Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၎



မင်းစိတ်ညစ်ချိန်တိုင်း....

ငါ့ကို ရင်ဖွင့်လို့ ရပါတယ်...

မင်းပျော်မြူးချိန်တိုင်း....

ငါ့ကို မေ့ထားလည်း ရပါတယ်....

မင်း အနိုင်ကျင့်ရင်လည်း....

ငါ ခေါင်းငုံ့လို့ထားပါမယ်....

မင်းမမြင်ချင်တော့ရင်....

ဟို..အဝေးကို ငါထွက်သွားပေးပါ့မယ်...

ရင်ထဲမှာ တစ်ခုပဲ တောင်းဆိုပါရစေ..

မင်းလေး ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့ကွာ...

= = = = =



ခွင့်လွှတ်လိုက်ဖို့ဆိုတာ လွယ်ပါတယ်

ဒါပေမယ့် နောက်ထပ် ယုံကြည်နိုင်ဖိုတော့

ခက်သွားပြီ....

နားလည်ပေးဖို့ဆိုတာ လွယ်ပါတယ်

ဒါပေမယ့် နာကြည်းချက်တွေပျောက်သွားဖို့တော့

ခက်သွားပြီ....

သတိမရအောင်နေဖို့တော့ လွယ်ပါတယ်

ဒါပေမယ့် မေ့ပျောက်ပစ်လိုက်ဖို့တော့

ခက်သွားပြီ....

လက်တွဲဖြုတ်လိုက်ဖို့က လွယ်ပါတယ်

ဒါပေမယ့် နောက်ထပ်ပြန်လက်ကမ်းပေးဖို့တော့

ခက်သွားပြီ...

အရာအားလုံးဟာ ပျက်ဖို့ရာ လွယ်ကူပေမယ့်

ပြန်ပြင်ဖို့တော့ ခက်သွားပြီ....


Writer - Lovely Angel (KME)
= = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။