Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Wednesday, December 17, 2014

စိတ်သဘောထား

ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ

I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလည်း ပျော်ရွှင်စေတယ်
...
N = သင်ဟာ အလုပ်မရှိရင် မနေတတ်သူ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတတ်သူ

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထားတဲ့ A ကနေ Z ထဲ ကသာရှာကြည့်ကြပေတော. ။ Good Luck

A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ်

B = သင်ဟာ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်

C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည့်ရှိတယ်

D = သင်ဟာ လူတစ်ယောက် ကို ယုံကြည်ဖို့ အင်မတန် ခက်ခဲတယ်

E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ

F = သင့်မှာ ချစ်မွှေး ပါတယ်

G = သင့်ဟာ လူတွေကို အကဲခတ်အရမ်းတော်တယ်

H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး

I = သင်ဟာ အမြဲတမ်း ပြုံးနေပြီး သူတစ်ပါးကိုလည်း ပျော်ရွှင်စေတယ်

J = သင့်မှာ မနာလိုမရှုစိတ် ရှိတယ်

K = သင့်မှာ စူးစမ်း စမ်းသပ်လိုစိတ် ရှိတယ်

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ

M = အောင်မြင်မှုတွေကို သင်အလွယ်တကူရတယ်

N = သင်ဟာ အလုပ်မရှိရင် မနေတတ်သူ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတတ်သူ

O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ

P = သင်ဟာ အင်မတန် ရည်မွန်ပြီး နားလည်မှု အပြည့်ရှိတယ်

Q = သင်ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်

R = သင်ဟာ လူမှုရေးကိစ္စ္စ္စတွေမှာ မပါမဖြစ်

S = သင်ဟာ သဘောထား ကြီးတယ်

T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်

U = သင့်ကိုယ်သင် အားလုံးနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ မှတ်ယူထားတယ်

V = သင့်ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်

W = သင်ဟာ သင့်ကြောင်းတွေကို သူများကို မပြောပြချင်ဘူး

X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး

Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်

Z = သင်ဟာ အမြဲတမ်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။