Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 16, 2014

( မယား )ကောင်းတစ်ယောက်ပီသပါရဲ့လား

အိမ်ထောင်ရှင် မိန်းမသား မှန်သမျှသည် ယောကျာ်းများထက် များစွာပင် မိမိ၏ အိမ်ထောင်ရေးကိုတည်တံ့
ခိုင်မြဲချင်သူ များပင် ဖြစ်ကြလေသည် ။
လင် နှင့် မယား ကံအားလျော်စွာ လမ်းခွဲရခြင်း အကြောင်းများစွာတွင် မိန်းမသားတို့သည် မိမိတို့၏
အပြစ်များကို ပြန်လည်သုံးသပ်တတ်ခြင်း မရှိကြသူတွေ များပေ၏ ။ အကြောင်းရင်းအစသည် ခင်ပွန်းလင်ကြောင့် ဆိုလျှင်တောင် မိန်းမသားတို့၏ ထိန်းကွပ်တတ်ခြင်းအမူ့ကို ရှေ့တန်းမတင်မိကြဘဲ မိမိ၏ အတ္တ မာန ဖြစ်ချင်မူ့ များကိုသာ ရှေ့တန်းတင်ခဲ့မိ၍ မိမိတို့၏ လှပသော ဘ၀ အိမ်ထောင်ရေးကို မိန်းမသားအတော်များများ စွန့်လွတ်ခဲ့ရဘူးလေသည် ။
ထို့ကြောင့်အိမ်ထောင်ရှင် မိန်းမသားတိုင်းသည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ ပဋိပက္ခ တရား
များ ဖြစ်ပွားပေါ်ပေါက်လာခဲ့ပါလျှင် ဖက်ပေါ် ဆူးကျလည်း ဖက်ပင်ပေါက်တတ်ပေ၏ ။ ဆူးပေါ် ဖက်ကျလျှင်လည်း ဖက်ပင်ပေါက်တတ်သော သဘောတရားကို လေးနက်စွာ ထား၍ အိမ်ထောင်တစ်ခု ပြိုပျက်လျှင် မိမိတို့မိန်းမသားပင် အကျနာအထိနာတတ်သည်ကို သတိချပ်၍ လင်ကို ဘုရား သားကိုသခင် လို ကိုးကွယ်တတ်သူ မိန်းမသား မယားကောင်းများမဖြစ်သော်ညားလည်း မိမိ၏ တစ်စုံတစ်ခုသော
ပယောဂ တာဝန် မကျေပွန်မူ့ကြောင့် အိမ်ထောင်ရေးကို ဖြိုဖျက်သူ မဖြစ်အောင် မိမိ၏ အိမ်ထောင် ဘ၀ကို ကာကွယ်စောင့်ရှောက်သင့်ပေသည် ။
ယောကျာ်းကောင်းတို့ အိမ်ထောင်ကို စိတ်ကုန်စေသော မိမိ ကိုပြစ်ခွာစေသော အကြောင်းတရားများကို
လည်း သိသင့်ရှောင်ရှားသင့်ပေသည် ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်တိုင်းပြည်လုံး၏ ဆန္ဒကို ဆန့်ကျင်၍ နပိုလီယံကြီး၏ တူတော်
တတိယ နပိုလီယံ ဘုရင်သည် ( မာရီ အီဇယ်နီ၂ ) ခေါ်သော မထင်ရှားသည့် မိန်းမလှတစ်ဦးအား တောင်ညာစံဒေ၀ီတင်ခဲ့ဖူးလေသည် ။
ဘုရင်မင်းမြတ်သည် မိဖုရားကြီးကို အလွန်ပင်မြတ်နိုးတော်မူသော်လည်း မိဖုရားကြီး၏ နားပူနားဆာ
လုပ်လွန်းအားကြီးသောကြောင့် အတန်ကြာသော အခါ မေတ္တာပြယ်လေရ၏ ။
အလွန်ကြီးမားကျယ်ပြန့်သော နန်းတော်ကြီး တစ်ခုလုံးတွင် ဘုရင်မင်းမြတ်သည် ဆိတ်ငြိမ်ရာကို ရှာမတွေ့
