ကောင်းကင်နဲ့မလိုက်ဖက်တဲ့
ကြယ်ဆိုတာမရှိသလို
အချစ်စစ်နဲ့မတန်တဲ့
လူဆိုတာလည်း မရှိပါဘူး
နင့် အချစ်က အဖြူစစ်မို့
ငါနဲ့ မတန်ဘူးထင်ရင်
ငါ့ထက်ပိုပြီး တန်ဖိုးထားနိုင်တဲ့သူကို
အချိန်မရွေး ရှာကြည့်လို့ရပါတယ်...။
= = = = = =
တကယ်တော့
အသည်းကွဲတဲ့ ကံစမ်းမဲဆိုတာ
အရမ်းချစ်တတ်တဲ့ သူတွေမှ
ရွေးပြီး ပေါက်တတ်တာပါ။
= = = =
မာနတွေ
ခါချလိုက်စမ်းပါ ချစ်သူ
သာဓက တစ်ခုပြောရရင်
မသာချတဲ့နေ့
မင်း
ပြာကျသွားမယ်ဆိုတာ
သဘောပေါက်သင့်တယ်။
= = = =
0 comments:
Post a Comment