Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Tuesday, December 9, 2014

မင်းလေးသိစေဖို့-၁၃



ပိုင်ဆိုင်ခွင့် မရှိမှန်း ကြိုသိခဲ့ပါတယ်

အလွှာခြားမှန်းလည်း နားလည်ခဲ့တယ်

မချစ်သင့်မှန်းလည်း ငါတွေးခဲ့တယ်

မချစ်ရပါဘူးလို့ ငါ့ကိုယ်ငါ တားခဲ့သေးတယ်

ငါမိုက်တယ်နော်...

ငါ မင်းလေးကို

ချစ်ဖြစ်အောင် ချစ်မိခဲ့သေးတယ်....။

= = = = =



ဘ၀မှာ ဘယ်အရာကိုမှ

တမ်းတမ်းမက်မက် မလိုချင်ခဲ့ပေမယ့်

အဖြူစင်ဆုံး မင်းအပြုံးကိုတော့

တစ်ဦးတည်း အကြွင်းမဲ့ ပိုင်ဆိုင်ချင်ခဲ့တယ်

အချိန်ကာလရဲ့

ပြောင်းလဲတိုက်စားမှုအောက်မှာ

သတိမရတော့ပါလို့ ပြောလာနိုင်ပြီ ဆိုရင်တောင်

မှတ်ဥာဏ်ဆိုတာ ရှိနေသရွေ့

ဘယ်လို မေ့ပျောက်လို့ ရနိုင်မှာတဲ့လဲ

= = = = =

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။