အနားမှာ မနေချင်တဲ့လူကို
အတင်းဆွဲမထားပါနဲ့...
သူ့ရဲ့ရုန်းကန်လွတ်မြောက်လိုမှုက
သင့်နှလုံးသားကို နာကျင်စေပါတယ်။
အနားမှာရှိချင်သူကိုလည်း
ဇွတ်တွန်းမထုတ်လိုက်ပါနဲ့....
သူ့ရဲ့ဂရုစိုက်မှုက
သင့်ရဲ့ အထီးကျန်အားငယ်မှုတွေကို
ပြေပျောက် ပျော်ရွှင်လာစေနိုင်ပါတယ်။
ရေးသူ - ပန်းရတု
= = = = =
ညည်း A
B လူးကိုမှ
C ပလပ်စ် တိုက်ချင်နေတာလား
D ကောင်က တော်တော် ကြီးကျယ်တာ
E ပါရင်တောင်မှ
F-၁၆ စီးပြီး ပါချင်တာ
ဂ G ဂဂျောင်က ကျသေး
H, I ဗွီလည်း စိတ်မချရ
J ကလည်း ၀င်တတ်
ညှပ်ထားတာလည်း ဘာ K မှန်းမသိ
L ဆိုင်းဇီနဲ့ တွဲခဲ့သလိုလို
M ဆိုင်းလုနဲ့ ဖြစ်နေသလိုလို
N ကိုင်ရာတောင် ပါသေး
O ကြီးအိုမ ရုပ်နဲ့
ပေါက်ကရလေးဆယ် P ကေ လာဖောက်ပြီး
တွေ့ကရာ Q ချင်တဲ့ကောင်
R ရွှီးတဲ့ နေရာမှာ ထိပ်ဆုံးက
သူ့ကိုယ်သူ Sကေဘီဆိုပြီး ကြံဖန် ဂုဏ်ယူနေသေးတာ
ဝတ်တော့ ဘေထုတ်ထဲက Tရှပ်
ဒီလိုကောင်ကို ညည်းမို့ Uချင်သေးတယ်
Vဒီယိုထဲက စိတ်ကူးယဉ်တာတွေ ခေါက်ထားလိုက်
အေးဆေး X နေလိုက်စမ်းပါဟာ
လာ Y မယ့် ကောင်ချောလေးတွေ စောင့်နေတာ
ဟိုမှာ
Z တောင် ညောင်းနေကြပြီ။
ရေးသူ - ဒဿ
= = = = = =
0 comments:
Post a Comment