Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၁၅



ဟုတ်တယ်.....ဒါဆို ချစ်သွားပြီထင်တယ်

(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။

ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့ ဒါမှမဟုတ်

ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို

နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၃) အတူရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင်ဟန်ဆောင်နေပေမယ့်

ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ

သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက် ပိုစိုးရိမ်မိရင်

သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၅) တစ်ခြားသူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ

မနာလို အူတိုမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၆) သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ

လိုက်တွန့်တတ်ရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိရနေမိရင်

သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

= = = = = = ==

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။