Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၈



လွမ်းရဲမှ လမ်းခွဲ

လမ်းခွဲပြီးမှ ပြန်မလွမ်းနဲ့....

လုပ်ချင်တာလုပ်ပြီးမှ

“ချစ်တယ်”တစ်ခွန်းတည်းနဲ့

နှစ်သိမ့်ရအောင် ဒါ ၁၈ရာစုမဟုတ်ဘူး....

နေလို လလို မချစ်နိုင်ရင် ခပ်ဝေးဝေးမှာနေလိုက်

ကြယ်မှုန်ကြယ်မွှားအဆင့်နဲ့ ငါ့ရင်ခွင်မှာ

လာမလင်းနဲ့.....

ဟန်ဆောင်တတ်တဲ့ ချစ်သူလက်ကို တွဲမယ့်အစား

မြွေပွေးတစ်ကောင်ပဲ ခါးပိုက်ပိုက်ထားလိုက်မယ်..။

= = = = = =



ချစ်သူ....

အာဒံနှင့်ဧ၀ရဲ့ ချစ်ခြင်းကို အားကျနေလား

သူတို့က တစ်ကမ္ဘာလုံးမှာ

သူတို့နှစ်ယောက်တည်းရှိလို့

ချစ်ကြတာပါ...

ကိုယ်က မင်းကို

လူတွေအများကြီးထဲကရွေးပြီး

မင်းတစ်ယောက်တည်းကို ချစ်ခဲ့တာပါ။

= = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။