ရပေ ။ ဘုရင်မင်းမြတ်ကြီး တိုင်းရေးပြည်ရေးရာများစီမံလျှင်လည်း အခြားမိဖုရားငယ်တစ်ဦးနှင့် ပျော်ပါးနေသည် အထင်နှင့်အလုပ်ခန်းအတွင်း ဇွတ်တိုးဝင်၍ နှောက်ယှတ်တတ်၏ ။ အရေးကြီးသော တိုင်းရေးပြည်ရာများတွင်လည်း မိဖုရားကြီး အစဉ်ဝင်ရောက်စွက်ဖတ်၏ ။ ဘုရင်မင်းမြတ်ကြီးသည် ဘယ်သောအခါမျှ နားအေးပါအေးမနေရပေ ။
အလားတူပင် မြန်မာရာဇ၀င်တွင်လည်း မိဖုရားများစွာ ရှိခဲ့ဘူးလေသည် ။ အချစ် နှင့် ခင်ပွန်း ယောက်ျားကို မိန်းမသားတိုင်းသည် တစ်ဦးတည်း ပိုင်ဆိုင်ခံစားလိုသည်မှာလည်း အမှန်တရားတစ်
ခုပင်ဖြစ်လေသည် ။
သို့သော်ငြားလည်း မိန်းမသား အိမ်ထောင်ရှင်မများသည် ဤအရာတို့တွင် မိမိ၏ အတ္တ
ကိုရှေ့တန်း မတင်ပဲ ခင်ပွန်းယောကျာ်းများ၏ စိတ်နေ သဘောထားများကို ထွှင်းဖောက်နိုင်စွမ်းရှိသော နည်းလမ်းများကို ပိုင်ဆိုင်သင့်ပေသည် ။
ခင်ပွန်း၏ သဘောတရားများကို နားလည်ခွင့်မပေးပဲ မိမိဖြစ်ချင်သော ဆန္ဒကိုသာ ရှေ့တန်းတင်၍ ပြဿနာတစ်ခုကို ရင်ဆိုင် ဖြေရှင်းပါက ဤသို့သော ယောကျာ်းသည် မည်မျှသော စည်းစိမ်ကို ပိုင်ဆိုင်သော်လည်း နားပူနားဆာဒဏ်ကို ခံလိမ့်မည် မဟုတ်ပေ ။ စိတ်သက်သာရာ သာယာသည် ထင်သော အရာတွင်သာ ခိုနားပေလိမ့်မည် ။
ယောက်ျားအတော်များများသည် နားပူနားဆာလုပ်ခြင်းကို မနှစ်သက်ကြပေ ။ တစ်ဦး နှင့်တစ်ဦး မည်မျှ
ပင် ချစ်ခင်စုံမက်ခဲ့ကြသော်လည်း နားပူနားဆာလုပ်ခြင်းသည် အချစ်ကို ပြယ်စေနိုင်သည် ။ သတိချပ်သင့် ၏ ။သမ္မတမင်း (((( လင်ကွန်း )))) ၏ မိန်းမသည် အလွန် နားပူနားဆာ လုပ်တတ် ၏ ။ ပြောစရာ မရှိလျှင်
လင်ယောကျာ်း ၏ ကိုယ်ကိုကြည့်၍ ကဲ့ရဲ့ ရူပ်ချ ပြီး နားပူနားဆာလုပ်တတ်၏ ။
(( အမျိုးသမီးများ သတိထားသင့်သော အရာ ))) သူမ၏ စူးရှကျယ်လောင်သော အသံကို လမ်းတစ်ဖတ်မှကြားနိုင်၏ ။ ဒေါသဖြင့် အော်ဟစ်ကြိမ်းမောင်းတတ်၏ ။ ဤမျှ နှင့်မတင်းတိပ်လျှင် ကိုယ်ထိလက်ရောက် ကျူးလွန်တတ်သေး၏ ။
ဤသို့သော ဇနီးမယားမျိုးကို အဘယ်သို့သော ခင်ပွန်းကမျှ အလိုမရှိတတ်ပေ ။ စွန့်ပြစ်ခြင်းအမူ့ကို
သာ ပြုတတ်ပေ၏ ။
မိန်းမသား အများစုဟာ အိမ်ထောင်ရေး ပြဿနာ ပေါ်ပေါက်လာလျှင် မိမိ၏ စိတ်ဆန္ဒကို
