Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၁၈



ဆိုးမှဆိုးတဲ့ခေတ်

၁။ဘုရားကြီးရှေ့မှောက်၊ အရက်သောက်၊ ကြောက်စရာကောင်းတဲ့ခေတ်။

၂။ဘုန်းကြီးကိုလည်း၊ ဆဲလို့ဆဲ၊ ငရဲကျမယ့်ခေတ်။

၃။မိဘကိုလည်း၊ ဆဲလို့ဆဲ၊ ငရဲကျမယ့်ခေတ်။

၎။ဆရာမိဘ မရိုသေကြ၊ အပါယ်ကျမယ့်ခေတ်။

၅။ဆံပင်ဆိုးဆေးအမျိုးမျိုး ကိုးယိုးကားယားလုပ်တဲ့ခေတ်။

၆။ရှေ့ကွဲနောက်ကွဲ အလယ်ကွဲ၊ တကယ်ရဲတဲ့ခေတ်။

၇။မိဘ မောင်ဘွား၊ အလေးမထား၊ မလေးစားတဲ့ခေတ်။

၈။နွားသတ် ၀က်သတ်၊ ကြက်တွေသတ်၊ ရက်စက်ရဲတဲ့ခေတ်။

၉။လာဘ်စား ဖြတ်စား၊ တွေ့ရာစား၊ တရားကင်းတဲ့ခေတ်။

၁၀။လင်ကြီးရှိလျှက်၊ လင်ငယ်မက်၊ သစ္စာမရှိတဲ့ခေတ်။

၁၁။မယားကြီးရှိလျှက်၊ မယားငယ်မက်၊ သစ္စာမရှိတဲ့ခေတ်။

၁၂။သူတော်တရား၊ မလေးစား၊ တရားကင်းတဲ့ခေတ်။

၁၃။တရားထိုင်ရင်း၊ အချင်းချင်း၊ အတင်းပြောတဲ့ခေတ်။

၁၄။ပါးစပ်ကဘုရား၊ လက်ကားယား၊ အမှားကျင့်တဲ့ခေတ်။

၁၅။သေရင်အဖြစ်ဆိုး၊ ငရဲအိုး၊ ဘုရားခိုးတဲ့ခေတ်။

၁၆။သေရင်တောက်လျှောက်၊ ငရဲရောက်၊ ဌာပနာဖောက်တဲ့ခေတ်။

၁၇။ညီအစ်ကိုမောင်နှမ၊ မေတ္တာမမျှ၊ အမွေလုကြတဲ့ခေတ်။

၁၈။အရပ်တကာထဲ၊ ဘုရားပွဲ၊ ငရဲသွားမယ့်ခေတ်။

၁၉။ဘုရားတွေခိုး၊ ငရဲအိုး၊ ဇောက်ထိုးကျမယ့်ခေတ်။

၂၀။ဘာသောညာသော၊ အလေးမထား၊ မလေးစားတဲ့ခေတ်။

ရေးသူ - အမည်မသိ

= = = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။