မယူလည်း ရသားနဲ့
သူပေးတဲ့ အပူ၊ သူပြောတဲ့စကား၊ ငါ့ကိုစော်ကား၊
စဉ်းစားတိုင်း ဒေါသပွါး၊ တွေးမိတိုင်း သောကပွါး၊
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်၊ ငါ့ရင်ထဲမှာ မီးတွေတောက်၊
ကြာလာတော့ စိတ်ပြေ၊ မေ့လိုက်တော့ သက်သာ၊
ခွင့်လွှတ်တော့ ချမ်းသာ၊ တရားခံက ငါ့ဒေါသ၊ ငါ့မာန၊ ငါ့အတ္တ၊
သူပေးတဲ့ အပူ မယူလည်း ရသားနဲ့၊ နောက်များဆို မယူဖို့
ငါ့စိတ်ကို ဆုံးမထား၊ မြတ်ဘုရား၏ ဆုံးမစကား။
ရေးသူ - ဦးကောသလ္လ(စံပြသာသနာပြုကျောင်း၊ ကမ္ဘာအေး)
= = = = = = =
အချစ်ဆိုတာ....
ကိုယ်သိပ်ချစ်နေတဲ့သူဆီက
တုန့်ပြန်မှုပေးမှ မဟုတ်ပါဘူး
ကိုယ်သိပ်ချစ်တဲ့အကြောင်း သူသိနေရင်
ကိုယ့်အချစ်ကို သူအသိအမှတ်ပြု
လက်ခံပေးရင်လည်း အချစ်ပါပဲ
အကြောင်းအမျိုးမျိုးကြောင့် မဆုံဆည်းနိုင်ပေမယ့်
နှစ်ဦးသားရဲ့ ရင်ထဲမှာ အချစ်ရှိနေရင်
ဒါကလည်း အချစ်ပါပဲ...။
= = = = =
0 comments:
Post a Comment