သာ ရှေ့တန်းတင်၍ သူတစ်ပါး ၏ အပြစ်ကိုသာ တွင်တွင်မြင်တတ်ကြ၏ ။ ပြဿနာရင်းမြစ်၏ အစကိုလည်း အသေအချာ မလေ့လာတတ်ကြ ။ ထို့ကြောင့် မပြိုပျက်သင့်ပဲ အိမ်ထောင်ရေးတို့ များစွာပျက်စီးရလေ၏ ။
((((( ယောက်ျား အတော်များများသည် အချစ်တစ်ခုတည်းအတွက် မိန်းမယူရန် ဘယ်သောအခါမှ စိတ်မကူးတတ်ကြပေ ။ ကမ္ဘာကျော် အင်္ဂလိပ် နန်းရင်းဝန် ( ဒစ် ဇရေလီ ) သည် လူပျိုကြီးဘ၀နှင့် အသက် ၃၅ နှစ်ထိနေခဲ့ပြီးမှ သူ့ထက် အသက် ၁၅ နှစ်ကြီးသော ပိုက်ဆံချမ်းသာကြွယ်ဝသည့် မုဆိုးမ တစ်ဦးကို လက်ထပ်ထိမ်းမြားခဲ့သော်လည်း အသက်ထက်ဆုံးတိုင် ပျော်ရွှင်ကြည်နူးဖူးလေသည် ။)))))
မေရီအန်း၂ သည် ရုပ်ရူပကာယမှာ မပြည့်စုံ ငယ်ဂုဏ်လည်း မရှိ ပညာကမရှိ စကားပြောရာမှာလည်း
အမှားမှား အယွင်းယွင်းတို့ကိုသာ ပြောတတ်လေ၏ ။ အ၀တ်အစားလည်း ဆင်ယင်တတ်ခြင်းနည်း၏ ။ အဘယ်ကြောင့် သူတို့ အိမ်ထောင်ရေး ပျော်ရွှင်ကြည်နူးရသနည်း ။
သို့ရာတွင် သူမသည် ယောကျာ်းကို ပြုစုရာတွင် တစ်ဖတ်ကမ်းခတ်အောင် ကျွမ်းကျင်လိမ္မာခြင်းဖြစ်လေသည် မေရီအန်း၂ သည် သူမ၏ ခင်ပွန်း ပညာဥာဏ်တွင် ဘယ်သောအခါမျှ မယှဉ်ပြိုင် လင်ကိုသာ အနိုင်ပေးလေ၏ ။ အလုပ်မှ မော၍ ပြန်လာသော လင်တော်မောင်အား ယုယပိုက်ထွေး၍ ကျွေးမွှေးပြုစုခြင်းဖြင့် အမောပြေစေ၏ ။ မေရီအန်း ရှိသော
အရပ်သည် သူ့ခင်ပွန်း၏ ပင်ပန်းခြင်းအပေါင်းတို့ ချုပ်ငြိမ်းရာ လောက နိဗ္ဗာန်သဖွယ်ဖြစ်နေစေ၏ ။
လင်တော်မောင်၏ အကြောင်းကို ချီးကျူးနေရမည်ဆိုလျှင် မငြီးတမ်း ချီးကျူးလေ`၏ ။ ထို့ကြောင့် ကျွန်မ
တို့၏ စိတ်တွေကို အနှောက်အယှတ်မဖြစ်စေပဲနှင့် တစ်ဖတ်သားကို စိတ်ချမ်းမြေ့အောင်နေတတ်သော အလေ့အကျင့်များကို အနှောက်အယှတ်မပြုသင့်ပေ ။
အိမ်ထောင်တစ်ခုတည်တံ့ရေးတွင် (((( လူကောင်းကို ရှာ ယူ ရုံနှင့် မပြီးသေး )))) ဘဲ မိမိကိုယ်တိုင်
က လူကောင်းဖြစ်ဘို့လိုအပ်ပေသည် ဟု (( လေလန်ဖို့စတာဝု၃)) က ရေးသားထားခဲ့သည်ကို မှတ်သားဖူးပေ၏ ။
အိမ်ထောင်ရှင် မိန်းမသားများသည် သင့်ခင်ပွန်း အလုပ်တွင် ၀င်မစွက်ပဲ သီးသန့်နေပါရဲ့လား ။ ဘယ်သူနဲ့မပေါင်းနဲ့ ဘယ်သူကလူရူပ်ပဲ အလုပ်လက်ထောက် ခန့်ရာတွင် ၀င်ရောက်ပြောဆိုတတ်ခြင်း သွားလာလည်ပတ်ခြင်းများတွင် ဆူပူခြင်းများကင်းပါရဲ့လား ။
