Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၂၀



ငါတိတ်ဆိတ်နေတာ

ဥပေက္ခာပြုထားတာ မဟုတ်ပါဘူး

ငါချစ်တာတွေ မင်းလေးကို

မသိစေချင်တော့လို့ပါ။

ငါပြုံးနေတာ

ပျော်နေလို့ မဟုတ်ပါဘူး

ငါ့ရင်ထဲက အပူတွေကို

ထုတ်ဖော်မပြချင်တော့လို့ပါ။

ငါ့နှလုံးသားက

အေးစက်သွားတာ

မင်းကို မချစ်တော့လို့ မဟုတ်ပါဘူး

အချစ်ဆိုတာ

စွန့်လွှတ်ခြင်းလို့ပဲ ခံယူလိုက်လို့ပါ။

= = = =



အများကြီး မယုံကြည်မိပါစေနဲ့

အများကြီး မချစ်မိပါစေနဲ့

အများကြီး မမျှော်လင့်မိပါစေနဲ့

ဘာဖြစ်လို့လဲဆိုတော့

အများကြီးတွေက

အများကြီး သင့်ကို

နာကျင်စေတတ်လို့ပါပဲ

ရေးသူ - လပြည့်ဝန်း(သာစည်)

= = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။