Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 12, 2014

ဘဝအတွက်..ဂရုစိုက်ရမယ့်....နာရီများ


ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝပြောင်းလဲဖြစ်စဉ်များဟာကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရပြီးအရည်လောင် ကျွမ်းမှုဟာအဆိပ်အတောက်ဖြစ်ပေါ်စေပါတယ်။ သုတေသနပြုချက်အရညဆိုင်းအလုပ်လုပ်သူများဟာကျန်းမာရေးအဆိုးများပါတယ်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်းရောဂါများပိုမိုဖြစ်တတ်ပါတယ်။

၁။ ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှားဆုံးအချိန်
(စာကျတ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်)

၂။ ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (ကလေးသူငယ်များ ရောဂါခုခံကာကွယ် စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်ရင် ကောင်းပါတယ်။)

၃။ ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥတည်ဆောက်ချိန်

၎။ နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်းရဲ့အချိန်

၅။ နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

၆။ နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်းအနှေးဆုံးအချိန်
(နံနက် ၄နာရီဟာ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်တဲ့အချိန်ဖြစ်ပါတယ်။ ဘိုးဘွားများနံနက် ၅-နာရီကျော်မှလမ်းလျှောက်ထွက်သင့်ပါတယ်။)

၇။ နံနက် ၅-နာရီ မှ နံနက် ၉-နာရီ = အူမကြီးနဲ့ အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်ပါတယ်)
ခဏခဏအိပ်ရေးပျက်ခံသူဟာဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်တဲ့ ရောဂါမျိုးထက် ငါးဆပိုဖြစ်ပါတယ်။

ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီအိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားပါ။

#Yangonlife #Times

Credit To - ပါမောက္ခ ဒေါ်ခင်ဖြူ

စုစည်းတင်ပြသူ - LILY
Yangon Life Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။