သင့်နေအိမ်နှင့် တကွ သင့်အပေါ်တွင် သင့်ခင်ပွန်း စိတ်ဝင်စားအောင် သင် အစွမ်းကုန်ကြိုးစားပါရဲ့လား။
ရိုးအီနေသော စားဖွယ်တွေကို စားရအုံးမှာပဲ`ဟု မတွေးတောမိအောင် စားသောက်ဖွယ်ရာများကို သင်ကိုယ်တိုင် သင့်ခင်ပွန်းအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား ။
သင့်ခင်ပွန်းက အလုပ်အတွက် သင့်ထံမှအကူအညီလိုအပ်လျှင် အကူအညီပေးနိုင်အောင် အလုပ်အကြောင်းများကို သင်လေ့လာထားပါရဲ့လား ။
အကယ်၍ စီးပွားပျက်သော အခါ ဘယ်သူလုပ်လို့ဘယ်လိုဖြစ်တာ ရှင်ညံ့တာကိုး အစရှိသည့်ဖြင့် သင့်ခင်ပွန်းအား ဆူပူခြင်းမပြုပဲ အေးအတူပူအမျှ ခံစားဖို့ သတ္တိရှိပါရဲ့လား ။
သင့်ခင်ပွန်း မိဘ ဆွေမျိုး မိတ်ဆွေများနှင့် သင့်တင့်ညီမျှစွာ ပေါင်းသင်းဆက်ဆံရန်ကြိုးစားပါရဲ့လား ။
အ၀တ်အစားဝတ်ဆင်ရာတွင် သင့် ခင်ပွန်း မကြိုက်သော အဆင်နှင့် အ၀တ်များကို ရှောင်ရှားပြီး ခင်ပွန်းအကြိုက်ဝတ်ဆင်နိုင်ပါရဲ့လား ။
လင်မယားချင်း သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရေး အတွက် အနည်းငယ် သဘောထားကွဲလွဲချက်
ကို သင်သည် အလျော့ပေးပါရဲ့လား ။
သင့်ခင်ပွန်းအားလပ်ချိန်များတွင် အတူနေနိုင်ရန် သူဝါသနာပါသော အလေ့အထများကို သင်လေ့လာထားပါ့ရဲ့လား ။ သင့် ခင်ပွန်း၏ ပညာပါရမီကို ကူညီသော အားဖြင့် နေ့စဉ် သတင်းထူးများ စာအုပ်သစ်များ အကြံအစည်သစ်များကို သင်ကိုယ်တိုင် စုဆောင်းတတ်ပါရဲ့လား။
ဖော်ပြပါ အကြောင်းချင်းရာ များကို လေ့လာသုံးသပ်၍ ကျွန်မတို့ မိန်းမသား အိမ်ထောင်ရှင်
မတိုင်းသည် အချစ်တစ်ခုကို ပိုင်ဆိုင်ချင်ရုံ နှင့် မပြီးနိုင်သလို အိမ်ထောင်တစ်ခုကို သာယာနေချင်ရုံ နှင့် မပြည်စုံနိုင်ပေ ။
ထို အချစ် အိမ်ထောင်ရေး တို့ သာယာစေနိုင်သော ငြိမ်းချမ်းခိုင်မြဲစေသော နည်းလမ်းမှန်သမျှကို
ခင်ပွန်းလင် အကြိုက် ပေးဆပ် ကျင့်သုံး၍ မိမိတို့၏ မကောင်းသော အမူအကျင့်များကို စွန့်လွတ်ပြီး လင် နှင့် မယား အပေးအယူ မျှတသော ကျင့်ဝတ်ကောင်းများဖြင့်သာ အိမ်ထောင်ကောင်း တစ်ခုကို ပုံဖော် အသက်သွင်းနိုင်ပေသည် ။

http://mghtetmyat.blogspot.com မှ ကူးယူမျှဝေသည်။


တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။