"
Credits: ကောင်မလေးရဲ့ကောင်ကလေး
posted by: We live in Philosophy

မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။