Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၅



တစ်ဖက်သားကို နွေးနွေးထွေးထွေး

ချစ်ခင်တတ်ရင် ကိုယ့်ကို

နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ

ပေါ်လာမှာပါ...။

တစ်ဖက်သားကို မြတ်မြတ်နိုးနိုး

ကြင်နာတတ်ရင် ကိုယ့်ကို

မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ

ရောက်လာမှာပါ....။

တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက်

ယုယတတ်ရင် ကိုယ့်ကို

ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ

ရှိလာမှာပါ.....။

တူသောအကျိုးပေးတတ်တဲ့

ကံတရားကို ဘယ်သူများ

ဟန့်တားနိုင်တာမှတ်လို့......။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်။

= = = = =



မျက်ရည်ဆိုတာ လွယ်လွယ်နဲ့ရတတ်တဲ့

အပေါစားထုတ်ကုန်တစ်ခု မဟုတ်ပါဘူး....

စစ်မှန်တဲ့ မျက်ရည်တစ်စက် ကျလာဖို့

ရင်ထဲက ၀မ်းနည်းမှုနာကျင်မှုတွေက

ကုန်ကြမ်းအဖြစ် စတေးခံရတယ်။

မျက်ရည်တစ်စက်ရဲ့ နာကျင်မှုကို

ကိုယ်ချင်းစာနားလည်တတ်မှာပါ..

= = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။